တစ်နေ့က တပည့်တော် ဘုရားခန်းထဲထိုင်နေရင်း ကျေးဇူးတရားအကြောင်း ပြန်စဉ်းစားမိတယ်ဘုရား။ တပည့်တော် သိတာက
၁။ ကျေးဇူးသိတတ်ရမယ်
၂။ သိတဲ့အတိုင်းလည်း ပြန်ဆပ်ရမယ်
၃။ မဆပ်နိုင်တောင် ကျေးဇူးကို ချေဖျက်တဲ့အရာမျိုး မလုပ်ရဘူး.. စသဖြင့်
မိဘ၊ ဆရာသမား၊ မိတ်ဆွေတွေလိုမျိုး လူပုဂ္ဂိုလ်တွေအပေါ် ကျေးဇူးဆပ်တာတော့ ထိုက်သင့်သလောက် တပည့်တော် နားလည်ပါတယ် ဘုန်းဘုန်း။ အကောင်းဆုံးကျေးဇူးဆပ်နည်းက
ဒါပေမယ့် ရဟန်းသံဃာတွေရဲ့ ကျေးဇူးကိုကျတော့ ဘယ်လိုဆပ်ရမလဲ ဘုရား။ ဆိုလိုတာက ဥပမာ ဘုန်းဘုန်းတို့ ရေးတဲ့ဆိုဒ်တွေကို ၀င်ဖတ်တယ်။ တရားအသိတွေရတယ်၊ ဒါဆိုရင်ပဲ ကျေးဇူးကရှိသွားပြီ။ အဲ အဲလိုမကပဲ ဘုန်းဘုန်းတို့ဆီက တိုက်ရိုက်အဆုံးအမစကား တစ်ခွန်း ရရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တရားတစ်ပုဒ်တစ်လေ နာကြားရရင်ပဲဖြစ်ဖြစ် ဒီလိုဆိုရင် ကျေးဇူးက ပိုများသွားပြန်ကော။
အဲလို၊ အဲလို တပည့်တော်အပေါ် ကျေးဇူးရှိဖူးတဲ့ ရဟန်းသံဃာတွေကို ပြန်စဉ်းစားကြည့်တော့ တော်တော်လေးကို အရေအတွက် များနေတာကို တွေ့ရတယ်ဘုရား။
- အဲဒါ တကယ်လို့ တစ်ပါးချင်းစီ ဆပ်နိုင်မယ်ဆို၊ ဒါမှမဟုတ် တစ်ပါးပါးကို အကြောင်းတိုက်ဆိုင်လို့ ဆပ်ခွင့်ကြုံပြီဆို ဘယ်လိုကျေးဇူးဆပ်ရမလဲ ဘုရား၊
- ဘယ်လို ကျေးဇူးဆပ်တာ အကောင်းဆုံး ဖြစ်စေမလဲ ဘုန်းဘုန်း
- အဆုံးအမတွေကို လိုက်နာ ကျင့်သုံးတာ အကောင်းဆုံး ဆိုခဲ့ရင်လည်း.. ဒီ့အပြင် တခြား ဘယ်လိုနည်းတွေနဲ့ ကျေးဇူးဆပ်လို့ ရနိုင်သေးလဲ ဘုရား
- နောက်ပြီး ကျေးဇူးရှိတဲ့ ရဟန်းသံဃာတွေက များလွန်းတော့ အားလုံးကိုခြုံပြီး ကျေးဇူးဆပ်မယ်ဆို ဘယ်လိုနည်းက သင့်လျော်ပါသလဲ ဘုန်းဘုန်း။
- ဘုရားရှင် ဟောကြားခဲ့တဲ့ ကျေးဇူးဆပ်နည်းလေးများ ရှိခဲ့ရင်လည်း ရိုရိုသေသေ ဖတ်ရှု နာကြားချင်ပါတယ်ဘုရား။
ရိုသေစွာ ဦးတင်လျက်
ဖိုးသား
