ဘိက္ခဝေ, ကုလပုတ္တော။
သော စ ဟောတိ အဘိဇ္ဈာလု
ကာမေသု တိဗ္ဗသာရာဂေါ ဗျာပန္နစိတ္တော ပဒုဋ္ဌမနသင်္ကပ္ပေါ မုဋ္ဌဿတိ အသမ္ပဇာနော အသမာဟိတော ၀ိဗ္ဘန္တစိတ္တော ပါကတိန္ဒြိယော။ သေယျထာပိ ဘိက္ခဝေ, ဆ၀ါလာတံ
ဥဘတောပဒိတ္တံ မဇ္ဈေ ဂူထဂတံ,
နေ၀ ဂါမေ ကဋ္ဌတ္ထံ ဖရတိ,
နာရညေ ကဋ္ဌတ္ထံ ဖရတိ။
တထူပမာဟံ ဘိက္ခဝေ
ဣမံ ပုဂ္ဂလံ ၀ဒါမိ ဂိဟိဘောဂါ စ
ပရိဟီနော သာမညတ္ထဉ္စ န ပရိပူရေတိ။"
(ခန္ဓဝဂ္ဂပါဠိ-သံ-၂၊ခဇ္ဇနီယဝဂ္ဂ
"ရဟန်းတို့ ဤသို့ ရဟန်းပြုသော အမျိုးသားသည်လည်း မက်မောခြင်း 'အဘိဇ္ဈာ' များသူ ကာမတို့၌ ထက်သော စွဲမက်မှုရှိသူ ဖျက်ဆီးလိုသော စိတ်ရှိသူ ပြစ်မှား လိုသော စိတ်အကြံရှိသူ သတိမေ့လျော့သူ ပညာဆင်ခြင်တုံ မရှိသူ မတည်ကြည်သူ တုန်လှုပ်သော စိတ်ရှိသူ ဣနြေ္ဒတို့ကို မစောင့်စည်းသူ ဖြစ်ခဲ့အံ့၊ ရဟန်းတို့ နှစ်ဖက်မှ ရဲရဲလောင် နေသော အလယ်မှ မစင်ပေနေသော သူကောင်မြှိုက် ထင်းကုလားတုံး မီးစသည် ရွာ၌လည်း ထင်းကိစ္စကို မပြီးစေနိုင်၊ တော၌ လည်း ထင်းကိစ္စကို မပြီးစေနိုင် သကဲ့သို့ ထိုနည်းတူစွာ ဤပုဂ္ဂိုလ်ကို လူ့စည်းစိမ် မှလည်း ယုတ်သူ ရဟန်း ပြုကျိုး ကိုလည်း မပြည့်စုံ စေနိုင်သူဟု ငါဆို၏။" မိန့်တော်မူပါတယ်။
ဘုရားရှင်က ဘယ်လိုမိန့်လဲ ရှင်ရဟန်း ဖြစ်လာ ပြီးနောက် လောဘတွေက ကြီးလိုက်တာ၊ ဒေါသ တွေကလည်းများ ကမ္မဋ္ဌာန်းအာရုံက လက်လွတ် နေတယ်။ ဝိဿနာအာရုံ ကလည်း လက်လွတ် နေတယ်။ တည်ကြည်တဲ့ စိတ်ဓာတ် ကလည်း မရှိဘူး၊ စိတ်ဓာတ် တွေက အမြဲတမ်း တုန်လှုံ့ နေတယ်။ သူ့ဣနြေ္ဒသိက္ခာကို ကြည့်တာနဲ့ လောဘဖြစ်မှန်း ဒေါသဖြစ်မှန်း မာန်မာနဖြစ်မှန်း သိပ်ပြီး ပေါ်လွင် နေတယ်။
