အမေးပုစ္ဆာ =... ဒီမဂ္ဂ၀ီထိမှာဒီမဂ်ပြီးတော့ ဖိုလ်,ဖိုလ် နှစ်ကြိမ်, သုံးကြိမ် ပစ္စုပ္ပန်ဖိုလ်၊ မဂ်ပါဖိုလ်- ၃ခုသာ ရှိတဲ့အတွက်ကြောင့် ဒီတရားရတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုဖြစ်သွားလိုက်တာ၊ တစ်ခါထဲ မေ့သွားလိုက်တာ ဘယ်နှစ်နာရီရှိမှန်းတောင် မသိပါဘူး၊ အဲဒါ နာရီကြည့်လိုက်တော့မှ သုံးနာရီ ထိုးတယ်၊ လေးနာရီထိုးတယ်ဆိုတဲ့ဟာ မဂ္ဂ၀ီထိနဲ့မကိုက်ဘူး ဖြစ်နေတယ်။
မဂ္ဂ၀ီထိဆိုတာ
အဖြေ=မကိုက်ဘူး၊ မဂ္ဂ၀ီထိဆိုတာသည် ဒီစိတ်တွေ အကုန်ချုပ်သွားတာ (တင်ပါ့) စိတ်နဲ့သဟဇာတ ဖြစ်တဲ့ ရုပ်လည်းချုပ်ပါတယ်။ (တင်ပါ့)ဒါဖြင့် တိုတိုပြောကြပါစို့ဖဿ, ဝေဒနာဆိုတာ ရုပ်နာမ်တွေ အာရုံနာမ်ရုပ်တွေဟာ အကုန်ချုပ်တယ်။ ဘာသစ္စာတုံးလို့မေးတော့ ဒုက္ခသစ္စာ၊ ဒီမှာမြင်တဲ့အတိုင်းဒုက္ခသစ္စာတွေ ချုပ်သွားတော့ကိုဒုက္ခ၏ချုပ်ရာ ဒီနေရာ အစားထိုးလာတာ နိဗ္ဗာန်ပေါ်လာတယ် ။ နိဗ္ဗာန်ကိုရှေးဦးစွာ မြင်တာကဂေါတြဘူ၊ နောက်ကျတော့ ဂေါတြဘူချုပ်သွားတော့ နိဗ္ဗာန်ကို မဂ်ကမြင်တယ်၊ နောက်ကျတော့ ဖိုလ်ကမြင်တယ်။ နောက်ကျတော့ ဘ၀င်တွေကျတော့မမြင်တော့ပါဘူ
အိပ်ပျော်နေတာနဲ့အတူတူပဲ
တကယ်လို့သူသည် တစ်နာရီ၊ နှစ်နာရီကြာတယ်ဆိုတာ ကိုယ့်ဘ၀င်စိတ်တွေ သူဖြစ်တာသာ ဆိုတာ နိဗ္ဗာန်ကို မြင်တာ မဟုတ်ဘူး၊ ဘ၀င်သည် နိဗ္ဗာန်ကို မမြင်နိုင် မဂ်နဲ့ ဖိုလ်သာ၊ ဂေါတြဘူရယ်၊ မဂ်ရယ် ဖိုလ်ရယ် ဒါသာ နိဗ္ဗာန်မြင်နိုင်တယ်၊ ပစ္စဝေက္ခဏာ နောက်ကလာရင် မြင်နိုင်တယ်ကျန်တဲ့ ဘ၀င်စိတ်တွေလာနေ တာ သူ နိဗ္ဗာန်ကိုအာရုံပြုနေတာ မဟုတ်ဘူး။ အိပ်ပျော်နေတာနဲ့အတူတူ၊ ရှင်းပြီလား(ရှင်းပါပြီ)။
နိဗ္ဗာန်မသိတဲ့အချိန်မရှိ
ဒါဖြင့် နိဗ္ဗာနံ ဂေါတြဘုဿ၊ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံမဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ အာရမ္မဏ ပစ္စယေန ပစ္စယောဟု ဟောသောကြောင့် အာရုံ အာရမ္မဏိက တွဲလျက်ဖြစ်သောကြောင့်ဘယ်အခ
သူပြောတာမှားတယ်
