နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဝိညာဏ်မြင် သမ္မုတိသစ္စာ
အားဖြင့် ကမ္မဿကတာ သမ္မာဒိဋ္ဌိ အကုသိုလ်ကံ၊ ကုသိုလ်ကံ တရားနှစ်ပါးကို ယုံကြည်ရ
မယ်လို့ မြတ်စွာဘုရား မဟောလား။ ပါဏာတိပါတာ အစ သုရာမေရယ အဆုံး၊ ပါဏာတိပါတာ
အစ မိစ္ဆာဒိဋ္ဌိ အဆုံးကို ကျူးလွန်တဲ့ပုဂ္ဂိုလ် ကုသိုလ်လား အကုသိုလ်လား။
အကုသိုလ်ကံ အကြောင်းကြောင့် အကျိုးတရားဟာ သေသည်ရဲ့ အခြားမဲ့၌
ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ် လို့ မဟောလား။ ချမ်းသာတဲ့ တရားလား၊ ဆင်းရဲတဲ့
တရားလား။ ဒါ အကုသိုလ် ကံကြောင့် ဖြစ်တာနော်။ ကြောက်စရာ မကောင်းလား။
ပါဏာတိပါတာ အစ သုရာမေရယ အဆုံး၊ ပါဏာတိပါတာ အစ မိစ္ဆာဒိဋ္ဌိ အဆုံးကို
ရှောင်ကြဉ်ရင် အကုသိုလ်လား ကုသိုလ်လား။ ကုသိုလ်ကံ အကြောင်းကြောင့်
အကျိုးတရားက လူ့ပြည်၊ နတ်ပြည် ခြောက်ထပ်လို့ မဟောဘူးလား။ ဆင်းရဲတဲ့ တရားလား
ချမ်းသာတဲ့ တရားလား။ ဒါ…ကုသိုလ်ကံကြောင့် ဖြစ်တာပေါ့။
အကုသိုလ်ကံကြောင့် ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ် အပါယ်လေးဘုံ နော်။
ကုသိုလ်ကံကြောင့် လူ့ပြည်၊နတ်ပြည်လို့ မဟောဘူးလား။ အဲဒီ ကုသိုလ်ကံ
အကုသိုလ်ကံ တရားနှစ်ပါးကို ယုံကြည်ဖို့ မကောင်းလား။ အဲဒီ ကံ၊ကံရဲ့အကျိုးကို
ယုံကြည်တဲ့ ပုဂ္ဂိုလ် ဗေဒင် မေးဦးမလား၊ နတ်ကတော် မေးဦးမလား၊ ဝိဇ္ဇာတွေ
မေးဦးမလား။ ကံကို ယုံတဲ့ပုဂ္ဂိုလ်နော် ။ မမေးတော့ဘူး။ ဗေဒင် မေးတယ်၊
နတ်ကတော် မေးတယ်၊ ဝိဇ္ဇာတွေ မေးတယ်ဆို… ကံကို မယုံလို့ပေါ့။ ကံကို မယုံ
သုံးဆယ့်တစ်ဘုံက ထွက်ဖို့ လွယ်ပါ့မလား။
ကမ္မဿကတာသမ္မာဒိဋ္ဌိ၊
ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖိုလ်သမ္မာဒိဋ္ဌိ လို့
မိုးကုတ်ဆရာတော် ဘုရားကြီး မဟောဘူးလား။ သမ္မာဒိဋ္ဌိ ငါးမျိုး။ အဲဒါ လူတွေ
လောကထဲမှာ အဆင်မပြေတာတွေ အဲဒီ ကံ၊ ကံရဲ့အကျိုးကို နားမလည်လို့ ဖြစ်တာကွဲ့။
ငါးပါးသီလ။
ကဲ သက်ရှိ သတ္တဝါတဲ့။ ကမျဉ်းနီ ဆိုတာ ဘုန်းကြီးတို့ မမြင်နိုင်ဘူး။ အသက်
သုံး၊ လေးဆယ်တုန်းကတော့ မြင်တယ်၊ အခု မမြင်ဘူး အင်မတန် သေးတယ်။ ကမျဉ်းနီက စ
ဆင်ကောင်ကြီး ထိ သတ်မယ် ဆိုရင် ပါဏာတိပါတ ကံ မထိုက်ဘူးလား။ ပါဏာတိပါတ
ကံထိုက်ရင် သေသည်ရဲ့ အခြားမဲ့၌ အပါယ်က လွတ်ပါ့မလား။ အပါယ်ကိုကျ၊ ငရဲကို
အားရအောင်ခံ၊ ငရဲသက် စေ့ပြီးတော့ လူ့အဖြစ်ကို ရတယ်ထား၊ မွေးမွေးချင်း သေတဲ့
ကလေးတွေ မရှိဘူးလား၊ လသားနဲ့ သေတာ မရှိဘူးလား၊ ကျောင်းသား အရွယ်နဲ့ သေတာ
မရှိဘူးလား။ သူဌေးသားပဲ ဖြစ်ဖြစ် သူဌေးသ္မီးပဲ ဖြစ်ဖြစ် ငယ်ငယ်ရွယ်ရွယ်နဲ့
သေတော့ သူဌေးရဲ့ စည်းစိမ်ကို ခံစားရရဲ့လား။ အိုးပုတ် ချိုးရုပ်နဲ့
ပျော်လို့ သေရတာနော်၊လူဖြစ်ကျိုး နပ်ကဲ့လား။ ဒါ အသက်တိုတယ် ဆိုတာ အလိုလို
ဖြစ်တာလား အကြောင်းကြောင့် အကျိုးတရား ပေါ်တာလား၊ ဒါ သူ့ အသက်ကို
သတ်ခဲ့လို့ အသက်တိုတာဗျ စဉ်းစားနော်။
တစ်ခါ
အသက်ရှည်တယ်...ထားလိုက်ဦး။ လူတစ်ရာမှာ တစ်ယောက်လောက် နော်။ အဲဒ်ီပုဂ္ဂိုလ်က
နာတာရှည်၊ ဟိုဆေး စားလည်း မတည့်၊ ဒ်ီဆေး စားလည်း မတည့်၊ ဟိုအစာ စားလည်း
အန်လိုက်၊ အော့လိုက်၊ အလုပ်လည်း မလုပ်နိုင်၊ စားလည်း မစားနိုင်၊
မသွားနိုင် မလာနိုင်၊ အဲသလို ပုဂ္ဂိုလ်တွေကား မရှိဘူးလား။ ဒါလည်း
ပါဏာတိပါတကံ အား ကောင်းတာ။ စဉ်းစားဖို့ မကောင်းလား။ များသောအားဖြင့်
မွေးမွေးချင်း သေတာတွေ များတယ်နော်။ လသားနဲ့ သေတာ၊ ကျောင်းသားအရွယ်နဲ့
သေတာတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သေတာတွေဟာ၊ ဒါ ပါဏာတိပါတကံတွေ ကွဲ့။ အနာတည်တယ်၊
အဖျားအနာ ထူတယ်၊ ရောဂါတွေ စုံတယ်၊ ပါဏာတိပါတကံတွေဗျား။ ယုံကြည်ဖို့
မကောင်းလား။ ငါးပါးသီလ အကျိုး အပြစ်ကို နားလည်ဖို့ လိုတယ် ကြားလား။
ငါးပါးသီလ ခေါ်သာ ခေါ်တတ်တယ် မသိဘူး။ သိတဲ့ပုဂ္ဂိုလ် ရှားတယ်။ ခေါ်တော့
ခေါ်တတ်တယ် မသိ၊ ဒါ ငါးပါးသီလ။
သစ်သီး တစ်လုံး၊ ပန်း တစ်ပွင့်၊ ဟင်း
တစ်ညွန့်က စ၊ ရွှေ ငွေ ကျောက်သံ ပတ္တမြား အထိ ယူရင် ပိုင်ရှင် အခွင့် မပြုဘဲ
ယူရင် အဒိန္နာကံ မထိုက်ဘူးလား။ အဒိန္နာကံ ထိုက်ရင် သေသည်ရဲ့အခြားမဲ့၌ အပါယ်က
လွတ်ပါ့မလား။ အပါယ်ကိုကျ ငရဲကို အားရအောင် ခံ၊ ငရဲသက်စေ့လို့ လူ့အဖြစ်ကို
ရတယ်ထား၊ လူဖြစ်တဲ့ဘဝမှာ အငတ်ပြဿနာနဲ့ ရင်ဆိုင်ရတယ် ။ ကြားလား၊
စားဝတ်နေရေး ပြေရဲ့လား။ ဘယ်လိုပါ့လုပ်လုပ် မရဘူး။
ဒါမို့
ရှေးပညာရှိတွေ ဘယ်လို ဟောတာလဲ၊ ဖောင်စီးရင်း ရေငတ်တဲ့၊ ဖောင်ဆိုတာ
သစ်ဖောင်တို့၊ ဝါးဖောင်တို့ ၊ကြိမ် ဖောင်တို့ အညာက မျှောလာခဲ့ကြတာ။ ဘယ်နဲ့
ရေပေါ်မှာ သွားတာ။ ဘယ်လိုများ ငတ်တာလဲ- စဉ်းစားဖို့ မကောင်း လား။ အောက်က
ကျောက်ဆောင်တွေ ရှိတယ်၊ ကျောက်ဆောင်တွေ ရှိတယ်၊ သောင်တွေ ရှိတယ်၊ ရေ
သောက်နေရင် ကျောက်ဆောင်နဲ့ တိုက်တော့မယ်၊ သောင် တင်တော့မှာ။ အဲဒီမှာ
နှစ်လ၊ သုံးလ ပင်ပန်း မယ်၊ ဖောင်တွေ ပျက်မယ်၊ အဲတော့ ရေ မသောက်အားဘူး၊
တက်ကို ခပ်သုတ်သုတ် ဆွဲရတယ် ကြားလား။ ဒါကြောင့် ဖောင်စီးရင်းရေငတ်။
အဲဒါ ဘယ်လိုပါ့ လုပ်လုပ် စားဝတ်နေရေး မပြေလည်ဘူးနော်။ အတိတ်ဘဝတုန်းက
သူများ စားမည့်ဟာကို ခိုးခဲ့တာ၊ သူများ ဝတ်မည့်ဟာတွေ ခိုးခဲ့တာ။ အခု
ဆင်းရဲတယ် ဆိုတာတွေဟာ အဲဒါသူများ စားမည့်ဟာ ခိုးခဲ့တာ၊ ဝတ်မည့်ဟာ
ခိုးခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကွဲ့။ ကြားလား။
ကုသိုလ် လှည့်တဲ့အခါ၊ အကုသိုလ်
လှည့်တဲ့အခါ ရှိတယ်နော်၊ အဲလို စိစစ်ဖို့ မကောင်းလား။ ဒါမို့ စွန်းလွန်း
ထေရုပ္ပတ္တိ ထဲက ကုသိုလ် လှည့်တဲ့ ပုဂ္ဂိုလ်က ပြုံးပြုံး- ပြုံးပြုံးတဲ့၊
အကုသိုလ် လှည့်တဲ့ ပုဂ္ဂိုလ်က မဲ့တယ်တဲ့၊ စားဝတ် နေရေး မပြေ တာ ။ အဒိန္နာကံ
အကြောင်းကြောင့် အကျိုးတရား ပေါ်တာ။ အလိုလို ဖြစ်တာလား အကြောင်းကြောင့်
အကျိုး တရား ပေါ်တာလား ။ အေး... အကြောင်း ကြောင့် အကျိုးတရား ပေါ်တာဗျား။