A. ၃၈ဖြာ မင်္ဂလာ တရားတော်တွေထဲမှာ သူ့ကျေးဇူးကို သိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးပဲလို့ ဘုရားဟောပါတယ်။ ကျေးဇူးတရားဆိုတာ ကျေးဇူးကို မသိတတ်တဲ့သူတွေ အများကြီးထဲက ကျေးဇူးရှိတယ်လို့ သိတတ်ရင်ကိုပဲ အတော်လေး ဟုတ်နေပါပြီ။ ဒီထက်ပိုပြီး ကျေးဇူးတရား ရှိတယ်ဆိုတာကိုသိကာ ဒီကျေးဇူးကို ပြန်ဆပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အကယ်၍ အခွင့်မသာလို့ ပြန်မဆပ်နိုင်တာတောင်မှ ကျေးဇူးရှင်ကို မစော်ကားမိဖို့ လိုပါတယ်။ ကျေးဇူးမဆပ်နိုင်တာဟာ တာဝန်မကျေရုံလောက်ပဲ ဖြစ်နိုင်ပေမယ့် ကျေးဇူးရှင်ကို စော်ကားမိရင်တော့ ဒါဟာ ကိုယ်ကိုယ်တိုင် ပြန်ခံရတဲ့အထိ ပေးဆပ်ရတတ်ပါတယ်။ ဒါကြောင့် ကျေးဇူးတရားကို သိတတ်ဖို့ လိုသလို သိပြီးရင်လည်း ပြန်ဆပ်တတ်ဖို့လိုကာ ပြန်မဆပ်နိုင်သေးရင်လည်း ကျေးဇူးရှင်ကို ကျေးမစွပ်ဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
ကျေးဇူးတရားကို ပြန်ဆပ်ဖို့ကတော့ ဒကာလေး ပြောသလို တရားနဲ့ဆပ်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားနဲ့အညီ၊ ဆရာသမားများရဲ့ ဆုံးမသြဝါဒနဲ့အညီ ကျင့်ကြံနေထိုင်ခြင်းဟာ ကျေးဇူးတရားကို အကောင်းဆုံး ပြန်လည်တုံ့ပြန်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို မဆပ်နိုင်သေးပါက တရားဓမ္မနဲ့ ဆပ်ခြင်း၊ ပစ္စည်းလာဘ်လာဘနဲ့ ဆပ်ခြင်းဆိုတဲ့ ကျေးဇူးဆပ်နည်း နှစ်မျိုးထဲက ပစ္စည်းဝတ္ထုနဲ့ ဆပ်နိုင်ရင်လည်း ကျေးဇူးကို ပြန်လည်တုံ့ပြန်ရာ ရောက်ပါတယ်။ ဆရာဒကာဆိုတဲ့ ကျေးဇူးတင်ထိုက်၊ ကျေးဇူးဆပ်ထိုက်သူတွေရဲ့ ကျေးဇူးဆပ်မှုမှာ ရဟန်းတော်များက ဒကာဒကာမများရဲ့ ကျေးဇူးကို ဓမ္မနဲ့ ကျေးဇူးပြန်ဆပ်နိုင်ပြီး ဒကာဒကာမများကတော့ ရဟန်းသံဃာတော်များကို အာမိသဆိုတဲ့ ပစ္စည်းဝတ္ထုနဲ့ ပြန်လည်ကျေးဇူးဆပ်နိုင်ပါတယ
လူ့ကျင့်ဝတ်ဆိုတော့ သိင်္ဂါလသုတ်မှာ ဘုရားဟောထားတဲ့ လူဒကာဒကာမတွေရဲ့ ကျင့်ဝတ်ငါးပါးကိုပဲ ပြောရမှာဖြစ်ပါတယ်။ လူဒကာဒကာမတွေ အနေနဲ့ ရဟန်းသံဃာတော်များ အပေါ်မှာ
၁။ မေတ္တာနဲ့ယှဉ်တဲ့ ကာယကံမှုကိုပြုခြင်း
၂။ မေတ္တာနဲ့ယှဉ်တဲ့ ဝစီကံမှုကို ပြုခြင်း
၃။ မေတ္တာနဲ့ယှဉ်တဲ့ မနောကံမှုကို ပြုခြင်း
