Monday, December 5, 2016

အဘိဓမ္မာသင်တန်းဆိုတာ

လူတွေက အဘိဓမ္မာဆိုတာနဲ့ လန့်သွားတယ် ဆိုတာ ဘုန်းကြီး ၀ါရှင်တန်မှာ အဘိဓမ္မာ သင်တန်း ပို့ချတုန်းက အမျိုးသမီး တစ်ယောက် က ဘုန်းကြီးကို လျှောက်တယ်။

=================================

“အဘိဓမ္မာသင်တန်းဆိုတာ အင်မတန် ခက်ခဲတယ်။ တပည့်တော် နားလည်နိုင် မှာ မဟုတ်ဘူး ဆိုပြီး သင်တန်းလာမ တက်တာပါ ဘုရား” လို့ ဒီလိုလျှောက် ထားဖူးတယ်။

=================================

အမှန်ကတော့ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်း ကိုယ်သိဖို့ သင်ကြား တဲ့ကျမ်းလို့ ဘုန်းကြီးတို့က ယူဆပါတယ်။ လူတွေက များသောအားဖြင့် ကိုယ့်အကြောင်းကိုယ် သိပ်ပြီးတော့ မသိကြဘူး။ သိတယ်လို့ ထင်နေကြတယ်ဆိုပေမဲ့ တကယ်တမ်း ကိုယ်ဘ၀ကလာသလဲ၊ ဘယ်လိုမွေး ဖွားလာသလဲ၊ ကိုယ်ရှင်သန်နေတဲ့ အချိန်မှာ ဘယ်လိုနေသလဲ၊ သေတော့ ဘယ်လိုသေ သလဲဆိုတဲ့ ကိုယ့်ရဲ့ သိသင့် သိထိုက်တဲ့ အကြောင်းတွေကို မသိကြတာပါ။

=================================

ကိုယ်က ဘယ်မြို့ဘယ်ရွာမှာ မွေးတယ်၊ ဘယ်သူ့သား၊ နာမည်က ဘယ်လိုခေါ်တယ်၊ ဒီလို အပေါ်ယံ လေးတွေလောက်သာ သိနေကြ တာပါ။ အဘိဓမ္မာဆိုတာ ကိုယ့်အကြောင်းကိုယ် အသေးစိတ်သိအောင် ဖေါ်ပြတဲ့တရားဖြစ်ပါတယ်။

=================================

ဒါကြောင့်လက်တွေ့ဘ၀မှာဆိုလို့ရှိရင် အဘိဓမ္မာ ကိုသင်ထားတဲ့၊ အဘိဓမ္မာကိုလေ့လာထားတဲ့ ပုဂ္ဂိုလ်ဟာ ကိုယ်နေ နေတာဟာ ကုသိုလ်စိတ် နဲ့နေတာလား၊ အကုသိုလ်စိတ်နဲ့နေတာလား ဆိုတာကို ကွက်ကွက်ကွင်းကွင်း သိပါတယ်။ သိတော့ နေ့စဉ်ဘ၀မှာ အင်မတန်မှ တန်ဖိုး ရှိပါတယ်။ စိတ်ကိုဖြူစင်အောင် ထားတတ်လာ တယ်၊ ငါဖြစ်နေတာ ကုသိုလ်တွေဖြစ်နေတာ လား၊ အကုသိုလ် တွေဖြစ်နေတာလား၊ ကိုယ့်ဟာကိုယ် ရှင်းရှင်းလေးသိတယ်။

=================================

ဘ၀ဆိုတာ ဘယ်လိုစသလဲဆိုတာ လဲသိတယ်။ ဘယ်လို အဆုံးသတ်ရမလဲဆိုတာလဲသိတယ် ဆိုတော့ အဘိဓမ္မာဆိုတာ ကိုယ့်ဘ၀အတွက် ကိုယ်လျှောက် ရမည့်လမ်းကို ဖြောင့်ဖြောင့် တန်းတန်း မီးမောင်းထိုး ပြလိုက်တာဖြစ်လို့ အဘိဓမ္မာ သင်ကြားရတာဟာ သိပ်ပြီးတန်ဖိုးကြီး လှပါတယ်။

=================================
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ နန္ဒမာလာဘိဝံသ
Creditး

No comments:

Post a Comment