လင်ရှိမယား မယားရှိလင်ကို ကျူးကျော် စော်ကားလို့ရှိရင် ကာမေသုမိစ္ဆာစာရကံ
မထိုက်ဘူးလား။ ထိုက်ရင် သေတဲ့အခါ အပါယ်က လွတ်ပါ့မလား။ အပါယ်ကိုကျ၊ ငရဲကို
အားရအောင်ခံ၊ ငရဲသက်စေ့ ။ စေ့ပြီးတော့မှ လူ့ အဖြစ်ကို ရတယ်ထား၊
လူဖြစ်ငြားသော်လည်း လူချင်းတူရဲ့လား။ ဣတ္ထိလိင် ပုလ္လိင်တဲ့နော်။ အလိုလို
ဖြစ်တာလား အကြောင်းကြောင့် အကျိုး တရား ပေါ်တာလား။ အကြောင်းကြောင့်
အကျိုးတရား ပေါ်တာ။ ကဲ လူဖြစ်ကျိုး ရှုံးတော့တာကွဲ့။
စားဝတ်နေရေးနဲ့
ပတ်သက်ပြီးတော့ မုသားကို အမျိုးမျိုး မသုံးကြဘူးလား။ တချို့က မတရား
သက်သေတွေခေါ်လို့ လိုက်တာတွေ မရှိဘူးလား။ မုသားလေ။ ကဲ မုသားအမျိုးမျိုး
သုံး။ သေတဲ့အခါ အပါယ်က လွတ်ပါ့မလား။ အပါယ်ကိုကျ၊ ငရဲကို အားရအောင်ခံ၊
ငရဲသက်စေ့၊ လူ့အဖြစ်ကို ရတယ်ထား၊ လူဖြစ်တဲ့ဘဝမှာ စားဝတ်နေရေးနဲ့ ပတ်သက်
ပြီးတော့မှ ကဲ ဆန်စပါးကိစ္စ၊ ငွေကြေးကိစ္စ၊ ချေးလို့ ငှားလို့ လွယ်ကူစွာ
ရရဲ့လား။ ဘယ်သူမှ အယုံအကြည် မရှိဘူးနော်။ အဲဒီလူဟာ လိမ်တတ်တယ် ဆိုတော့
သူများ ချေးပါ့မလား၊ ငှားပါ့မလား။ ဒီလိုဆို စားဝတ်နေရေး ပြေပါ့မလား ။
အလိုလို ဖြစ်တာလား အကြောင်းကြောင့် အကျိုးတရား ပေါ်တာ။ အဲ မုသားကို
အမျိုးမျိုး သုံးခဲ့တာနော်။
ဘိန်းဘင်း ကစော် လှော်စာ အရက် သေရည်
သေရက်ကို သုံးဆောင်ရင် သုရာမေရယကံ မထိုက်ဘူးလား။ သုရာ မေရယ ကံထိုက်ရင်
သေသည်ရဲ့ အခြားမဲ့၌ အပါယ်က လွတ်ပါ့မလား။ အပါယ်ကို ကျ၊ ငရဲကို အားရအောင် ခံ၊
ငရဲ သက်စေ့လို့ လူအဖြစ်ကို ရတယ်ထား၊ လူဖြစ်တဲ့ ဘဝမှာ ရူးတဲ့ ပုဂ္ဂိုလ်တွေ
မြင်ဖူးရဲ့လား။ လူဖြစ်တော့ လူရူး၊ ခွေးဖြစ်တော့ ခွေးရူး၊ ဝက်ဖြစ်တော့
ဝက်ရူးတဲ့ နော်။ အလိုလို ဖြစ်တာလား အကြောင်းကြောင့် အကျိုးတရား ပေါ်တာ။
သြော် သုရာမေရယကံကိုး ကွဲ့။ အကြောင်း ကြည့်တော့ သုရာမေရယ။ ရူးတာ
စဉ်းစားဖို့ မကောင်းလား။ စဉ်းစားကြ။
ရွာတိုင်း၊ ရပ်တိုင်း၊
မြို့တိုင်းတွေမှာ ဆွံ့တဲ့ပုဂ္ဂိုလ်၊ အတဲ့ပုဂ္ဂိုလ်၊ နတဲ့ပုဂ္ဂိုလ်တွေ
မရှိဘူးလား။ ကြည့်တော့ အဲဒီပုဂ္ဂိုလ် တွေဟာ သနားစရာ ကြည့်တော့ ကောင်းတယ်နော်
လူချင်း မတူ လူစဉ် မမီဘဲကိုး။ ဆွံ့တဲ့ ပုဂ္ဂိုလ်၊ အတဲ့ ပုဂ္ဂိုလ်၊ နတဲ့
ပုဂ္ဂိုလ်တွေ မြို့တိုင်း၊ ရွာတိုင်းတွေမှာ ရှိတယ်။ သနားစရာ မကောင်းဘူးလား။
တကယ် စစ်ကြည့်တော့ အဲဒီ လူတွေဟာ ဗိုလ်တွေ ဗျား။ ဟိုဘဝတုန်းက လူညွန့်
ခူးစားခဲ့တဲ့ လူတွေ သာမန်လူတွေများ မထင်နဲ့။ အဲဒီ် ဘက်က ကြည့်တော့ သနားစရာ
မကောင်းဘူး။ လူဆိုးတွေ ကွဲ့။ ဆွံ့တဲ့ပုဂ္ဂိုလ်၊ နတဲ့ပုဂ္ဂိုလ်၊
အတဲ့ပုဂ္ဂိုလ်လေ လူဆိုးတွေဗျား။ အလိုလို ဖြစ်တာလား အကြောင်းကြောင့်
အကျိုးတရား ပေါ်တာ။ အေး အင်း ဗိုလ်တွေဗျ ပေါ့သေးသေးမထင်နဲ့၊ လူညွန့် ခူးစား
ခဲ့တဲ့ လူတွေ။ ကဲ အဲလို ဆိုတော့ ဒီလူတွေဟာ ဆိုးတဲ့လူတွေ ပေါ်မနေဘူးလား။
ပေါ်နေတယ်။ စဉ်းစားဖို့ မကောင်း လား။ ကဲ သုရာမေရယကံကြောင့်၊ ရူးတဲ့
ပုဂ္ဂိုလ်တွေ ။ သုရာမေရယကံ နော်။
အချို့လည်း အရူး သက်သာတာ၊ မရူးတဲ့
ပုဂ္ဂိုလ်တွေ ရှိတယ်။ သုရာမေရယကံ ထိုက်ပြီးတော့ အဲဒီ မရူးတဲ့ ပုဂ္ဂိုလ်တွေ
ဟာ ခြောက်နှစ် ခုနစ်နှစ် အရွယ် ရောက်တော့ ကျောင်း ထားရတယ်။ ကျောင်း
ထားတဲ့အခါ ဘုန်းကြီးကျောင်းပဲ ဖြစ်ဖြစ်၊ အတန်းကျောင်းပဲ ဖြစ်ဖြစ် ရှေ့စာသင်
နောက်စာ မေ့တယ်၊ အတန်း အောင်တယ်လို့ကို မရှိဘူး။ ဒီလူတွေ ကြားလား။
မေ့လို့ပဲ နေတော့တာ။ စဉ်းစားနော်။ အေး- အဲဒါ အကြောင်းကြောင့် အကျိုးတရား
ပေါ်တာ။ အင်း သုရာမေရယကံ တွေကွဲ့။ ကြားလား။ ကျောင်းက… အသက်ကြီးလို့ ကျောင်းက
ထွက်ခဲ့တယ်။ အတန်း အောင်တယ်လို့ မရှိတော့ဘူး။
တောင်သူပဲ လုပ်လုပ်၊
အရောင်းအဝယ်ပဲ လုပ်လုပ်၊ အရောင်းအဝယ် လုပ်တယ် ထားလိုက်ကြစို့။ တစ်ရွာနဲ့
တစ်ရွာ၊ တစ်မြို့နဲ့ တစ်မြို့ ၊ တစ်ပြည်နဲ့ တစ်ပြည်၊ ဟိုပြည်နဲ့ ဒီပြည်
ဆက်သွယ်ပြီးတော့ သွားကြ၊ ရောင်းကြ ချကြတယ်။ ဆာလောင် မွတ်သိပ်လို့
ထမင်းဆိုင်မှာ ဝင်ပြီးတော့ ထမင်း မစားရဘူးလား။ စားသုံးတဲ့ အခါ၊
စားသောက်လို့ ပြီးပြီ ဆိုတဲ့ အခါ ခရီး ဆက်ပြီးတော့ မသွားရဘူးလား။ အဲဒီအခါ
အဖိုးတန်တဲ့ ပစ္စည်းတွေ မေ့လို့ ဆုံးရှုံးတာတွေ မရှိလားဟဲ့။ အလိုလို
ဖြစ်တာလား၊ အကြောင်းကြောင့် အကျိုးတရား ပေါ်တာ။ သြော် သုရာမေရယကံကွဲ့နော်။
အဲလို စိစစ်ဖို့ မကောင်းလား။ လေ့လာကြ ဘယ်လောက်များ ကြောက်စရာ ကောင်းသလဲ။
တစ်ခါ နှမ်းကောက် ကျီပြတ်၊ စပါးကောက် ကျီပြတ၊် ပဲကောက် ကျီပြတ်
အရောင်းအဝယ် မလုပ်ကြဘူးလား။ လုပ်တဲ့ အခါ ငွေ ချေတာပေါ့။ ပဲဖိုးတို့၊
နှမ်းဖိုးတို့ စပါးဖိုးတို့၊ ငွေ ချေတဲ့အခါ တစ်ထောင်ထုပ်ကို ထုပ်ထားတာ-
တစ်ထောင်ထုပ်စီ၊ တစ်ထောင်ထုပ်ကို ပေးရမှာ တစ်သောင်းထုပ်ကို ပေးလို့
ဆုံးရှုံးတာတွေရော မရှိဘူးလားဟဲ့။ အေး ဟေး အလိုလို ဖြစ်တာလား
အကြောင်းကြောင့် အကျိုးတရား ပေါ်တာ။ ကြောက်စရာ မကောင်းဘူးလား။ အဲဒါ
သုရာမေရယကံ နော်။
ဒါကြောင့် ငါးပါးသီလကို အဓိပ္ပာယ် နားလည်ဖို့ လိုတယ်။
အသက်တိုတဲ့ ပုဂ္ဂိုလ်၊ အနာတည်တဲ့ ပုဂ္ဂိုလ် ရောဂါတွေ အမျိုး မျိုးဖြစ်တဲ့
ပုဂ္ဂိုလ်တွေ ပါဏာတိပါတကံ။ အလိုလိုဖြစ်တာလား အကြောင်းကြောင့် အကျိုးတရား
ပေါ်တာ။ စားဝတ် နေရေး မပြေတာ သူများ ဥစ္စာတွေကို သူများ စားမည့်ဟာတွေကို
ခိုးခဲ့တာ။ ဝတ်မည့်ဟာကို ခိုးခဲ့တာ နော်။ ငရဲကလည်း ကျ၊ ငရဲက လွတ်ဦးတော့…
အငတ် ပြဿနာနဲ့ ရင်ဆိုင်ရတယ် အဒိန္နာကံ။
တခါ ကာမေသုမိစ္ဆာစာရကံ
သူများလင် သားမယားကို စော်ကားတဲ့ပုဂ္ဂိုလ်တွေ သေတဲ့အခါ အပါယ်ကိုကျ၊ ငရဲကို
အား ရအောင်ခံ၊ ငရဲသက်စေ့ပြီးတော့ လူ့အဖြစ်ကိုရတယ်ထား လူချင်းတူရဲ့လား
ဣတ္ထိလိင် ပုလ္လိင်။ မုသားကို အမျိုးမျိုး မသုံး ကြဘူးလား။ မုသာဝါဒကံ
ထိုက်တော့ အပါယ် မကျလား။ အပါယ်က ငရဲသက်စေ့၊ လူ့အဖြစ်ကို ရတယ်ထား။
စားဝတ်နေရေးနဲ့ပတ်သက်လို့ ငွေကြေးကိစ္စ၊ ဆန်စပါးကိစ္စ ချေးလို့ငှားလို့
လွယ်ကူစွာရရဲ့လား။ ဘယ်သူမှ အယုံ အကြည် မရှိဘူးနော်။ အယုံအကြည် မရှိရင်