၎။ အလောဘတံခါးကို ဖွင့်ထားခြင်း (အလိုရှိသည့်အခါ အလှူခံဖို့ ဖိတ်ကြားခြင်း)
၅။ ဆွမ်းစတဲ့ အာမိသတို့ကို ပေးလှူခြင်း ဆိုတဲ့ အချက်ငါးချက်နဲ့အညီ နေထိုင်ကျင့်သုံးဖို့ ဟောကြားထားပါတယ်။ လူဒကာဒကာမများ အနေနဲ့ ဒီကျင့်ဝတ်နဲ့အညီ ကျင့်ကြံနေထိုင်နိုင်မယ်ဆို
ဗုဒ္ဓလက်ထပ်တော် အခါက မာတိကာမာတာဆိုတဲ့ ဒကာမကြီးတစ်ယောက်ဟာ ရွာကိုတရားအားထုတ်ဖို့ ကြွလာတဲ့ ရဟန်းတော်များအထံက ကမ္မဋ္ဌာန်းတရားကို အားထုတ်ပြီး အနာဂါမ်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတော်များကတော့ တရားမရနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ဒီလို သူ့ရဟန်းများ တရားမရတာဟာ ဘာကြောင့်ဆိုတာသိတဲ့ ဒကာမကြီးက ရဟန်းတော်များနဲ့ သင့်တော်မယ့် ဆွမ်းအာဟာရ စတဲ့လိုအပ်ရာရာတွေကို စီမံဖန်တီး လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီလို ဒကာမကြီးရဲ့ စီမံဖန်တီးမှုကို ခံယူပြီး ရဟန်းတော်များဟာ တရားကို ကြိုးစားအားထုတ်လိုက်တာ တစ်ပါးပြီးတစ်ပါး တရားရသွားခဲ့ပါတယ်။ မာတိကာမာတာ ဒကာမကြီးဟာ ရဟန်းတော်များရဲ့ ကမ္မဋ္ဌာန်းတရား ပြသမှုကျေးဇူးကို ကိုယ်ကိုယ်တိုင် လက်တွေ့တရားအားထုတ်ခြင်း၊ ရဟန်းတော်များ လိုအပ်တဲ့ ဆွမ်းအစရှိတဲ့ အာမိသကို လှူဒါန်းထောက်ပံ့ပေးခြင်းနဲ
ဆိုလိုတာက ဒကာလေးအပေါ် ကျေးဇူးများတဲ့ ရဟန်းသံဃာတော်များအား ကျေးဇူးဆပ်မယ်ဆိုရင် အဲဒီရဟန်းတော်များ သင်ကြားဟောကြားပေးတဲ့အတိုင်
ဒါကြောင့် ကျေးဇူးတွေများလွန်းလို့ ကျေးဇူးဆပ်ဖို့ အခက်အခဲ ဖြစ်နေတဲ့ ဒကာလေးအနေနဲ့ တရားနဲ့အညီ ကျေးဇူးဆပ်နိုင်ဖို့ တရားလည်းကျင့်၊ ကျင့်သိတဲ့အတိုင်းလည်း ဟောပြော၊ ကျင့်ဝတ်များလည်း ဖြည့်ဆည်းကာ မေတ္တာလည်းပွား၊ အာမိသအားနဲ့လည်း လှူဒါန်းပေးမယ်ဆိုရင် တာဝန်အကျေဆုံး ကျေးဇူးဆပ်သူတစ်ယောက် ဖြစ်နေမှာ ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။
စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
No comments:
Post a Comment