အဲ့လိုပုဂ္ဂိုလ်မျိုးကို ဘုရားရှင်က ဘာမိန့်လဲ" ထင်းကုလားတုံး ဆိုတာ လူသေကောင် ရှို့တဲ့ နေရာမှာ သုံးတဲ့ တစ်ပေ ဝန်းကျင်လောက် ဖြတ်ထားတဲ့ သစ်သားတုံးလေး တွေပါ၊ ဒီတုံးတွေပေါ် လူသေကောင် ကို တင်ပြီး မီးရှို့လိုက်တယ်။ တစ်ချို့ ထင်းတုံးတွေက အကုန် မီးမလောင်ဘဲ တစ်ပိုင်းတစ်စ ကျန်နေတယ်။ ဟိုဘက်ထိပ်လည်း မီးလောင်ထား တယ် ဒီဘက်ထိပ်လည်း မီးလောင်ထား တယ် အလယ်ကောင် ကတော့ မီးမလောင်ဘူး ကျန်နေတယ် ဘာလို့လဲ သေကောင်လောင် ပြီးတော့ တော်လောက် ပြီ ဆိုပြီး ရေဖြန်းလိုက်တော့ အလယ်က ကျန်နေတယ်။
ထိုမီးမလောင်ဘဲ ကျန်တဲ့ ထင်းကုလားတုံး ပေါ်မှာ တောထဲ ထင်းခုတ် ဖက်ခူးဖို့လာတဲ့ သူတစ်ချို့က မအောက် နိုင်တော့ သုဿံထဲဝင်ပြီး မစင်စွန့်ပြန်ကော ထိုင်စရာက အချိုးမကျတော့ ထင်းကုလားတုံး အလယ်ခေါင်ပေါ် ထက်ထိုင်ပြီး မစင်က စွန့်လိုက် မိသား ဖြစ်နေတယ်။ အလယ်ခေါင်မှာ မစင်တွေက လူးလိမ်း ပေကျန်နေတယ် နှစ်ဖက်သော ထိပ်မှာတော့ မီးက ကျွမ်းထားတယ်။ ဒီထင်းကုလားတုံးကို ယူဆောင်
ပြီးတော့ ရွာထဲမှာ စာပွဲလေး ကုလားထိုင်လေး ပြုလုပ်မယ်ဆို ရပါတော့မလား?။ တောထဲမှာလည်း သုံးမယ် ဆိုရ ပါတော့မလား?။ မရတော့ဘူး ရွာထဲလည်း သုံးလို့မရ တောထဲလည်း သုံးလို့ မရဘူး။
ဒီလိုပုဂ္ဂိုလ်မျိုးကို ထင်းကုလားတုံး ဥပမာတင်၍ ဟောတော်မူတယ်၊ ဘယ်လိုကြောင့်လဲ ရှေ့တစ်ဖက် မီးလောင် ထားသလို လူတို့ ရရှိမည့် စည်းစိမ် ဥစ္စာလည်း ဆုံးရှုံးခဲ့ပြီ နောက်တစ်ဖက် မီးလောင် ထားသလို ရဟန်းတို့ ရသင့်ရထိုက်သော မဂ်ဖိုလ် နိဗ္ဗာန် သည်လည်း ဆုတ်ယုတ်ခဲ့ပြီ။ နှစ်ဖက်လုံး ကလည်း ပျက်စီးနေပြီ အလည်ခေါင် ကလည်း သီလ သမာဓိကို မကျင့်ကျန်ဘဲ လောဘ ဒေါသ စတဲ့ ကိလေသာ မစင်တွေကလည်း လူးလိမ်း ပေကျန် နေတယ်။ အဲ့လိုပုဂ္ဂိုလ်မျိုးကို ဘုရားရှင်က ဘယ်လို ဟောထားလဲ "ထင်းကုလားတုံး" နဲ့ ပမာ တူသော သူလို့ ဆိုပါတယ်။
#ဖားအောက်တောရဆရာတော် ဗြဟ္မနိမန္တနိကသုတ္တန်"
No comments:
Post a Comment