စားဝတ်နေရေး ပြေပါ့မလား ပြေဘူး။ အဲလို စိစစ်ဖို့မကောင်းလား။ သုရာမေရယကံ
ကျူးကျော်စော်ကားတော့ ရူးတာ လူဖြစ်တော့လူရူး၊ ခွေးဖြစ်တော့ခွေးရူး၊
ဝက်ဖြစ်တော့ဝက်ရူးပေါ့။ အဲဒီငါးပါးသီလ အကျိုးအပြစ်ကို သိဖို့လိုတယ်
ကြားလား။
ဒါကြောင့် ကမ္မဿကတာသမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ၊ ဝိပဿနာသမ္မာဒိဋ္ဌိ၊
မဂ္ဂသမ္မာဒိဋ္ဌိ ၊ဖိုလ်သမ္မာဒိဋ္ဌိ မြတ်စွာဘုရား ဟောတယ်နော်။ အဲဒ်ီကံတွေ
နားလည်ဖို့လိုတယ်။ ငါးပါးသီလကို နားမလည်ကြလို့ ခက်တယ်ကွဲ့။
မဟာပါလရွာ-ဥပမာပြ။
ငါးပါးသီလသာ နားလည်မယ် ဆိုရင်--- မြတ်စွာဘုရား ရှိစဉ်က တောင်ကျွန်းမှာ
မဟာပါလရွာ။ မဟာပါလရွာမှာ သားက စူဠပါလ။ တက္ကသိုလ် တိုင်းပြည် ကျောင်းထားတာ။
တစ်ကျောင်းလုံး ပညာ အချွန်ဆုံး၊စာရိတ္တ အကောင်းဆုံးစူဠပါလ။ ဒိသာပါမောက္ခ
ဆရာကြီး ကိစ္စ အဝဝတွေ သွားစရာ လာစရာ ရှိတဲ့အခါ သူပဲ ဝင်ပြီးတော့ စာပြရတယ်။
နေမကောင်းတဲ့ အခါ သူ့နေရာ ဝင်ရတယ် ။
အဲတော့ စူဠပါလ တစ်နေ့သ၌ တက္ကသိုလ်
ဆရာကြီး ဒိသာပါမောက္ခ ဆရာကြီးရဲ့သား ကျောင်းသားကြီး အသက် အစိတ်အရွယ်
သေဆုံးသွားတယ်။ ကဲ သူ့ကိစ္စ၊ ဈာပနကိစ္စ လာကြ ဆောင်ရွက်ကြတယ်၊ သဂြိုဟ်ကြတယ်။
စူဠပါလက သြော် ငယ်ငယ် ရွယ်ရွယ်နဲ့ ဘယ်လိုများ သေပါလိမ့်မလဲ ၊ ငယ်ငယ်
ရွယ်ရွယ်နဲ့ ဘယ်လိုများ သေပါလိမ့်မလဲ ။ စုဒ်ထိုးပြီးတော့ နေတော့။
အင်း-မင်းတို့ရွာမှာ ဒီလို အသေအပျောက်တွေ မရှိဘူးလားလို့ မေးကြတယ်။
အသေအပျောက်တော့ ရှိတယ် အသက် တစ်ရာပြည့်မှ သေတာတဲ့ တစ်ရာ မပြည့်
မသေကောင်းဘူးတဲ့။ အဲဒါ စကားက-ထူးနေတာပေါ့၊
အဲဒီစကားကို
ဒိသာပါမောက္ခဆရာကြီး နားကို ရောက်သွား၊ ဆရာကြီးက သူ့ကို အယုံကြည်ဆုံး၊
ဒီနေရာ ကျတော့ မယုံ တဝက် ယုံတဝက်။ ငါ့ တပည့်တဲ့ မင်းတို့ရွာမှာ အဲလို
ငယ်ငယ်ရွယ်ရွယ်နဲ့ သေတဲ့ပုဂ္ဂိုလ် မရှိဘူး ဆိုတာ ဟုတ်သလား။ ဟုတ်တယ်
ဆရာကြီးရယ် သေပင် သေငြားသော်လည်း အသက် တစ်ရာပြည့်မှ သေတာတဲ့၊ တစ်ရာ မပြည့်
မသေ ကောင်းဘူးတဲ့။ မယုံကြည်တာနဲ့ ဆိတ်ရိုးကို သပ်သပ် ရပ်ရပ် စက္ကူနဲ့ထုပ်
လွယ်အိတ်ထဲ ထည့်၊ မိုင် ရှစ်ဆယ်။ ဝေးတယ်၊ သုံးညအိပ် လေးရက်၊ အသွားအပြန်
ရှစ်ရက်ကြာမယ်။ ငါ့တပည့် ဆရာ ခရီးသွားစရာ ရှိတယ်၊ ငါ့နေရာမှာ မပျက်မကွက်
စာပြနှင့်ရမယ် စိတ်ချပါ ဆရာကြီး။
အဲ သူ့ရွာ ရောက်တဲ့အခါ ဥပါသကာ
တစ်ယောက်ကို ခေါ်၊ မဟာပါလအိမ်ကို ပြစမ်းပါ၊ မဟာပါလအိမ်ကို ရောက်သွားပြီ၊
မိတ်ဆွေ ဘယ်အရပ်က လဲ၊ အသင့်သား စူဠပါလရဲ့ ဆရာကြီး ဒိသာပါမောက္ခ ဆိုတာ
ငါပေါ့--၊ ဆရာကြီးလား၊ ဟုတ်ပါတယ်၊ ကိစ္စ၊ စားသုံးပြီးကာမှ ပြောပါရစေ၊
ရောက်မဆိုက် ထမင်းပြင် ကျွေးလိုက်တယ်၊ ကျွေးတော့ကာ ဆိတ်ရိုး လွယ်အိတ်ထဲက
ထုတ်၊ အသင့်သားဟာ လတ်တလော ရှောင်တခင် သေဆုံးသွားတယ်၊ ခရီးဝေးတော့ အကြောင်း
မကြားအားတော့ဘူး၊ ခရီးဝေးလို့ သူ့ကို သဂြိုဟ်ပြီးတော့မှ အရိုးကို
လူကြုံပါးလို့လည်း မတော်။ ဆရာကိုယ်တိုင် လာပို့တာလို့၊ အသင့်သားရဲ့
အရိုးလို့ချပေးတာ၊ လင်မယား နှစ်ယောက် ရယ်တယ်တဲ့ဗျား၊ ရယ်တယ်တဲ့။ ဘယ်လို
ကြောင့် ရယ်တာလဲ ငါတို့သားရဲ့ အရိုး မဟုတ်ဘူးတဲ့၊ ခွေးရိုးဖြစ်မယ်
ဆိတ်ရိုးဖြစ်မယ်တဲ့၊ ဘာဖြစ်လို့လဲ ၊ငါတို့ သား ဒီအရွယ်မှာ မသေကောင်းဘူး။
သား ပြောတာနဲ့ မိဘ ပြောတာ တထပ်တည်းကျ သွားတာ။
ဒီလိုဆိုတော့
ဘုရားဟောနဲ့မကိုက်ဘူး ဒိသာပါမောက္ခဆရာကြီးက။ ကဲ ဘုရားက ဘယ်လိုဟောသလဲ
ပြောစမ်းပါ တဲ့ ။မဟာပါလက-မေးတယ်။ သဗ္ဗေ သင်္ခါရာ အနိစ္စာလို့
မြတ်စွာဘုရားဟောတယ်တဲ့။ ဒါတော့ သဗ္ဗေ သင်္ခါရာ အနိစ္စာ လို့ ဟောတာ
မှန်လိုက်တာတဲ့ ။ ဘုရားဟောတာ မဟာပါလကထောက်ခံတယ် မှန်တယ်တဲ့။ အဲဒါ သဗ္ဗေ
သင်္ခါရာ အနိစ္စာ ဆိုတာ အကုသိုလ်နဲ့ ပတ်သက်တာ အပုညာဘိသင်္ခါရ ငါတို့မလုပ်ဘူးတဲ့။
ကဲ အကုသိုလ်ကြောင့် ဆင်းရဲတာ မဟုတ်လား ၊ ငါ ဒ်ီအလုပ်ကို မလုပ်ဘူးတဲ့။
ပုညာဘိသင်္ခါရ လုပ်တယ်တဲ့၊ ဒါနကုသိုလ် သီလကုသိုလ် လုပ်တယ်တဲ့၊ အဲဒါ
ပါဏာတိပါတာအစ သုရာမေရယအဆုံးကို ရှောင်ကြဉ်တယ်တဲ့၊ အဲဒါကိုကျူးလွန်တဲ့
ပုဂ္ဂိုလ်တွေဟာ လသားမှာ လည်း သေတယ်တဲ့။ မွေးမွေးချင်းလည်း သေတယ်တဲ့။ ဟော
ကျောင်းသားအရွယ်လည်း သေတယ်တဲ့ ၊အဲဒါ သင်္ခါရအလုပ်၊ အပုညာဘိသင်္ခါရ ငါတို့
မလုပ်ဘူးတဲ့၊ ကဲ ဘုရားဟောက မှန်တယ်တဲ့ ထောက်ခံတယ်။
ကဲ လာ လာ
လူတို့လုပ်စာကျင်း လယ်ယာကိုင်းကျွန်းလုပ်တဲ့ဆီကို ခေါ်သွားတယ်။
တချို့အပင်ကလည်း တစ်ထွာရှိပြီ၊ တချို့က တစ်မိုက်ရှိပြီိ၊ တချို့က နှစ်သစ်
သုံးသစ်၊ တချို့ကကြဲတုန်း၊ ထွန်ကြဲပြီးတော့ ကျွဲတွေ နွား တွေ ကို လွတ်ပစ်
လိုက်တာ။ကျွဲကျောင်း၊ နွားကျောင်း မရှိဘူး၊ ကျွဲနွားတွေက လူလုပ်စားပင်
မစားဘူး၊ ကျွဲနွားတော့ ထားဦးတော့ ။ ကောင်းကင်ပျံတဲ့ ကျီးငှက် တိရစ္ဆာန်လည်း
လူလုပ်စားပင် မစားဘူး။ အလေ့ပေါက်တာတွေပဲ စားတယ်၊ ဒီတိုင်း ခြံ မရှိဘူး။
ကြားလား၊ သူ့အကွက် ကိုယ့်အကွက်လေးတွေ သညာနဲ့သာ အမှတ်အသား ထားတာ၊ အဲဒါ ကတညုတ
ကတဝေဒီတဲ့၊ မေတ္တာသဒ္ဒေါ အနန္တော၊တဲ့၊ဘယ်လောက်များ အားရစရာ ကောင်းသလဲ၊
ကြည့်တဲ့ ဒါ မစားဘူး၊ ကျားတွေ သစ်တွေ ရှိတယ်တဲ့ ကျုပ်တို့မွေးထားတဲ့
ကျွဲနွားတွေမကိုက်ဘူး တဲ့။ အဲ ငါးပါးသီလ တန်ခိုး ဘယ်လောက်များ
အားကောင်းလိုက်သလဲနော်။ အဲဒါ မဟာပါလရွာ။
မြောက်ကျွန်း ဆိုတာတော့ကာ
လူတကာ သိပြီးသား။ အသက် တစ်ထောင် ပြည့်မှ သေတာ။ မြောက်ကျွန်း- မြောက်ကျွန်း ။
အဲလို စိစစ်ဖို့ မကောင်းဘူးလား။ အသက် တစ်ထောင်ပြည့်မှ သေတာဗျား။ အဲဒါ
ငါးပါးသီလ။ မြောက်ကျွန်းမှာ ဆေးဆရာ မရှိ၊ဗေဒင်ဆရာ မရှိ။မြောက်ကျွန်းမှာ
ကြားလား၊ ကုန်သည် မရှိ။ စဉ်းစားကြ၊ အစိုးရ မရှိ-အစိုးရလည်း မရှိဘူး။
ဆေးဆရာလည်း မရှိဘူး၊ ဗေဒင်ဆရာလည်း မရှိဘူး၊ တောင်သူ လုပ်တဲ့လူလည်း မရှိဘူး၊
အချိန်တန်မှ ပဒေသာပင် ဆွတ်စားတာ၊ သီလများ တယ်အဖိုးတန်တာကွာ အားရပါးရဟေ့။
ဟင် စဉ်းစားဖို့ မကောင်းလား။