ဒါဖြင့် ကျုပ်တို့ဟာ နိဗ္ဗာန်အာရုံပြုလိုက်တာ နောက်မှ ထကြည့်တော့ တစ်နာရီလောက်ရှိတယ်လို့ သူပြောတာသည် မှားတယ်၊ မှားတော့ဘယ့်နှယ်ကြောင့် မှားသလဲ... နိဗ္ဗာနံ ဂေါတြဘုဿဆိုတာ တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံမဂ္ဂဿကော တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံဖလဿ နှစ်ကြိမ်သုံးကြိမ် ထားပါတယ်၊ အဲဒီနောက်မှာ ဘ၀င်တွေ့လာတော့နိဗ္ဗာန်မမြင်ပါဘူး။ နောက်ကျမှပြန်ဆင်ခြင်တယ် ငါခုနကဟာ ဘာပါလိမ့်မတုံးပြန်ဆင်ခြင်ြ
ရေအိုးတစ်ထောင်နဲ့လောင်းသလိုဆိုတာ
ဒါဖြင့်ရင် တစ်ကိုယ်လုံးအေး သွားတာပဲလို့ဆိုတော့ ဘုန်းကြီးကရှင်းပြပါမယ် အဲဒါ ဘုရားက ဥပရိပဏ္ဏသပါဠိတော်မှာ မပါဘဲနဲ့အဋ္ဌကထာဆရာက ဖွင့်တယ်(မှန်ပါ) အဋ္ဌကထာဆရာကဘာတုန်း ဆိုတော့ သီတဃဋသဟဿံ အာသိဉ္စမာနံ ၀ိယဟောတိ၊ ရေအိုးတစ်ထောင်နဲ့လောင်းသလို အေးသွားတတ်တယ်၊ ဥပမာပြတာ၊ တကယ်အေးတာမဟုတ်ပါဘူး။ အဲဒါကိုသူတို့က တကယ်အေးယူတယ်၊ အာသိဉ္စ မာနံဝိယဆိုတာ ဥပမာ၊ ရေအိုး (၁၀၀၀) နဲ့ပူနေတဲ့အခါ နေပူထဲက လာပြီးတော့နေတဲ့အခါ အင်မတန် အအေးတောင့်တ, နေတော့ဖျတ်ဆို ညဥ့်သိပ်ရေ ရေအိုးတစ်ထောင်နဲ့လောင်းပြီ
ပါဠိတော်နှင့်အဋ္ဌကထာခွဲမှတ်ပ
အာသိဉ္စမာနံဝိယ အေးသကဲ့သို့ဖြစ်ပါတယ်၊ တကယ်အေးတာလားဆိုတော့ မဟုတ်ဘူး ကိလေသာတွေ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာဆိုတာ ပေါ်ပြီလား(ပေါ်ပါပြီ) ကိလေသာ မရှိတာကိုဆိုတာပါတဲ့ အဲဒါ သမ္မာဒိဋ္ဌိ သုတ်မှာလာတယ်ဒီဥစ္စာ အဋ္ဌကထာမှာလာတာ ပါဠိတော်မှာ မပါဘူး၊ အဲဒီတော့ ပါဠိတော်နဲ့ အဋ္ဌကထာခွဲမှတ်။ ကဲ - ဒါဖြင့်ဘယ်လိုအေးမည်လဲ
ဘုရားလို့မေးတော့ ပဋိသမ္ဘိဒါမဂ်ကဟဒယသုသီတလမဂ္ဂဒ
အပူမီးငြိမ်းတာကိုဆိုတာပါ
မဂ်ပေါ်မှ ၀မ်းထဲကကိလေသာ အပူမီးငြိမ်းတယ် လို့ဆိုတာ ပေါ်ပြီလား(ပေါ်ပါပြီ) မဂ်ပေါ်လာလို့ ရှိရင် ကိလေသာ အပူမီးငြိမ်းတာ ဒါကိုဆိုတာပါ အေးတယ်လို့ဆိုတာ မဟုတ်ဘူးကိလေသာ အပူမီးငြိမ်းသွားပြီးတော့ငြ
ကိလေသာဟာနာမ်ဓမ္မ
