* လူတွေဟာ ဘာဘဲ လုပ်လုပ်
စေတနာ နဲ့လုပ်တတ် ကြပါတယ် ။
- စိတ်ရင်း မကောင်းတဲ့ သူဟာ
သူ့ စိတ်ဆိုး က စေ့ဆော်တဲ့ အတိုင်း
စေတနာ ဆိုး နဲ့လုပ်ပါတယ် ။
- စိတ်ရင်း စေတနာ ကောင်းပြီး
ကံ ကံ၏ အကျိုးကို ယုံကြည်တဲ့ သူတွေကတော့
စေတနာ ကောင်း နဲ့ အလုပ် လုပ်လေ့ ရှိကြပါတယ် ။
* ကိုယ့် စေတနာ
ကိုယ့် အကျိုး ပေးတယ် ဆိုတဲ့ စကားအတိုင်း -
~ စေတနာ ဆိုး နဲ့ လုပ်လိုက်လို့
အလုပ်တစ်ခု ပြီးမြောက် သွားတယ် ဆိုရင်
အဲဒီ လူ အတွက် ကံဆိုး တစ်ခု ရသွားတာ ပါဘဲ ။
မကောင်းကျိုး ပေးနိုင်တဲ့ ကံ ကို ရသွားတာ ပါဘဲ ။
~ အဲဒီလိုဘဲ စိတ်ရင်း ကောင်းတဲ့သူ
အလုပ်တစ်ခု ပြီးမြောက် သွားတဲ့ အခါမှာ
ကံကောင်း တစ်ခု ပြီးမြောက် သွားပါတယ် ။
အဲဒီ ကံ က အကျိုးပေး ကောင်း တွေ ပေးတော့မှာပါဘဲ ။
* ဘ၀ မှာ
ကံ ဆိုး အမျိုးမျိုးကို တွေ့တတ် ကြပါတယ် ။
ကံ ဆိုး နေတဲ့ အချိန်မှာ
မိမိ ကိုယ်ကို
မဆောက်တည်နိုင် တဲ့ သူတွေ ကတော့
အမှား ပို လုပ်တတ် ကြပါတယ် ။
အသိဉာဏ် နဲ့မယှဉ်နိုင် ဖြစ်တတ်ကြတယ် ။
သူ ကံ ဆိုး တာဟာ
ဘယ်သူ့ ကြောင့် ဘယ်ဝါ့ ကြောင့် ဆိုပြီး
သူတစ်ပါး ကို အပြစ် ပုံချ တတ်ကြပါတယ် ။
အမှန်တကယ် တော့
သူတစ်ပါး က
မိမိကို မကောင်း ကြံတယ် ဆိုရင်တောင်မှ
မိမိဘက်က ချို့ယွင်းချက် ရှိနေလို့ ပါဘဲ ။
အဲဒီလို မတွေးနိုင်ဘဲ
သူတစ်ပါး ရဲ့အပြစ်ကိုသာ ကြည့်ပြီး
လက်တုံ့ ပြန်မယ် ဆိုရင်
အမှား တစ်ခု ထပ်တိုး ပြီး
ကံ ဆိုး သံသရာ က ရှည် နေတော့မှာပါ ။
* မိမိ ရဲ့ ကံ အဆိုး တွေ ပိုမို ဆိုး မသွားအောင်
` ဘုရား တရား သံဃာ ´ ရတနာ သုံးပါရဲ့
အဆုံးအမ နဲ့အညီ နေထိုင်မယ် လို့
စိတ် ကို ဖြောင့်ဖြောင့် ထားကာ
စေတနာ မှန် နဲ့ နေထိုင် လုပ်ကိုင် ရမှာ ဖြစ်ပါတယ် ။
* ကံ ဆိုး အကျိုး ပေးတဲ့ အချိန်မှာ တောင်မှ
မိမိ ကိုယ် ကို ဆောက်တည်ပြီး
ကံ ဆိုး တွေ သိပ် မပြင်းထန်အောင်
ကြိုးစား နိုင်သေးတယ် ဆိုရင်
ကံ ကောင်း တဲ့ သူများလည်း
ကံ ပိုပြီး ကောင်းလာအောင် ကြိုးစားဖို့ သင့်ပါတယ် ။
တိပိဋက ဓရ ယော ဆရာတော်ဘုရားကြီး
No comments:
Post a Comment