မြတ်စွာဘုရား ရှိစဉ်က ဇောတိက သူဌေးတို့၊
အတုလကာရီတို့။ သူဌေး သူဌေး။ ဘွဲ့ရပြီးသား သူဌေး၊ ရှင်ဘုရင်နဲ့ သူဌေးဟာ
လင်မယားလို၊ ရှင်ဘုရင် အလိုရှိတာကို သူဌေးက အကုန်လုံး ကူညီထောက်ပံ့တယ် ၊
သူဌေးကလည်း ဇိမ်ကျ ကျနေရတယ်၊ ရှင်ဘုရင်က အစောင့်တွေထားတာ ကြားလား၊
ရှင်ဘုရင်က အကုန်လုံး အစောင့်တွေ ထားပေးတာ၊ ရှင်ဘုရင်လိုတာလည်း သူဌေးက
ကူညီတယ်၊ အတုလကာရီနဲ့ ဇောတိကသူဌေး သူတို့ပစ္စည်းကို ဘယ်သူမှ မခိုးနိုင်ဘူး ၊
ဘယ်မင်းမှ မသိမ်းနိုင်ဘူးဗျား။ ငါးပါးသီလနဲ့ ပြည့်စုံတာနော်။ ယုံကြည်ဖို့
မကောင်းဘူးလား။
ခုဟာ ဟိုဟာလေး အလိမ်ခံရတာ တမျိုး၊ ဒီဟာလေးကို မိမိက
အခိုးခံရတာက တမျိုး။အဲဒါ ကိုယ်က အဆက်ဆက်က ခိုးခဲ့တော့ ကိုယ့်အလှည့်
ဘယ်လွတ်မလဲ၊ လွတ်ပါ့မလား ကိုယ်က လိမ်ခဲ့တော့ ကိုယ့်အလှည့် လွတ်ပါ့မလား။
အကြောင်း ရှိတော့ အကျိုးတရားတွေ ပေါ်တာဗျား။ ကြားဖူးတော့ နားဝ၊ နားဝတော့
တရားရတယ်။ ဟင် ကဲ အလှူ မင်္ဂလာ လိုက်ကြစို့၊ မင်္ဂလာဆောင်က ဖိတ်ထားတာ ကိုယ်က
ရင်းနှီးတယ်၊ ဖိနပ်က ဒီက အကောင်းစား သုံးထောင်တန် ဝယ်သွားတာ၊
ဟိုရောက်တော့ မရှိပြီ ခိုးသွားတော့တာ၊ ဟေး ငါ့ဖိနပ် ဘယ်သူများ ခိုးလဲဟ။
သြော် ဟိုမေး သည်မေး ဖိနပ် ဖိနပ်ပျောက်တယ်၊ ဖိနပ်ခိုး ခံရတယ်၊
ဖိနပ်ပျောက်တယ်လို့ မပြောဘူးလား ပြောတော့ တရား မသိတဲ့ ပုဂ္ဂိုလ်က၊
တရားသိတဲ့ ပုဂ္ဂိုလ်က ဖိနပ်ကိုခိုး သွားဦးတော့ မပြောတော့ဘူး၊ လူကို အသိ
မခံဘူး၊ ဘယ်လိုကြောင့် အသိ မခံသလဲ၊ သြော် ဒီလူဖိနပ်ပျောက်တာ ဟိုတုန်းက
သူခိုးခဲ့တာဆိုတာပရိသတ်က သိမှာ ကိုး။ ဒါကြောင့် ပရိသတ်ကို အသိ မပေးတော့၊
သူ့ဟာနဲ့ သူ ပြုံးနေတော့တာ။
ကိုယ့်မျက်နှာကို ကြည့်ချင်ရင် မှန်နဲ့
ကြည့်ရတယ်၊ မှန်နဲ့ ကြည့်မှ မျက်နှာ မြင်တယ်၊ မှန် မပါဘဲနဲ့ မျက်နှာ
မြင်ရပါ့မလား။ မှန်ထောင်ကြည့်။ ကိုယ့်မျက်နှာတွေ မြင်ရတယ်နော်။ အခုလည်း
ဖိနပ် ပျောက်တယ်ဆိုတာ မှန်ထောင် ကြည့်သလို ကိုယ်ခိုးခဲ့တာ
ပေါ်ကုန်တော့တာဗျား၊ ကဲ စဉ်းစားဖို့ မကောင်းလား။ ဘယ်သူ့မှ အသိမပေးဘူး ကိုယ်က
လည်း ကျေနပ်သွားတော့တာ၊ အသစ်အကုသိုလ် ဖြစ်သေးရဲ့လား အဲသလိုကွဲ့။
အကြောင်း တရားရှိတော့ အကျိုးတရား ပေါ်တာ ၊စဉ်းစားနော်။
ကံဘက်က
ဘုန်းကြီး ဟောမယ်၊ လူတွေဟာ ကံဘက်က နားမလည်ကြဘူး။ အချို့ ရန်ကုန်တို့၊
မန္တလေးတို့ ၊အချို့ မြို့ကြီးတွေမှာ သားထိုးသည်တွေ ဝက်တွေသတ်၊ ကြက်တွေသတ်
၊နွားတွေ သတ်၊ ကျွဲတွေ သတ်လို့ ရောင်းတာ တွေ မရှိဘူးလား။ အဲဒီ် လူတွေဟာ
ကုသိုလ်လား အကုသိုလ်လား။ အကုသိုလ်ဟာ ချမ်းသာတဲ့ တရားလား ဆင်းရဲတဲ့ တရားလား၊
ဆင်းရဲတယ်နော်၊ ဘုရားကလည်း ဆင်းရဲတယ်လို့ ဟောတယ်။ သူတို့ ဝတ်တာတွေ
ကြည့်စမ်း၊ မျက်နှာ ကြည့်လိုက်။ စိန်တွဲလွဲ စိန်တွဲလွဲ၊ လည်ပင်းကြည့်လိုက်
ရွှေတွဲလွဲ၊ လက်ကို ကြည့်လိုက် ။ လက်ကောက်တွေ ပြည့် နေတာ ကြားလား၊ကားက
သုံးစီး။ မနက်ကို တစ်စင်း၊ နေ့လည် တစ်စင်း၊ညနေတစ်စင်း လဲစီးတာ၊ တိုက်က
သုံးလုံး၊ ချမ်းသာ တယ်ကွာ မပြောကြဘူးလား။
ကဲ သူတို့လုပ်တာက အကုသိုလ်၊
အကုသိုလ်ဟာ ဘယ်နှယ့်ကြောင့် ချမ်းသာသလဲ။ ဘုရားက ဆင်းရဲတယ်လို့ မဟောဘူးလား၊
ဘာကြောင့် (ဆင်းရဲတယ်) ချမ်းသာသလဲ စဉ်းစားဖို့မကောင်းလား။ အကုသိုလ်
လုပ်ပြီးတော့ ချမ်းသာတာ ဘာကြောင့်လဲ စဉ်းစား။ ဟို အတိတ်ဘဝတုန်းက
သူတို့လှူခဲ့တဲ့ ဒါန၊ ထိန်းသိမ်းခဲ့တဲ့ သီလ၊အဲဒီ ကုသိုလ်ကံက ဟိုတုန်း
အကျိုးပေးခွင့် မရ အခုမှ အကျိုးပေးတာဗျား။ အကျိုးပေး နေတော့တာ၊ကဲ
အကျိုးပေးတော့ စားဝတ်နေရေး ပြေမနေဘူးလား။ အဲဒီကုသိုလ် အကျိုးပေးတွေက
နှစ်ပေါင်း နှစ်ဆယ်နော် ။ လုပ်တာက အကုသိုလ်၊ စားဝတ်နေရေး ပြေတာ အတိတ်က
ကုသိုလ်၊
နှစ်ပေါင်း နှစ်ဆယ် စေ့တဲ့အခါ ဟော အကျိုးပေး ကုသိုလ်က
ကုန်သွားပြီ။ ဝက်က အရင့်သေ၊ နွားက အရင့်သေ၊ ကျွဲက အရင့်သေ၊ ရောင်းတဲ့
အသားငါးက အကြွေး၊ ကြာတော့ ရင်းစရာ မရှိ၊ ကားကို ဖြုတ်ရတယ်၊ တိုက်ကို
ဖြုတ်ရတယ်၊ ကြာတော့ လက်ဝတ်လက်စား ဖြုတ်ရတယ်။ နောက်တော့ ရင်းစရာက မရှိ၊
နေစရာက မရှိ ဇရပ်ကြို ဇရပ်ကြား တိုက်ကြို တိုက်ကြား နေရတာ။ သေတဲ့အခါ
အပါယ်က လွတ်ပါ့မလား။ ကဲကြည့်။ အဲဒါ အကုသိုလ် လုပ်ရင်းနဲ့ စားဝတ်နေရေး
ပြေလည်တာ ကုသိုလ်က လှည့်တာ ယုံကြည်ဖို့ မကောင်းလား။ အလုပ်က အကုသိုလ်၊
စားဝတ်နေရေး ပြေတာ အတိတ်က ကုသိုလ်။
တစ်ယောက်သော ပုဂ္ဂိုလ်က ဆရာကောင်း
သမားကောင်းရဲ့ အဆုံးအမကို ရတယ်၊ ဆရာကောင်း သမားကောင်း ။ အိပ်ယာက
နိုးတဲ့အချိန်ကစ အိပ်ယာ ဝင်သည်အထိ ငါးပါးသီလ မပေါက် မကြား မကျိုး
မပေါက်အောင် ထိန်းသိမ်း တယ်။ အဲလို အိပ်ယာနိုးက အိပ်ယာဝင်သည် အထိ
ငါးပါးသီလ ထိန်းသိမ်းတာ အကုသိုလ်လား ကုသိုလ်လား၊ ကုသိုလ်နော်။ စားဝတ်နေရေး
မပြေဘူး သူ့မှာဖြင့်၊ ကုသိုလ်က ချမ်းသာတယ်လို့ မဟောဘူးလား၊ ကုသိုလ်က
ချမ်းသာ တယ်လို့ ဟောတာ ဘယ်နှယ့်ကြောင့် ဆင်းရဲတာလဲကွဲ့၊ ကုသိုလ် လုပ်နေတာ ။
ကုသိုလ် လုပ်နေတာ--ဆင်းရဲ နေတယ် စားဝတ်နေရေး မပြေဘူး။
ကံ-ကံရဲ့အကျိုးကို ယုံကြည်တဲ့ အတွက် စားဝတ်နေရေး မပြေငြားသော်လည်း
တံငါမုဆိုး လုပ်စားမယ်လို့ ဖောက်ပြန် သေးရဲ့လား၊ သူခိုးငတက်ပြား
လုပ်စားမယ်လို့ ဖောက်ပြန်သေးရဲ့လား၊ ကုသိုလ်နဲ့ အကုသိုလ် ယုံတာနော်။ ကံကို
ယုံတဲ့ အတွက် အသစ် အကုသိုလ် ဖြစ်သေးရဲ့လား။ အဲဒီ အကုသိုလ်က နှစ်ပေါင်း
နှစ်ဆယ်လောက် အကျိုးပေးနေတာ ။ နေ့စဉ်နဲ့ တကွ ကုသိုလ် လုပ်တယ်၊ ယုံတယ်၊
သူလုပ်တဲ့ ကုသိုလ် ယုံတဲ့အတွက် အသစ်အကုသိုလ် ဖြစ်သေးရဲ့လား ၊ မဖြစ်တော့ဘူး၊
နှစ်ပေါင်း နှစ်ဆယ်စေ့တဲ့အခါ အကုသိုလ်က ကုန်သွားတော့တာ။ မိတ်ဆွေ
တစ်ယောက်က ထီတစ်စောင်။ သိန်း သုံးရာ လောက် ပေါက်လာတော့တာ ၊ ကြည့် ကုသိုလ်က
လှည့်လာပြီ။
ဟိုတုန်းက သူလုပ်ခဲ့တဲ့ အကုသိုလ်က အကျိုးပေးတော့
စားဝတ်နေရေး ပြေရဲ့လား၊ မပြေငြား သော်လည်း ကံကို ယုံတဲ့အတွက် ဘယ်လောက်ပါ
ဆင်းရဲဦးတော့ ငါသူခိုးခိုးစားမယ်၊ လိမ်စားမယ်လို့ စိတ်ကူး သေးရဲ့လား