ဒီအအေးကိုဆိုတာ မဟုတ်ပါဘူး၊ ကိလေသာအပူမီးငြိ မ်းသွားတာကိုဆိုတာ... ကိလေသာဟာ နာမ်ဓမ္မပါပဲ.... နာမ်ဓမ္မပင် ဖြစ်လင့်ကစား မဂ်စိတ်တို့လို ငြိမ်ငြိမ်ဆိတ်ဆိတ်က မရှိဘူး။ ပူပူလောင်လောင်ရှိတယ်၊ ပျာယာခတ်တယ်၊ ဒီပျာယာခတ်တဲ့ စိတ်တွေ ပျောက်သွားတာကိုဆိုတယ်။ ပျာယာခတ်တာကို ငြိမ်းသွားတယ်ဆိုတာပါ ငြိမ်းတာပါ အေးတယ်လို့ ယူပစ်လိုက်လို့စင်စစ်တော့ ကိလေသာငြိမ်းတာ၊ ပေါ်ပြီလား(တင်ပါ့)တကယ် အေးတာမဟုတ်ဘူး ကိလေသာငြိမ်းတာ။ တကယ်အေးရင်ဖြင့် ခင်ဗျားတို့ (ဂတ်(စ်)) တွေ ဘာတွေ လွှတ်ရဦးမှာပေါ့ (တင်ပါ့)ဥပမာပြတာ၊ ဒါကို အဟုတ်အေးတယ် ယူပစ်လိုက်ပါတယ် ။ ယခုခင်ဗျားတို့က ခင်ဗျားတို့ ကြားဖူးတာကအဲဒီလို မအေးပါ ဘူး၊ ကိလေသာ မရှိလို့ကိလေသာက နဂိုက ငါဘုရားကဟောထားတာ အပူဓာတ်၊ မဂ်က အအေးဓာတ်က မဂ်ဆိုက်လာလို့ရှိရင်ကိလေသာ အပူပျောက်တယ်လို့ဟောတာ ရှင်းပြီလား(ရှင်းပါပြီ)။ ဒါဖြင့် တစ်ကိုယ်လုံး အေးသွားတာကို ဆိုလို့ရပါမည်လားမရဘူးတဲ့၊ သို့သော်လည်းတစ်ခုစဉ်းစား ပါလို့ ခင်ဗျားတို့ကို သတိပေးလိုက်တယ်။ ပူတာကို ပူမှန်းသိတဲ့ပုဂ္ဂိုလ်မှ အေးတာ အေးမှန်းသိတယ်(တင်ပါ ဘုရား) ကိလေသာက ပူနေတာ။
ငြိမ်းမှုနဲ့အေးမှုတခြားစီ
ခင်ဗျားတို့က အစိုးရအလုပ်လုပ် တယ်၊ ဥပမာ -မောင်သက်မောင်ကလည်း အရောင်းအ၀ယ် လုပ်တယ်၊ အစရှိသည်တို့ကို လုပ်နေတော့ဝမ်းထဲမှာ ရှုပ်ပွေနေတာပဲ၊ ဂနာမငြိမ်ဘူး အဲဒီဂနာမငြိမ်တာတွေ ပျောက်တာကို အေးတယ်လို့ဆိုတာပါ၊ ကိလေသာငြိမ်းတာကိုအေးတယ်လို
အမေးပုစ္ဆာ =နောက်ဆုံးလျှောက်လိုတာက-ဒီမဂ်ရပြီးတဲ့ ပုဂ္ဂိုလ်များဟာ တပည့်တော်တို့လို သာမန်လူ အနေနဲ့ စားသောက်နေထိုင် တဲ့အခါကြတော့ ဒိဋ္ဌိကြီးတန်းလန်းကြီးနဲ့ပါေ
ရောဂါပျောက်ပြီးတဲ့ပုဂ္ဂိုလ်
အဖြေ=ဒါကဒီလိုရောဂါ မပျောက်သေးတဲ့ပုဂ္ဂိုလ်က မတည့်တာ စားတာတစ်မျိုး၊ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာ တစ်မျိုးဒီလို ထူးခြားပါတယ်။ ရောဂါပျောက်ပြီးသားပုဂ္ဂိုလ်
(တင်ပါ့ဘုရား)။
--------------------------
မဟာစည်ဆရာတော်ဘုရားကြီးမိန်
နိဗ္ဗာန်အာရုံသို့ကူးသွားပုံ
