Thursday, December 1, 2016

အလှူတစ်ခုမှ ပါရမီ ( ၁၀ ) ပါး ရရှိပုံ



 ( ၁ )အလှူတစ်ခု ပေးမလှူခင်  ရှေးဦးစွာ နိဗ္ဗာန်ကို တောင်းတပြီးမှသာ မိမိအလှူကို   ပေးလှူ ရပါမယ် ။
သို့မှသာ  မိမိရဲ့ အလှူဟာ ဒါနပါရမီ မြောက်တာပါ ။

 ( ၂ )သီလ စောင့်တည်ပြီး လဲ  ပေးလှူ ရပါမယ် ၊ အလှူနဲ့ နွယ်တဲ့ သီလ ပါရမီ ပေါ့ ။

 ( ၃ ) ပေးကမ်း ၊ လှူဒါန်း လိုက်ရတဲ့ အတွက် လောဘမှ ထွက်မြောက်ခြင်းဆိုတဲ့ နေက္ခမ္မ ပါရမီ မြောက်တာပါ ။

 ( ၄ ) ပေးလှူတဲ့ စေတနာကုသိုလ်ကို သိသောဥာဏ် ၊ စေတနာ ဖြစ်ကြောင်းကို သိသောဥာဏ် ၊ စေတနာဧ။်ဖြစ်ခြင်းကို သိသောဥာဏ် တို့ဟာ ပညာ ပါရမီ ဖြစ်စေတာပါ ။

 ( ၅ )အလှူနဲ့ ဆက်စပ်ပြီး  ဒါန ၊ သီလ ၊ သမထ ၊ ၀ိပဿနာအားထုတ်ခြင်းဟာ ၀ီရိယ ပါရမီ ပါ ။

 ( ၆ )လှူဖွယ်ကိစ္စ ကိုအားထုတ်ပြီးပင်ပန်းခြင်းကို သီးခံ တာဟာ ခန္တီ ပါရမီ ပါ ။

 ( ၇ )လှူမယ်လို့ မှန်ကန်တဲ့ စကားဆိုခြင်းဟာ  သစ္စာ ပါရမီ ပါ ။

 ( ၈ )ဒီ အလှူ  ပြီးမြောက်အောင် လုပ်မယ်လို့  စိတ်ပိုင်းဖြတ်တာဟာ  အဓိဋ္ဌာန် ပါရမီ  ပါ ။

 ( ၉ )အလှူဖြင့်  တပါးသူ ချမ်းသာအောင် ကာယကံ ၊ ၀စီကံ ၊ မနောကံ မြောက် မေတ္တာ ပြုခြင်းဟာ
မေတ္တာ ပါရမီ ပါ ။

 ( ၁၀ )လှူဖွယ် ပစ္စည်းတွေကို တွယ်တာခြင်းမရှိ လျစ်လျူရှုပြီး လှူခြင်းဟာ ဥပေက္ခာ ပါရမီ ပါ ။

No comments:

Post a Comment