ဖောက်ပြန် သေးရဲ့လား၊ မဖောက်ပြန်တော့ဘူး၊ အဲသလို ယုံဖို့ မကောင်းလား။
ကံကိုယုံရမယ်။
အားကိုးရမှာက ဉာဏ်၊ ယုံကြည်ရမှာက ကံ။ဉာဏ်ကို
အားကိုးရမယ်၊ဉာဏ်ဆိုတာ ခန္ဓာကိုသိတာ သစ္စာသိတာ၊ ပဋိစ္စသမုပ္ပါဒ်သိတာ။
မြတ်စွာဘုရားရှိစဉ်က တရားတစ်ပွဲ တစ်ပွဲမှာသောင်းချီ သိန်းချီ
ကျွတ်တမ်းဝင်တာ။ လူတွေ ကျွတ်တာ၊ နတ်တွေ ကျွတ်တာ၊ ဗြဟ္မာတွေ ကျွတ်တာ
ကြားဖူးကြရဲ့လား ကြားဖူးတယ်နော် ။ တရားထိုင်တာမှ မပါပါလားကွယ်
တရားနာရင်းနဲ့သာ သောတာပန်၊ သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာဖြစ်သွားကြတော့တာ။
ဥဂ္ဂသေန--- မြတ်စွာဘုရားရှိစဉ်က ဝါးအတောင် ခြောက်ဆယ်မှာ ကနေတာ၊ ဘုရားက
ဆွမ်းခံရင်းနဲ့ သတိပေး လိုက်တာ။ ခန္ဓာဘက်ကို ဉာဏ်လှည့်ဟေ့၊အတိတ်ကိုစွဲတဲ့
သမုဒယဖြတ်ဟဲ့၊ ပစ္စုပ္ပန်စွဲတာဖြတ်၊ အနာဂတ်စွဲတာ ဖြတ်လိုက်စမ်း၊ ခန္ဓာဘက်ကို
ဉာဏ်လှည့်တာ။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန်းကိစ္စပြီးသွားတာ ဟော
ဥဂ္ဂသေန ကဲ စဉ်းစား ဘယ်လောက်များ အားရစရာကောင်းသလဲ၊ ကြားဖူးတယ်မို့လား
ဥဂ္ဂသေန၊ စဉ်းစားနော်။
အင်္ဂုလိမာလကြီးက လူသတ်ယောက်ျားကြီး။
ကြားဖူးရဲ့လား။ သူ့ကို မြင်ထွက်ပြေးကြတာ လူတွေကကြောက်လို့။ အားကလည်း
ကောင်းတယ်။ ဆင်ပြောင်ငါးစီးအားရှိတယ်။ မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးနဲ့တွေ့လို့ သစ္စာ တရား၊ ခန္ဓာတရား၊ ပဋိစ္စသမုပ္ပါဒ်တရားကို
ကြားရ နာရတော့ တစ်မဂ်တစ်ဖိုလ်ရတယ်၊ လူသတ်သေးရဲ့လား။ လူမသတ်တော့ဘူး။
ဆက်ကြိုးစားတော့ ဒါ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာမဖြစ်ဘူးလား ။
ဖြစ်သွားတယ်နော်၊ ကဲ စဉ်းစားဖို့မကောင်းလား။ သက္ကာယဒိဋ္ဌိ ပြုတ်သွားလို့ကွဲ့၊
သူလုပ်တဲ့ အကုသိုလ်တွေဟာ အကျိုးပေးခွင့်ရသေးရဲ့လား။ အကုန်လုံး
အဟောသိကံဖြစ်သွားတာ။
သိရီဓမ္မာသောကမင်းကြီးက လှူလိုက်တဲ့ကိစ္စ။
ရေတွင်းပေါင်း ရှစ်သောင်းလေးထောင်၊ ရေကန်ပေါင်း ရှစ်သောင်း လေး ထောင်၊
စေတီပေါင်း ရှစ်သောင်းလေးထောင်၊ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း
လေးထောင်၊ကျောင်းပေါင်း ရှစ်သောင်း လေးထောင်၊ သိရီဓမ္မာသောကမင်းကဲ့သို့
လှူနိုင်တဲ့ပုဂ္ဂိုလ်များရှိရဲ့လား ရှိဘူး။ သေတဲ့အခါ စပါးကြီးမြွေဖြစ်တယ်၊
စပါးကြီး မြွေဖြစ်တယ်-ဆိုတာ ကြားဖူးရဲ့လား။ ဘယ့်နှယ့်ကြောင့်လဲကွာ
ဒီလောက်လှူတာကြီးဟာ။ ဟင် စဉ်းစားဖို့ မကောင်းလား ။ သက္ကာယဒိဋ္ဌိမပြုတ်လို့။
အင်္ဂုလိမာလကြီးက ငရဲသွားမှာ။ ဘုရားနဲ့တွေ့တော့ သစ္စာသိတော့
ဒိဋ္ဌိမပြုတ်ဘူးလား။ကြိုးစားတော့ သောတာပန် ၊ သကဒါဂါမ်၊အနာဂါမ်၊ရဟန္တာ
မဖြစ်ဘူးလား။ အဲဒါ လိုတာ ယုံကြည်ဖို့မကောင်းလား။ သိရီဓမ္မာသောက မင်းကြီး
ဘာ့ကြောင့်ကျတာလဲ။ သူလှူခဲ့တဲ့ဒါနကိုလည်း သတိမရ၊ ထိန်းသိမ်းခဲ့တဲ့သီလလည်း
သတိမရ၊ သေခါနီးဆဲဆဲမှာ ငါ ဗောဓိပင် ရှစ်သောင်း လေးထောင် စိုက်တာ၊ အဲဒါ
အနှောင့်အယှက်တွေများတယ်လို့ အဲဒီစိတ်ကလေးကို သွား တွေးချေ တာ၊ အဲဒီစိတ်လေး
တွေးတဲ့အခါမှာ ဝိညာဏ်က ချုပ်သွားတော့တာဗျား။ ကဲ သူလှူတဲ့ဒါနကိုသာ သတိရရင်
နတ်ပြည်မှာ နံပါတ် တစ် ဖြစ်မှာပေါ့ကွ၊ သီလတွေကလည်း ရှိပေတယ်-နော်၊
မောဟဦးစီးလို့ဖြစ်သွားတာ၊
သို့မို့လို့ သားတော်မဟိန္ဒ၊
သ္မီးတော်သံဃမိတ္တာက ရဟန္တာတွေ။အနားကိုသွားသတိပေးတယ်။ မြွေဖြစ်ငြား သော်လည်း
လူစိတ်ကမပျောက်သေး၊ဖခမည်းတော်၊သတ္တဝါတွေဖမ်းမယ်၊သတ်မယ်၊မျိုမယ်
စားမယ်ဆိုရင်တော့ကာ၊ ငရဲသွားတော့ မှာ၊ ငါတို့မတတ်နိုင်တော့ဘူး
ကြားလား၊ငရဲသွားခါ မတတ်နိုင်တော့ဘူး။ သတ္တဝါတွေစားမယ်၊ သောက်မယ် လူ့စိတ်က
မပျောက်သေးတော့ သတိရတာပေါ့၊ အစာပြတ်ပြီးတော့ သေသွားတော့တာ၊ သေတော့ခါ
ကုသိုလ်စိတ်နဲ့ဖြစ်တော့ နတ် ပြည်မှာ သွားဖြစ်တယ်။ ခုနစ်ရက်လောက်
စပါးကြီးမြွေ ဖြစ်ရသေးတော့ ကြောက်စရာမကောင်းဘူးလား၊ အေး လေ့လာကြ။
သက္ကာယဒိဋ္ဌိပြုတ်တဲ့ အင်္ဂုလိမာလကြီးတို့တော့ ရဟန္တာသာဖြစ်သွားလေတော့တာကွာ။
အဲလို စိစစ်ဖို့ မကောင်းလား။ သိတဲ့အချိန် ပယ်တာ၊ မသိခင် မပယ်နိုင်ဘူးပေါ့။
အခုလည်း ကိုယ်ပွေခဲ့တာ၊ညစ်ပတ်တာတွေ၊ ကမ္ဘာလဆန်း တစ်ရက်နေ့ကစ
ကိုယ်ညစ်ပတ်ခဲ့တာတွေ အများကြီးပေါ့။ ကုသိုလ်နဲ့အကုသိုလ် လူတစ်ယောက်မှာ
အိပ်ယာနိုးတဲ့အချိန်က အိပ်ယာဝင်သည်အထိ ကုသိုလ်နဲ့အကုသိုလ် ဘယ်က
များမလဲ၊အကုသိုလ်များတယ်နော်။ တစ်ရက်မှာ အကုသိုလ်များရင်၊တစ်လတော့
ပိုမများဘူးလား၊ တစ်နှစ်ဆိုတော့ကာ အများကြီးနော်။ ကမ္ဘာနဲ့တွက်ခါ
ရေနိုင်ပါ့မလား။ ဟာ အဲသည်ပုဂ္ဂိုလ်တွေဟာ လူဖြစ်ဖို့လွယ်ပါ့မလားဟေ့။
အကုသိုလ် က သိပ်များတာ။
မြတ်စွာဘုရားရှိစဉ်က ညီတော်အာနန္ဒာက
လျှောက်တယ်၊နောင်တော်ဘုရား လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါမှာရှိတဲ့ ကုသိုလ်နဲ့
အကုသိုလ် ဘယ်ဟာ များသလဲလို့ မလျှောက်ဘူးလား။ ညီတော်အာနန္ဒာ လူအရိယာ၊
နတ်အရိယာ၊ ဗြဟ္မာအရိယာ ချန်ထား၊လူအန္ဓ၊နတ်အန္ဓ၊ဗြဟ္မာအန္ဓ မှာရှိတဲ့
ကုသိုလ်တရားက ငါဘုရားလက်သည်းပေါ်မှာတင်တဲ့ မြူမှုန့်ပမာဏတဲ့၊
သူ့လက်သည်းပေါ်မှာတင်တဲ့မြေကြီးပဲ၊ မြူမှုန်လေးပဲရှိတယ်၊ အကုသိုလ်တရားက
ကမ္ဘာပထဝီမြေကြီးနဲ့အမျှတဲ့ဗျား ၊ ကဲ လွယ်ပါ့မလားဟေ့၊အဲသလောက်ထိ
အကုသိုလ်များတယ်။ လူဖြစ်ဖို့၊ ဒါကြောင့်မို့ လူ့အဖြစ်ကအင်မတန်နည်းတယ်၊
တိရစ္ဆာန်အဖြစ်ကများတယ်၊ ငရဲမှာများတယ်၊
ကြောက်စရာမကောင်းဘူးလား၊ယုံကြည်ဖို့လိုတယ်နော်၊
သစ္စာသိမှ စိတ်ချရတယ်၊
ခန္ဓာသိမှ စိတ်ချရတယ်၊ပဋိစ္စသမုပ္ပါဒ်သိမှ စိတ်ချရတယ်။ တရားထိုင်တယ်၊
ဘာကြောင့် တရားထိုင်တာလဲမေးရင် ဘယ်လိုပြောမလဲ ၊ ဟင် တရားထိုင်တာ
ဘာလို့ထိုင်တာလဲ၊ဟင် တရားထိုင်တယ်ဆိုတာ သစ္စာသိချင်လို့၊ခန္ဓာသိချင်လို့
တရားထိုင်တာ၊ခန္ဓာမသိရင် သက္ကာယဒိဋ္ဌိ ပြုတ်ပါ့မလား။
တရားထိုင်မယ်လို့
မပြောကြဘူးလား၊ လူထိုင်မယ်လို့ပြောသလား တရားထိုင်မယ်လို့ ပြောသလား ။ လူ
