Saturday, December 24, 2016

နူပဝဒေယျ ကဉ္စိ = မည်သူ့ကိုမျှ မစွပ်စွဲရာ

အခြား မည်သည့် ပုဂ္ဂိုလ်ကို မဆို သီလ၀ိပတ္တိ = သီလ ပျက်စီးခြင်းဖြင့် လည်းကောင်း၊ အာစာရ၀ိပတ္တိ = ကျင့်ဝတ် အာစာရ၏ ပျက်စီးခြင်းဖြင့် လည်းကောင်း၊ မိမိကိုယ်ကို ချီးမြှောက် လိုခြင်းဖြင့် လည်းကောင်း သူတစ်ပါးကို ကဲ့ရဲ့ ရှုတ်ချ လိုခြင်းဖြင့် လည်းကောင်း မစွပ်စွဲရာ။ အကယ် စင်စစ်အားဖြင့် မိမိ၏ သန္တာန်၌ ငါးမျိုးသော တရားတို့ကို ရှေးရှုတည်စေပြီးမှ --

၁။ ကာလေန ၀က္ခာမိ = ပြောသင့်သော အချိန်အခါ ၌သာ ပြောဆိုအံ့၊
နော အကာလေန = မပြောသင့်သောအချိန်အခါ၌ မပြောဆိုအံ့၊

၂။ ဘူတေန ၀က္ခာမိ = အမှန်စကားဖြင့်သာ ပြောဆိုအံ့၊
နော အဘူတေန = မမှန်စကားဖြင့် မပြောဆိုအံ့၊

၃။ သဏှေန ၀က္ခာမိ = သိမ်မွေ့သော စကားဖြင့် ပြောဆိုအံ့၊
နော ဖရုသေန = ကြမ်းတမ်းသော စကားဖြင့် မပြောဆိုအံ့၊

၎။ အတ္ထ သံဟိတေန၀က္ခာမိ = အကျိုး စီးပွားနှင့် ယှဉ်သည့် စကာဖြင့် ပြောဆိုအံ့၊
နော အနတ္ထသံဟိတေန = အကျိုးစီးပွားနှင့် မယှဉ်သည့် စကားဖြင့် မပြောဆိုအံ့၊

၅။ မေတ္တစိတ္တောဝက္ခာမိ = မေတ္တာစိတ်ရှိလျက် ပြောဆိုအံ့၊
နော ဒေါသန္တ္တရော = ဒေါသစိတ်ဖြင့် မပြောဆိုအံ့ --

ဤသို့လျှင် ထိုမှာဘက်ကမ်းသို့ ရောက်အောင် ပို့ဆောင် တတ်သော ဖောင်နှင့် သဘာဝချင်း တူညီသော သဘောတရား၌ ရပ်တည်နေသော
စိတ်ဓာတ်ဖြင့် သာလျှင် သာသနာတော်၌ နေထိုင်ပါ။ (သံ၊ဋ္ဌ၊၃၊၇၃-၇၄။)

#ဖားအောက်တောရဆရာတော်

No comments:

Post a Comment