Wednesday, December 14, 2016

ဘွဲ့အမည်တော်များ


၁။ အဘိဓဇမဟာရဋ္ဌဂုရု
၂။ အဂ္ဂမဟာပဏ္ဍိတ
၃။ အဘိဝံသ
၎။ အလင်္ကာရ
၅။ ဘဒ္ဒန္တ

ဖြေ
၁။ အဘိဓဇမဟာရဋ္ဌဂုရု
အလွန်မြင့်မားစွာစိုက်ထူအပ်သော တံခွန်အလံတဖွယ် ကြီးကျယ်မြင့်မြတ်တော်မူသည့် နိုင်ငံတော်၏ဆရာသခင် အရှင်မြတ်ဟု ဆိုလိုပါသည်။

၂။ အဂ္ဂမဟာပဏ္ဍိတ
အလွန်ကြီးကျယ်သော ပညာရှိမထေရ်မြတ်ဟု ဆိုလိုပါသည်။

၃။ အဘိဝံသ
မန္တလေးမြို့သကျသီဟစာမေးပွဲ၊ ရန်ကုန်မြို့စေတိယင်္ဂဏစာမေးပွဲ စသော ပရိယတ္တိစာမေးပွဲကြီးတို့မှ အောင်မြင်တော်မူသော ရဟန်းတော်များအား ဆပ်ကပ်သော ဘွဲ့ဖြစ်သည်။

၎။ အလင်္ကာရ
မန္တလေး၊ ပဲခူး၊ ရန်ကုန် စသည်တို့တွင်ကျင်းပသော သာမဏေကျော်စာမေးပွဲများတွင် အောင်မြင်တော်မူသော သာမဏေကျော်များအား ယင်းအသင်းအဖွဲ့များက ဆပ်ကပ်သောဘွဲ့ဖြစ်သည်။ ယင်း ၃နှင့် ၄ဘွဲ့များကို မူလဘွဲ့တော်နှင့်ဆက်၍ ခေါ်ဝေါ်ရသဖြင့် မူလဘွဲ့ ဦးပဏ္ဍိတ၊ ရှင်ပဏ္ဍိတဖြစ်လျှင် ဦးပဏ္ဍိတာဘိဝံသ၊ ရှင်ပဏ္ဍိတာလင်္ကာရဟူ၍ ဖြစ်သည်။

၅။ ဘဒ္ဒန္တ
ဘဒ္ဒန္တဟူသည်မှာ ပေးအပ်သောဘွဲ့ထူးဂုဏ်ထူးမဟုတ်၊ လေးစားရိုသေအပ်သော ဆရာတော်သံဃာတော်တို့အား ဘွဲ့တော်၏ရှေ့မှ ဦး၊အရှင်တို့အစား ရေးသားခေါ်ဝေါ်အပ်သော အသုံးအနှုန်းဖြစ်ပါသည်။ ဦးပဏ္ဍိတဟုဆိုလျှင် ဘဒ္ဒန္တပဏ္ဍိတဟုဆိုပါသည်။ ဦး၊အရှင်တို့အစား ပါဠိဘာသာဖြင့် ခေါ်ဆိုခြင်းဖြစ်ပါသည်။

ဘဒ္ဒန္တတိလောကသာရ
မြတ်မင်္ဂလာမဂ္ဂဇင်း

No comments:

Post a Comment