ထိုင်မယ်လို့ ပြောတာ။ဘာကြောင့်မပြောတာလဲ၊ လူထိုင်မယ်လို့။ အင်
ဘာဖြစ်လို့မပြောတာလဲ ။လူမရှိလို့ဗျား ၊ လူရှိရင် လူ ထိုင်မယ် လို့
ပြောမှာပေါ့။ ဘုရားက။ လူမရှိဘူး တရားတွေသာရှိတယ်။ ဘယ်တရားတွေလဲ
၊အခုထိုင်နေတာ လူလား ဝါယောဓာတ်၊ ထောက်ကန်ဝါယော၊ ထိုင်တာ ထောက်ကန်ဝါယော၊
ရပ်တာ ထောက်ကန်ဝါယော၊ သွားတာ လာတာ လှုပ်ရှားဝါယော၊ လူဟုတ်ကဲ့လား၊ ဝါယောဓာတ်။
တရားပျောက်တော့ ကိုယ်မှာရှာ၊ ကိုယ်မှာရှာတော့ တရားတွေ့တယ် မဟောဘူးလား။
ဝါယောဓာတ်၊ သိတာလေးက ကာယဝိညာဏ် နာမ်တရား၊ ဝါယောက ရုပ်တရား၊ နာမ်ရုပ်
နှစ်ပါးပေါ့ ၊ စဉ်းစားဖို့မကောင်းလား။ ကဲ လူလား နာမ်နဲ့ရုပ်၊
အဲဒါသိအောင်လို့ တရားထိုင်ရတာကြားလား အဲလို စိစစ်ဖို့ မကောင်း ဘူးလား။
လေ့လာ လေ့လာ၊ ဒါ အရေးကြီးတယ် ထိထိမိမိ သဘောပေါက်ဖို့လိုတယ်။
အခုတရားထိုင်တယ် ရုပ်ကိုလည်းမသိ၊ နာမ်ကိုလည်းမသိ၊ ပညတ် ပရမတ်လည်း
ပိုင်းခြားတဲ့ ဉာဏ်က မရှိ၊ ဆန်ကုန် မြေလေးပေါ့။ သွားခြင်း ၊ရပ်ခြင်း
၊ထိုင်ခြင်း ၊လျောင်းခြင်း ဘုရားမဟောဘူးလား၊ ဣရိယာပထ လေးပါး၊ ရပ်တယ်ဆိုတာ
ခန္ဓာသိဖို့၊ သွားတယ်ဆိုတာ ခန္ဓာသိဖို့၊ လျောင်းတယ်ဆိုတာ ခန္ဓာသိဖို့၊
ထိုင်တယ်ဆိုတာ ခန္ဓာသိဖို့။ ကဲ ထိုင်တဲ့အခါ ခန္ဓာ ဘယ်လိုသိမလဲ၊ဟင်
ခန္ဓာသိဖို့ လုပ်ရတာ မရှိတာတွေငေးပြီးတော့ ရှာနေလို့ ဘယ်တွေ့မလဲ၊
မရှိတာရှာလို့ ရပါ့မလား၊ ရှိတာကို ရှာရတာ။ အရှိနဲ့ အသိ ထပ်သွားမယ်၊
ထပ်သွားဖို့လို့ မဟောဘူးလား၊ အရှိနဲ့အသိနဲ့ ကိုက်ဖို့လိုတယ်နော်။
ကဲ
စိတ်ထဲ ဉာဏ်ထဲက ထိုင်လိုက်ကြစို့၊ အင်း ကြမ်းနဲ့ တင်ပါးနဲ့ ထိမသွားဘူးလား၊
ထိသိသတိလို့၊ ဟော မဟော။ ဟောတယ်နော်၊ ဒါ သတိပြုလိုက်ဖို့ မလိုဘူးလား။
သတိပြုတဲ့အခါ ကြမ်းတွေ့သလား၊ မာတာတွေ့သလား၊ တင်ပါး တွေ့သလား၊ ကာယအကြည်
တွေ့သလား ၊အကြည်သာ မရှိရင် ထိလို့သိပါ့မလား၊ အကြည်၊ ကဲအကြည်ရှိလို့
သိတာနော် ၊ ထိသိ သတိလို့ မဟောဘူးလား။ ကဲအကြည်ရှိတော့
မာတယ်လို့သိတဲ့စိတ်ကလေး ပေါ်မပေါ် ၊ မာတယ်လို့ သိတဲ့ စိတ်ကလေးဟာ မထိခင်က အဲဒီ
မာတယ်လို့ သိတဲ့စိတ်ကလေးဟာ ဘယ်ဆီမှာနေတယ်လို့ ဒကာ၊ ဒကာမတို့
လက်ညှိုးညွှန်ပြခြင်းငှာ ထိုက်ကဲ့လား။ဟင် ဘယ်ဆီမှာ ရှိတယ်လို့
ပြောနိုင်ပါ့မလား ၊ မပြောနိုင်ဘူးနော် ။ အကောင် အထည် ဟုတ်ကဲ့လား။
သဘောအနေနဲ့တော့ မထင်ရှားဘူးလား၊ ထင်ရှားတယ်။ မာတယ်လို့ သိတဲ့စိတ်ကလေးဟာ
မတိုက်ခင်က မရှိဘူး၊ တိုက်ကာမှ ပေါ်တာ၊ဒါကြောင့်မို့လို့ အဖြစ်တရားဗျား၊
အရှိတရားမဟုတ်ဘူး။
လူတွေ ယူနေကြတာက အခုဟာ အသက်ရှိတယ်၊ လိပ်ပြာရှိတယ်၊
လူရှိတယ်၊နတ်ရှိတယ်၊ စိတ်ရှိတယ်လို့မယူကြဘူး လား ။စိတ်ဆိုတာ သိတဲ့စိတ်က
မရှိဘူး။ သိတတ်တဲ့စိတ်ဟာ ရှိတာမှ မဟုတ်ဘဲ၊ သိတဲ့စိတ်မရှိရင် ဘာနဲ့နေတာလဲ
ဘုရား။ သိတဲ့စိတ်နဲ့ နေတာပါလို့ ပြောရမှာမို့ သိတဲ့စိတ်က မရှိဘူးဗျား။
ဘယ်စိတ်တွေရှိတာလဲ။ ဘဝင်၊ မနောအကြည် ဘဝင်စိတ်ပင်တည်း။ ခန္ဓာကိုယ်မပုပ်အောင်
မသိုးအောင် စောင့်ရှောက်တာ ဘဝင်စိတ်၊အိပ်နေတဲ့ စိတ်၊ အိပ်ပျော်တဲ့ စိတ်၊
ဒါ ဘဝင်စိတ်လို့ မဟောဘူးလား၊ သိတဲ့စိတ် ဟုတ်ကဲ့လား၊ အဲဒီ သိတဲ့စိတ်က
မရှိဘူး၊ နှစ်ခု ထိမှ သိတာ၊မြင်ကာမှ သိတာ၊ကြားကာမှ သိတာ၊ နံကာမှ သိတာ၊
စားကာမှ သိတာ၊ ထိကာမှ သိတာ၊ တွေးကာမှ သိတာ၊ ဟော ရှိနှင့်တာမဟုတ်ဘူး။
လူတစ်ယောက်က ဟိုလူကိုသတ်မလို့လာတာ၊ အိပ်ပျော်နေတယ်၊ ဓားနဲ့ခုတ်သတ်ရင်
ဒါသေတော့မှာ ၊ မသေဘူးလား၊ စိတ်သာ သိတဲ့စိတ်သာရှိရင် ထပြောမှာပေါ့
ငါ့လုပ်မှာ မင်း ငါ့ဘာထင်လဲ လုပ်မှာပေါ့။ ကဲ သိတဲ့စိတ်ရှိရဲ့လား၊ သတ်
တော့ ခံရတော့မှာပါ၊ ကဲ သိတဲ့စိတ်ဟုတ်ကဲ့လား၊ မဟုတ်ဘူး။ ဒါ အဖြစ်တရား၊
နှစ်ခုတိုက်မှ သိတဲ့စိတ်ပေါ်တာ၊
ကြမ်းနဲ့တင်ပါးနဲ့ ထိတဲ့အခါ
သိတဲ့စိတ်ကလေး မပေါ်လား။ ပေါ်တဲ့အခါ သတိလို့မဟောဘူးလား။ သတိပြုတဲ့အခါ ကြမ်း
လား၊ မာတဲ့သဘော၊တင်ပါးလား ကာယအကြည်လား၊ ကာယအကြည်။အကြည်ရှိလို့သိတာပေါ့။
အဲဒါတစ် ဝိညာဏ် တည်း ထိလို့ သိလို့ ဖြစ်ကဲ့လား။ မဖြစ်ရင် သူနဲ့
သဟဇာတဖြစ်တဲ့ ဝေဒနာ၊သညာ၊ စေတနာ မပါလား ။ မာ တယ်လို့ ခံစားတာ လူလား၊
ဝေဒနာလား၊နတ်လား၊ဝေဒနာလား၊ဗြဟ္မာလား၊ဝေဒနာလား၊ သူတွေ ငါတွေလား ၊ဝေဒနာ လား။
မာတယ်လို့ မှတ်တာ သူ၊ငါလား၊သညာလား၊ ခံစားနိုင်အောင် စေ့ဆော်တာ၊
မှတ်နိုင်အောင် စေ့ဆော်တာ သူငါ လား စေတနာလား၊ဝေဒနာ၊ သညာ၊စေတနာ
သုံးခုပေါင်းတော့နာမက္ခန္ဓာ လေးပါး မပြည့်လား ။ဤလေးပါးပြည့်စုံမှ ထိ
သိစိတ်ဖြစ်တာ၊ကြားလား၊ အဲလို စဉ်းစားဖို့ မကောင်းလား။ အလိုလို ဖြစ်တာလား၊
အကြောင်းကြောင့် အကျိုးတရား ပေါ်တာလား။ နာမက္ခန္ဓာလေးပါးနော်။
ကဲ
ကာယအကြည်ကား လူဟုတ်ကဲ့လား၊ မာဆိုတာကားကြမ်းဟုတ်ကဲ့လား၊ မာသဘောပေါ့
ပထဝီဓာတ်ပေါ့-နော် ၊ ခန္ဓာဖွဲ့ကြည့်တော့
ရူပက္ခန္ဓာမရလား။နာမက္ခန္ဓာလေးပါးနဲ့ရူပက္ခန္ဓာပေါင်း။-----။တရားထိုင်လို့သိတာ။တရားထိုင်လို့
သိတာ၊အခုထိုင်တာတစ်ရက်ထိုင်လို့လည်းမတွေ့၊ တစ်လထိုင်လို့လည်းမပေါ်၊
တစ်နှစ်ကြာတော့လည်း မတွေ့၊ မရှိတာ ရှာတာ၊ ဒါကြောင့်မို့လို့
ဆရာကောင်းလိုတယ်။
ဥပတိဿ ကောလိတ
ဥပတိဿတို့
ကောလိတတို့ဆိုတာ---။(ဓမ္မပဒ-ဋ္ဌ-၁-၅၆)ဥပတိဿက အရှင်သာရိပုတ္တရာ အလောင်း၊
ကောလိတက အရှင်မောဂ္ဂလာန်အလောင်း၊ သိဉ္ဇည်းဆရာတော်ဆီမှာ
သွားတရားထိုင်တာ၊ခြောက်နှစ်ကြာတယ် ဒိဋ္ဌိမပြုတ်ဘူး။ ဘာမှ အသိဉာဏ်မထူးတာနဲ့
အားထုတ်တဲ့ သူငယ်ချင်းတွေ ဆွေးနွေးကြည့်တယ်၊ ယောဂီတွေ ဆွေးနွေးကြည့်တော့
သူတို့ သိတာထက် မပို၊ ကိုယ့်ဆရာ ကိုယ်တိုင် ဆရာကိုယ်တိုင်က သိပုံမကျဘူး။
ကဲ ဆရာပြောင်းမယ်၊ခွင့်တောင်း၊ ဆရာ ပြောင်းကြတာ။ ခြောက်နှစ်နေတာအင်မတန်
ဉာဏ်ထက်တဲ့ ပုဂ္ဂိုလ်တွေ လှုပ်လှုပ်ကိုမရှိဘူး။ နောက် စဉ်းစားကာမှ
ကိုယ့်ဆရာကြီးကိုယ်တိုင်က တရားသိပုံမကြဘူး။
အဲဒါနဲ့ ပြန်လာခဲ့တဲ့အခါ
ရာဇဂြိုလ်မြို့ဝင်တဲ့အခါ ပဉ္စဝဂ္ဂီငါးဦး အရှင်ကောဏ္ဍည၊ဝပ္ပ၊ဘဒ္ဒိယ၊မဟာနာမ်
