ထိုအကြံကို သီရိဓမ္မာသောကမင်းကြီးအား လျှောက်ထား လေ၏။ သီရိဓမ္မာ သောကမင်းကြီးသည် ညီတော်တိဿ မင်းသားကိုဆုံးမလိုသည့်အတွက
“ညီတော်တိဿ….လာပါ။ ၇-ရက်တိတိ ထီးနန်းစံပါ။ ၇-ရက်ပြည့်ရင်တော့ ညီတော်ကို သတ်မယ်” ဟု မိန့်ကြားလေ ၏။ တိဿမင်းသားသည် “၇-ရက်ပြည့်ရင် ငါဟာ အသတ် ခံရတော့မယ်(သေရတော့မယ်)”ဟု တွေးပြီး ရေမချိုးနိုင်၊ မအိပ်နိုင်၊ မစားနိုင်ဖြစ်ကာ ခန္ဓာကိုယ်မှာ ပိန်ချုံးလာလေ၏။ ၇-ရက်ပြည့် သောအခါ
သီရိဓမ္မာသောကမင်းကြီးက....
”မင်းဟာ ဘာဖြစ်လို့ မအိပ်နိုင်၊ မစားနိုင်ဖြစ်ပြီး ပိန်ချုံး သွားတာလဲ”ဟု မေးလေ၏။
ထိုအခါ တိဿမင်းသားက….
”သေရမည့်ဘေးကို တွေးကြောက်နေမိ လို့ပါ”ဟု လျှောက်တင်ရာ…”
ဟဲ့တိဿ….၇-ရက်ကြာမှ သေရမယ်လို့ ရက် တိတိကျကျ ပိုင်းဖြတ်ပြီး သိတဲ့ မင်းတောင်မှ လွတ်လွတ်လပ်လပ် မပျော်ရွင်နိုင်ဘူးဆိုရင် ထွက်သက်ဝင်သက်တိုင်း အစဉ်မ ပြတ် သေဘေးကိုရှုနေကြတဲ့ ရဟန်းတော်တွေမှာ ဘယ်မှာ ပျော်နိုင်မှာလဲ”ဟု မိန့်တော်မူလေ၏။
တိဿမင်းသားသည် ထိုအခါမှ သာသနာတော်ကို ပို၍ ကြည်ညိုလေ၏။ နောင်တစ်ချိန်တွင် ရဟန်းပြုရာ ရဟန္တာ ဖြစ်သွားလေ၏။
ဤ၌ တိဿမင်းသားသည် အစက သူလို ကိုယ်လိုပင်။ သေခြင်းတရားကို သတိမရ။ သေခြင်းတရားနှင့်ပတ်သက်၍ အသိမရှိ၊ သတိမရှိ။ မေ့လျော့ကာနေ၏။ တကယ်သေရ မည်ဆို သောအခါမှ မအိပ်နိုင်၊ မစားနိုင်လောက်အောင်ပင် ထိတ်လန့်မှုဖြစ်လေ၏။ ယင်းထိတ်လန့်မှုကို အခြေခံကာ နောင်တွင် ရဟန္တာဖြစ်သွားလေ၏။
ဆိုလိုသည်မှာ ထိတ်လန့်မှုသံဝေဂသည် နိဗ္ဗာန် ရောက် အောင် ပို့ဆောင်ပေးနိုင်စွမ်းရှိသ
လက်ရှိအကျိုးတရားကား စိတ်ဓာတ်များ မြင့်မားလာခြင်းပင် ဖြစ်၏။ မှန်ပေသည်။ ပုထုဇဉ် တို့သဘောမှာ အများအားဖြင့် မဟုတ်တာလုပ်ရမည်ကို သဘောကျတတ်၏။ မဟုတ်တာ ပြောဆို ရသည်ကို ကျေနပ်နေတတ်၏။ မကောင်းတာကြံ စည်နေရသည်ကို နှစ်ခြိုက်နေတတ်၏။ ထိတ်လန့်မှုသံဝေဂ ပွားများသူတစ်ယောက်အနေနှင့်
ထို့ကြောင့် သံဝေဂပွားများသူ၏ ဘ၀သည် တဖြည်းဖြည်း အထက်တန်းကျလာ၏။ အခြေ ခိုင်လာ၏။ တည်ငြိမ်လာ၏။ အေးချမ်းလာ၏။ ကိုယ်လိုသူလို သာမန်စိတ်ထားမျိုးမှ အဆင့်အတန်း မြင့်မားသော စိတ်ဓာတ်၊ အပြောအဆို၊ အပြုအမူများ ပိုင်ဆိုင်လာ၏။ သို့ဖြစ်၍ လူတို့သည် သံဝေဂ ဖြစ်စရာမြင်ကွင်းကို ရှေ့မှာထား၍ အမှုမဲ့ အမှတ်မဲ့ မနေ သင့်ပေ။ အသိတရား၊ သတိတရား ရှိသင့်ပေ၏။ “ငါလည်း တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့လို သေရ မှာပါလား”ဟု ထိတ်လန့်မှုသံဝေဂ ဖြစ်သင့်ပေ၏။
မိမိချစ်ခင်မြတ်နိုးအပ်သော မိဘ၊ သားသမီး၊ ဇနီးမယား၊ လင်သား၊ မိတ်ဆွေသူငယ်ချင်း၊ (သို့မဟုတ်) ဘ၀တူ လူသားတစ်ဦးကို ဘာမျှတန် ကြေးမရှိသော စိတ်မကောင်း မှု၊ သနားမှု၊ ၀မ်းနည်းကြေကွဲမှု၊ ပူဆွေးသောကရောက်မှု တို့မျှ လောက်နှင့် အလဲအလှယ် ပြုလုပ်မည်လား၊ စဉ်းစား သင့်ပေ၏။ အမှန်အားဖြင့် လဲချင်းလဲရလျှင် “ငါလည်းပဲ တစ်နေ့နေ့တစ်ချိန်ချိန်မှာ သူတို့လို သေရမှာပါလား” ဆို သော တန်ဖိုးရှိသော ထိတ်လန့်မှုသံဝေဂနှင့်သာ လဲလှယ် သင့်ပေ၏။ သို့မှသာ အတိုင်းအတာတစ်ခုအထိ လဲလှယ်ရ ကျိုးနပ်မည် ဖြစ်ပါကြောင်း
သံဝေဂမှသည်……(ကုသိုလ်တော်)
No comments:
Post a Comment