ဤသို့တက်လိုက် ကျလိုက်နဲ့ ဖြစ်နေသော ၀ိပသနာဉာဏ် သည် ပင်လယ်ကူးသဘောင်္မှ လွှတ်လိုက်သော ငှက်နှင့်တူ၏။ တူပုံကားရှေးခေတ် ကာလကပင်လယ်ခရီးသည်တို့သည် ကမ်းစကျွန်း နီးရာအရပ်ကို မမှန်းဆ နိုင်သောအခါ၌ အသင့် ယူဆောင်ခဲ့သော ကျီးငှက်ကို လွှတ်လိုက်၍ စူးစမ်းကြ သတဲ့။ ထိုငှက်သည် သဘောင်္မှ ပျံသွား၍ အရပ်လေးမျက်နှာ၌ ကမ်းစကို ရှာသတဲ့။ ကမ်းကို မတွေ့ရ သေးလျင်သဘောင်္သို့သာ ပြန်၍ ပြန်၍ နားရသတဲ့။ နိဗ္ဗာန်ကို မျက်မှောက်ပြုလျ က် မဂ်ဉာဏ် ဖြစ်လောက်အောင်ဉာဏ်အားမပြည့
ဤသို့ဆိုက်ရောက်သွားသော သူအားဆိုက်ရောက် ခါနီးတွင် ရှေးအဖို့ကတစ်ကြိမ်ထက် တစ်ကြိမ် သွက်လက် ကောင်းမွန်သော မှတ်ချက်များလည်း ကောင်းစွာ ထင်ရှားပေ၏။ နောက်ဆုံး မှတ်ချက်၏ အခြားမဲ့၌ သင်္ခါရ အာရုံအလုံးစုံကို စွန့်လွှတ်ပြီးလျ င် သင်္ခါရ ကင်းပြတ် ချုပ်ငြိမ်းသော နိဗ္ဗာန်အာရုံသို့ ကူးပြောင်း သွားပုံလဲကောင်းစွာထင်ရှား၏။ ထို့ကြောင့်ပင်လျှင် ထိုသို့ရောက်ပြီးသော သူတို့သည် ဤသို့ပြောပြတတ်ကုန်၏။ “အာရုံနဲ့အမှတ်တွေ အကုန်လုံးတိကနဲ ပြတ်ပြီးရပ်စဲသွားသည်" ဟူ၍လည်းကောင်း၊ "အာရုံနဲ့အမှတ်တွေအကုန်လုံး
သင်္ခါရ ချုပ်ငြိမ်းတဲ့ သဘောကို မျက်မှောက်တွေ့ရသော ထိုအချိန် ကာလ သည်လည်းမကြာမြင့်လှချေ။ တစ်ကြိမ်တည်းသော မှတ်သိမှု၏ ကာလကဲ့သို့ တစ်ခဏ ကလေးမျှသာတည်း။ ထို့နောင် ထိုသို့ ဖြစ်ပုံကို ပြန်၍ ဆင်ခြင်မိ၏။ အာရုံနှင့် အမှတ်တွေ ချုပ်ကင်းလျက် ငြိမ်းသွားတာဟာ တရားထူးပဲ ဟူ၍ ဖြစ်စေ၊ မဂ်ဖိုလ်နိဗ္ဗာန် ပဲ ဟူ၍ဖြစ်စေ၊ ဆင်ခြင်မိ၏။ အချို့သော သုတရှိသူ သည်ကား သင်္ခါရ ချုပ်ကင်းလျက် ငြိမ်းတဲ့သဘောက နိဗ္ဗာန်ပဲ၊ ငြိမ်းရာသို့ ဆိုက်ရောက်လျက် မျက်မှောက်သိတာကမဂ်ဖိုလ်ပဲ၊
ဤသို့သော ဆင်ခြင်မှုမှာ သင်္ခါရ ချုပ်ငြိမ်းမှုသု ဆိုက်ရောက်ပုံကို နာကြားမှတ်သားဖူးသော သူအား ကျန ပြည့်စုံစွာ ဖြစ်တတ်၏။ ထို့ပြင်ပယ်ပြီး ကင်းပြီးသော ကိလေသာ၊ မပယ်ရသေး မကင်းသေးသော ကိလေသာတို့ ကိုလည်းအချို့ ပုဂ္ဂိုလ်တို့သည် ဆင်ခြင်တတ်သေး၏။ ဆင်ခြင်ပြီးလျှင ဖြစ်ဆဲကိုယ်စိတ်အမူအရာများက
(မဟာစည်ဆရာတော်ဘုရား ၏ ၀ိပဿနာ ရှုနည်းကျမ်း အကျဉ်းချုပ်စာမျက်နှာ ၂၇ မှကောက်နုတ်ပါသည်။ )
No comments:
Post a Comment