အငယ်ဆုံး အရှင်အဿဇိရဲ့ ဆွမ်းခံအလှည့်။ တစ်ပါးဆွမ်းခံရင် ဘုရားပါ
ခြောက်ပါးစားလောက်တယ်။ တရားဟော လည်းမပျက်၊ တရားနာလည်းမပျက်၊
ဆွမ်းခံလည်းမပျက်၊ အရှင်အဿဇိရဲ့ ဣနြေ္ဒ၊ သိက္ခာကြည့်ပြီးကာမှ အင်း
ဒ်ီပုဂ္ဂိုလ်ဟာ တရား ဝမ်းထဲမှာတရားရှိပုံကြတယ်၊ ငါမေးရင်ကောင်းမလား၊
မမေးရင်ကောင်းမလား၊ ငါမေးနေတာနဲ့ ဆွမ်းခံနောက်ကြလို့ ငါ့ အပြစ်များ
ဖြစ်မလား၊ မမေးရဲဘူး၊ သူ့နောက်ကိုလိုက်သွားတယ်။ မြို့ထဲဝင်လို့ ဆွမ်းခံတာ၊
နောက်က တကောက် ကောက်လိုက်။
ဆွမ်းရလို့ မြို့ကထွက်ကာမှ
မြို့ပြင်ရောက်တဲ့အခါ နှစ်ဖာလုံလောက်အကွာမှာ။ ရပ်ပါဦး ဘုရား၊ ရပ်ပါဦး
အရှင်ဘုရားကို မြို့မဝင်ခင်ကတည်းက တပည့်တော် အရှင်ဘုရားရဲ့
ဣနြေ္ဒကိုကြည့်တာနဲ့ ဝမ်းထဲမှာ တရားရှိတယ်လို့ တပည့်တော် ယူဆတယ်၊
အရှင်ဘုရား ဘယ်တရားတွေများ လေ့လာသလဲ။ ခန္ဓာကို လေ့လာတယ်၊အာယတနကိုလေ့လာတယ်၊
ဓာတ်ကိုလေ့လာတယ်၊သစ္စာကို
လေ့လာတယ်၊ပဋိစ္စသမုပ္ပါဒ်တရားတွေလေ့လာတယ်။အရှင်ဘုရားရဲ့ဆရာက ဘယ်သူ လဲ၊ အဖ
ဂေါတမမြတ်စွာဘုရား၊ ဆရာက ဘုရားဖြစ်နေပြီနော်။
အဲလိုဆိုတော့ တပည့်တော်
တရားလေးနာစမ်းပါရစေ ဘုရား၊ဟောပေးစမ်းပါ။ ငါ့ရှင်၊ ငါ ရဟန်းကိစ္စပြီးတာ
ဒီနေ့မှ ခုနစ် ရက်မြောက်သွားပြီ၊ ခုနစ်ရက်ရှိသေးတယ် ရဟန်းကိစ္စပြီးပြီ၊
အကျယ် ငါမဟောနိုင်ဘူးတဲ့။သူ့ကိစ္စတော့ ပြီးပြီနော် ။ အကျယ်ငါ မဟောနိုင်ဘူး၊
အရှင်ဘုရား၊ သုတ်တို့ ဗျည်းတို့၊ သဒ္ဒါတို့ တပည့်တော်မလိုဘူး ၊
အနက်တစ်လုံးထင်မယ်ဆို ရင်အကျဉ်းကိုပဲ ဟောဟော၊ အကျယ်ကိုပဲ
ဟောဟောတဲ့။အနက်တစ်လုံး ထင်ဖို့လိုတယ်၊ တပည့်တော်သိဖို့လိုတယ်တဲ့။
အဲဒီအခါကျမှ အရှင် အဿဇိက ဟောတယ်။
ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ သူ့ဂါထာ ဂါထာ။
ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ၊
တေသဉ္စ ယော နိရောဓော၊ ဧဝံဝါဒီ မဟာသမဏော။(အပ-၁-၂၇)
အရှင် အဿဇိ ဟောတာ ဂါထာ မဆုံးဘူး။
ယေ ဓမ္မာ ဟေတုပ္ပဘဝါ၊ တေသံ ဟေတုံ တထာဂတော အာဟ အရှင်ဘုရား ရပ်တော့
မောလိမ့်မယ်တဲ့၊ တပည့်တော် အကုန်လုံးသိပြီတဲ့။ဟောတဲ့ပုဂ္ဂိုလ်နဲ့
နာတဲ့ပုဂ္ဂိုလ် နှစ်မိနစ်ကွဲ့နှစ်မိနစ်၊ အရှင်ဘုရားမောလိမ့်မယ်တဲ့၊
ဂါထာမဆုံးဘူး၊ တော်တော့တဲ့၊ ဟောတဲ့ပုဂ္ဂိုလ်က ဒီလိုရပ်နေရတော့တာ ကြားလား။
နှစ်မိနစ်မှာ သောတာပန်တည်တာ၊
သိဉ္ဇည်းဆရာဆီမှာ ခြောက်နှစ်ကြာသွားတာ
လှုပ်လှုပ်မရှိဘူး။ ဆရာမှားတော့ တွေ့ရဲ့လား၊ တွေ့ဘူး။ အရှိနဲ့ အသိနဲ့
ထပ်သွားဖို့လိုတာ၊ မလိုဘူးလား။ တရားပျောက်တော့ ကိုယ်မှာရှာ၊
ကိုယ်မှာရှာတော့ တရားတွေ့တယ်၊ အဲဒါလိုတယ်၊ စဉ်းစား။ နာရီကတော့ ငါး မိနစ်၊
ခြောက် မိနစ်လွန်သွားပြီ။ စဉ်းစားစရာ ဘုန်းကြီးပြောမယ်။
ချစ်မုန်းမပါ လင်ကွာ မယားကွာ။
အမျိုးသ္မီးလေးနဲ့အမျိုးသားလေး ဘဝရေစက်ဆုံလို့
လင်မယားဖြစ်သွားတယ်။လေးငါးခြောက်နှစ် ခုနစ်နှစ်ကြာတော့ သားသ္မီးက
လေးငါးယောက်လောက်ရ၊ သားသ္မီး မရခင်ကတော့ ချစ်တုန်းခင်တုန်း တစ်ပြုံးပြုံး၊
သားသ္မီးက လေး ငါး ယောက်ရတော့ စားဝတ်နေရေးက မပြေ၊စားဝတ်နေရေးက မပြေတော့
လင်မယားက ပျစ်တောက်၊ ပျစ်တောက်နဲ့ ရန် တွေ့တော့တာ၊ရန်တွေ့တော့
တော်ကြာတော့ကာ ကွဲကြတော့တာ။အဲဒါ လင်မယားရန်တွေ့လို့ ကွဲတာ၊ ချစ်လို့လား
မုန်းလို့လား၊ အမ် ချစ်လို့လား
မုန်းလို့လား။မုန်းလို့ကွာတာ။သုံးလလောက်ကြာသွားပြီ ကွဲတာ။
အဲဒီအခါ
မိန်းမဘက်က ဆွေမျိုး၊ ယောက်ျားဘက်က ဆွေမျိုး အပေါင်းအသင်းတွေ၊ မင်းတို့
ရန်တွေ့တာ ဘယ်နှစ်ခါရှိပြီလဲကွဲ့၊ သူ့ဘက် ငါ့ဘက် စေ့စပ်ကြတာ၊ အခုတစ်ခါပါ
တစ်ခါတော့ သည်းခံဦးမှပါ့ကွယ်၊ ငါတို့မှာ လေးခါ ရှိပြီ၊ရန်တွေ့တာ၊ ခုမှ
နေသားကျသွားတာ၊ ငါတို့မှာ လေးခါရှိပြီ ခုမှ နေသားကျသွားတာ၊အဲ တစ်ခါ
တစ်လေတော့ သည်းခံဦးမှပါ့၊ မင်းတို့ ထ္မင်းစားတဲ့အခါ လျှာနဲ့သွား
မကိုက်မိဘူးလား၊ ကိုက်မိတယ်၊ ဘာဖြစ်လို့ကိုက်တာလဲ၊ မတော်လို့
ကိုက်မိတာ၊အခုလည်း မတော်လို့ ဖြစ်တာတော့ သည်းခံဦးမှ၊ အဲလိုပြန်ပြီးတော့
ရေလည်တော့ ပြန်မပေါင်းမိဘူးလား ၊ ပေါင်းမိတယ်နော်။
အဲဒီ အမျိုးသ္မီးနဲ့
အမျိုးသားမှာ မုန်းစရာပါရင် ပြန်စေ့စပ်လို့ရပါ့မလား။ မုန်းစရာမပါဘူးကွဲ့၊
စေ့စပ်လို့ရတာ မုန်းစရာ မပါလို့၊ မုန်းစရာပါရင် ဘယ်တော့မှစေ့စပ်လို့မရဘူး၊
ရပါ့မလား။ အမျိုးသ္မီးနဲ့ အမျိုးသားမှာ ချစ်စရာပါရင်ကော ရန်တွေ့ ပါတော့မလား၊
ချစ်စရာပါရန်တွေ့ပါ့မလား၊ မတွေ့ဘူး၊ ချစ်စရာမပါတာ ယုံကြည်၊ မုန်းစရာမပါတာ
ယုံကြည်ဖို့ မလိုဘူး လား။
ကဲ အခု ရန်တွေ့တာ
အချင်းချင်းအဆင်မပြေတာတွေဟာ ဘယ်ပေါ်မှာဖြစ်တာလဲ ၊ စိစစ်ဖို့မကောင်းလား။
ရုပ်တစ်လုံး၊ နာမ်တစ်လုံးကို မတွေ့ကြလို့ ပုဂ္ဂိုလ်၊သတ္တဝါအနေနဲ့မြင်လို့
ရန်တွေ့တာဗျား။ ရုပ်ပေါ် နာမ်ပေါ်မှာ သူ သူ ချော်လွဲ
နေတာပုဂ္ဂိုလ်၊သတ္တဝါလို့မြင်တာ။ဒါကြောင့်မို့လို့ ဒေါသစိတ် ဖြစ်ရတာ၊
ပုဂ္ဂိုလ် သတ္တဝါမြင်လို့ လောဘဖြစ်တာ။ သူ့ကိုမြင်ရတာ ရေစက်နီးတယ် ဒါ လောဘ
ကိလေသာ ။ သူ့ကိုမြင်ရ တာ မြင်ပြင်းကတ်တယ် ဒေါသ ကိလေသာ။ ဟော အမြင်ခံ
ရုပ်တရားမှာ ချစ်စရာ မုန်းစရာမပါဘူး။ နာမ်ထဲမှာလည်း မပါဘူး၊ အဲဒါ
ချစ်စရာမပါတာ မုန်းစရာမပါတာ ယုံကြည်ရဲ့ လား။ ယုံကြည်သလား၊
ချစ်စရာမပါဘူးနော် မုန်းစရာမပါဘူး၊ ယုံကြည်ရဲ့လား။
ယုံကြည်ရင်
မျက်စိပေါက်၊ နားပေါက်၊ နှာခေါင်းပေါက်၊ လျှာပေါက်၊ ကိုယ်ပေါ်မှာ ဟော
ချစ်ခြင်း မုန်းခြင်း လွတ်တယ်။ အဲလို ရှေးက အဲလိုမြင်တဲ့အတိုင်းလေးမှာ
မြင်တဲ့အခါသတိ၊ ကြားတဲ့အခါ သတိ၊ ဟော-နံတဲ့အခါ သတိ၊ စားတဲ့အခါ သတိ၊ထိတဲ့အခါ
သတိ၊သတိတစ်လုံး ရှေ့ကထားသွားတော့သတိ+ပညာ။ သတိက ထားသွားတော့ နာမ်နဲ့ရုပ်ပဲ
တွေ့တယ်၊ နာမ်ရုပ်ကိုတွေ့တဲ့အခါ သမာဓိမဂ်၊ (ဘယ်က)ဘယ်မဂ်လဲ၊ အဲဒီသမာဓိရ
သမာဓိကောင်းသွားပြီလို့ မပြော ရဘူးလား။သမာဓိကောင်းတဲ့ ပုဂ္ဂိုလ်က
စိတ်ဆိုးလောက်အောင်ပြောလို့ မဆိုးဘူး၊ ဝမ်းသာလောက်အောင်ပြောလို့
မသာဘူး၊သမာဓိကောင်းနေတာ။ ချစ်ခြင်း၊မုန်းခြင်းကလည်း မပါဘဲကိုး။ သူ့ပင်ကို
အတိုင်းလေးကို သိသွားတာ သိပယ်၊ အဲလို တွေ သိသွားတာ သမာဓိအားကောင်းတာ၊
ဆက်ပြီးတော့ကြိုးစား၊သမာဓိအားကောင်း၊ ဆက်ကြည့်တော့ကာ ရုပ်တရားကြီးကလည်း
ဖောက်ပြန်ပြီးတော့ ပျက် ၊ နာမ်တရားကလည်း သိပြီးတော့ပျက်၊ဖြစ် ပျက်လို့
မဟောဘူးလား။ဘာသစ္စာလဲ။ချမ်းသာတဲ့တရားလားဆင်းရဲတဲ့ တရားလား။ဆင်းရဲတယ်လို့
သိတဲ့တစ်ချိန်၊ နောင်တစ်ဖန် ဒီခန္ဓာမျိုး
ရချင်သေးရဲ့လား။လက်ရှိခန္ဓာမတွယ်တာဘူး၊ နောင်ခန္ဓာ တောင့်တဦးမလား
မတောင့်တဘူး။ ကြည့် သိတဲ့အချိန်က ခန္ဓာရတဲ့အလုပ်ကို သူမလုပ်တော့ဘူး ပယ်တော့
တာနော်။ သိတယ်ဆိုတာ ဒုက္ခသစ္စာလို့ သိပြီ၊
အဲဒီ ဒုက္ခသစ္စာအပေါ်မှာ
ဆရာကောင်းသမားကောင်းကိုမတွေ့လို့ လူချမ်းသာလို့ နှလုံးသွင်းမှားတာ၊
နတ်ချမ်းသာလို့ မှားတာ၊ဗြဟ္မာချမ်းသာလို့ နှလုံးသွင်းမှားတာ။ဒါအဝိဇ္ဇာလို့
ဟော မဟော၊နှလုံးသွင်းမှားတာ အဝိဇ္ဇာနော်၊ နှလုံးသွင်း မှား တော့ လိုချင်တဲ့
တဏှာမလာဘူးလား၊ တဏှာလာ ဥပါဒါန်က နေပါ့မလား။အဝိဇ္ဇာ၊တဏှာ၊ဥပါဒါန်၊ဝဋ်အနေနဲ့
ကိလေသ ဝဋ်၊ အဲဒီ ကိလေသဝဋ်ချုပ်အောင်လို့ တရားလုပ်ရတာ။
အရှိနဲ့ အသိနဲ့
ထပ်သွားဖို့လို့ မဟောဘူးလား။ တွေ့တာက လူချမ်းသာလားဒုက္ခသစ္စာ၊ နတ်ချမ်းသာလား
ဒုက္ခသစ္စာ၊ ဗြဟ္မာချမ်းသာလား ဒုက္ခသစ္စာ။ ကဲ မှန်မနေဘူးလား၊
မှန်တယ်လို့ဒုက္ခသစ္စာ-အမှန်သိတော့ကာ လူချမ်းသာ၊ နတ်ချမ်း
သာ၊ဗြဟ္မာချမ်းသာလို့ နှလုံးသွင်းမှားတဲ့
အဝိဇ္ဇာမချုပ်ဘူးလား၊အမှားမပျောက်လား၊အမှန်သိတော့ အမှားပျောက်ပြီနော် ။
သိတော့ ပယ်တယ်လို့ မဟောဘူးလား၊ကဲ အဝိဇ္ဇာကား မချုပ်လား၊ တဏှာကား
လာသေးရဲ့လား၊ ဥပါဒါန် လာသေးလား၊သမုဒယသစ္စာ မသေလား၊ သေ--နောက်ခန္ဓာဘယ်ကလာမလဲ၊
ဒါ ကိလေသာချုပ်တာ။ ကိလေသဝဋ်ချုပ် ၊ကမ္မဝဋ်ချုပ်၊ဝိပါကဝဋ်ချုပ်၊ဝဋ်သုံးပါး
ကျွတ်တာနိဗ္ဗာန်ဗျား။ ဤနေရာရောက်အောင် ကြိုးစားအားထုတ်ကြ၊ ထိထိမိမိ သဘော
ပေါက်ဖို့ လိုတယ်နော်။
တရားတစ်ပွဲ တစ်ပွဲမှာ သောင်းချီ
သိန်းချီကျွတ်တာ မြတ်စွာဘုရားရှိတုန်းက တမင်ထိုင်ရတယ်လို့မရှိဘူးကြားလား။
အမှန်သိတာနဲ့ အမှားပျောက်တာ တရားထိုင်ငြားသော်လည်းခန္ဓာက ပြတာသိအောင်လို့
ထိုင်ရတာ။ ထိုင်ကာစ သက်သက်သာသာ၊အထိုင်ကြာတော့ မညောင်းဘူးလား၊ တစ်ခါတစ်ခါ
မကျဉ်လား၊တစ်ခါတစ်ခါ မအောင့်လား၊ တစ်ခါ တစ်ခါ မမူးလား၊ တစ်ခါတစ်ခါ
မယားလား၊ ဒါ ခန္ဓာကပြတာ၊ ငါများဟုတ်ကဲ့လား၊ မယားနဲ့ကွယ် ငါသဘောမကျဘူး
ပြောရပါ့မလား၊ ငါ ဟုတ်ကဲ့လား၊ ယားတာကွာ၊ယားတယ် ခံပြင်းပြီ်၊
ခံပြင်းတယ်ဆိုတော့ ကုသိုလ်လား အကုသိုလ်လား၊ အကုသိုလ်၊ ကဲ ကိုယ့်ဟာနဲ့ကိုယ်
အကုသိုလ်ဖြစ်နေပြီ၊ သေပါလိမ့်ကွာ ယားလိုက်တာ၊တဲ့ ဟင်။ အဲလို ကုတ်နေတာ။ ကဲ
ခန္ဓာအကျိုးအပြစ်ကို သိလို့လား မသိလို့လား၊ မသိလို့ဗျ၊
စဉ်းစားဖို့မကောင်းလား။
ကဲ ညောင်းတယ် ညာတယ် ကိုက်တယ် ခဲတယ်၊ ပူတယ်
အေးတယ်၊ ယားတယ် ယံတယ်၊ တရားထိုင်တာ ဒါပဲတွေ့မယ်။စင်စစ်ကတော့ ညောင်းတာလား
ဖောက်ပြန်တာလား၊ ကျဉ်တာလား ဖောက်ပြန်တာလား ၊ ကိုက်တာလား ဖောက်ပြန်တာလား၊
မူးတာလား ဖောက်ပြန်တာလား၊ အောင့်တာလား ဖောက်ပြန်တာလား၊ ယားတာလား ဖောက်
ပြန်တာလား၊ ဖောက်ပြန်ပြီးတော့ မပျက်လား၊ သိပြီးတော့ မပျက်လား၊ ဖြစ်
ပျက်လို့ မဟောလား။ ဘာသစ္စာလဲ၊ ချမ်းသာတဲ့တရားလား ဆင်းရဲတဲ့ တရားလား ၊
သိတော့ပယ်တယ်လို့မဟောဘူးလား၊ဆင်းရဲတယ်လို့သိတော့
လိုချင်တဲ့တဏှာလာသေးရဲ့လား၊ ဥပါဒါန်လာ သေးရဲ့
လား၊ကံလာသေးရဲ့လား၊ပဋိစ္စသမုပ္ပါဒ် သုံးမျိုးမပျက်လား။ တဏှာ ပဋိစ္စသမုပ္ပါဒ်၊
ဥပါဒါန် ပဋိစ္စသမုပ္ပါဒ်၊ ကံ ပဋိစ္စသမုပ္ပါဒ်၊ သုံးမျိုးပျက်တယ်နော်။
နောက်ခန္ဓာ ဇာတ်မသိမ်းလား။နိရောဓလို့ မဟောဘူးလား။ ဤနေရာရောက်အောင် ကြိုးစား
အားထုတ်ကြ။
ကဲ ကြားဆဲ ခန္ဓာက ဖြစ်ပျက်
ဘာသစ္စာလဲ(ဒုက္ခသစ္စာပါဘုရား။)သိတာက----မဂ္ဂသစ္စာ။(မဂ္ဂသစ္စာ ပါဘုရား။)သေတာက
----သမုဒယသစ္စာ။(သမုဒယသစ္စာပါဘုရား။)နောက်ခန္ဓာမလာတာ...(နိရောဓသစ္စာပါဘုရား။)ပဋိစ္စသမုပ္ပါဒ်
အကွက်ဘယ် နှစ်ကွက်ရှိ...။(လေးကွက်ရှိပါတယ် ဘုရား)တစ်ကွက်လျှင်
ဘယ်နှစ်ပါး။(ငါးပါးပါ ဘုရား)ငါး လေးလီ (နှစ်ဆယ်) ဤ ရှစ်သွယ်ကို
(အလွယ်ကျက်မှတ် သိစေအပ်သည် သံသရာမှ လွတ်ကြောင်းတည်း။)အေး သာဓုခေါ်။
သာဓု ......... သာဓု ......... သာဓု ။
သြဝါဒ။ ။စားသောက်ပြီး နေ့လည်၁၂နာရီခွဲ ကနေ ၁နာရီခွဲကို ဒီမှာတရားထိုင်ကြ
ကြားလား။ ကိုယ်ရတဲ့ ဘုရားရှိခိုး-ခိုး။ခိုးပြီးရင်
တရားထိုင်၊၁၂နာရီခွဲက၁နာရီခွဲ၊၁နာရီခွဲစေ့တော့အခါ အားလုံးနား၊
အညောင်းညာဆန့်-ပြု နာရီဝက်၊၂နာရီထိုးတဲ့အခါ ဘုန်းကြီးတရားဟောမယ် ကြားလား။
အေး သိဖို့ အရေးကြီးတယ်၊ သိမှ ပယ်နိုင်တယ်လို့ မဟောဘူးလား။ အဲဒါကြောင့်
ကံလမ်းဆိုတာ သိရတယ်၊ ဈာန်လမ်း သိရတယ်။ဉာဏ်လမ်း သိရတယ်။
အခုကံလမ်းကိုလည်း မသိ၊ ဈာန်လမ်းလည်းမသိ၊ ကံလမ်းက၃၁ဘုံက ဘယ်တော့မှ
မထွက်ဘူး။ အကုသိုလ်ကံကြောင့် အပါယ်လေးရွာ၊ ကုသိုလ်ကံကြောင့်
သုဂတိဗြဟ္မာနှစ်ဆယ်၊ အဲဒါ ဗြဟ္မာနှစ်ဆယ်က ဈာန်၊ သုဂတိ လူ့ပြည်နဲ့ နတ်ပြည်က
ကံ၊ ကုသိုလ်ကံ၊ အပါယ်လေးရွာက အကုသိုလ်ကံ၊ ၃၁ဘုံက ထွက်တာက ဉာဏ်၊ အဲဒါ လူတွေ
နားမလည်လို့ ခက်နေတာဗျား ကြားလား၊ စဉ်းစား စဉ်းစား။
အဲဒါ ကံဘက်ကလည်း
ငါးပါးသီလကုိ ကုိယ္ဝတ္တဲ့ ထမီ+ အက်ႌ၊ ပုဆုိး+ အက်ႌ ကဲ့သို့ မြဲအောင်
ဝတ်သလို ငါးပါးသီလကို လုံခြုံဖို့ လိုတယ်။ သမ္မုတိနယ်မှာ။ဉာဏ်ဘက်က ၃၁ဘုံက
ထွက်တာ၊ ကံလမ်းလည်း သူ့နေရာနဲ့ သူ ၊ ဉာဏ်လမ်းလည်း သူ့နေရာနဲ့သူ၊
လိုတယ်ဗျား၊ အဲဒါ အရေးကြီးတယ်။
(ခြေထောက်နှိပ်စမ်းဦး)စာအုပ်လေးတွေကြည့်ကြ။ စာအုပ်လေးတွေ ကြည့်ကြ၊လေ့လာကြ။
စာအုပ်ကြည့်မှ ဟိုကို ဒီကို စိတ်မရောက်ဘူး။ဝိပဿနာဉာဏ်မရဘူးထား။
စာကြည့်တဲ့အချိန်လေးက ကုသိုလ်။
(ကမျဉ်းနီ=အဆိပ်ရှိသည့် အလွန်သေးငယ်သော ပိုးကောင်နီတမျိုး-။၁-၅)
No comments:
Post a Comment