အိမ်ဆိုးအိမ်ညစ်တလုံးကို ပြုပြင်သန့် ရှင်း၊ အိပ်ခန်း ၊ ဧည့်ခန်း ၊ မီးဖိုခန်း၊ ရေချိုးခန်းအိမ်သာအထွေ
ထွေလိုအပ်ရာအသုံးအဆောင်တို့ ကို မင်းထံတောင်းတန်တောင်း ၊ ကိုယ်တိုင်လုပ်တန်လုပ်ဖြင့်
ဟရိတစခမျာ ချက်ကောင်းထိသွားရှာသည်။
သည်လိုချက်ကောင်းထိသောကြောင
ဇောကပ်ပြီး ပညာမျက်စိကန်း ၊ ဆင်ခြင်တုံကင်း ကာမအရူးဇာတ်ခင်းနေသည့် သူ့ ကိုယ်သူ ပြန်မြင်လာ
သည်။ မူလဇာတ်အဋ္ဌကထာပါဠိတွင်ကား ဖွယ်ဖွယ်ရာရာမဆိုချေ။ သို့ သော်ကဗျာဆရာတွင်းသင်းမင်း
ကြီးကတော့ ရသေ့ကြီးသတိရပြီး တရားဆင်ခြင်ခန်းကို ပီပီပြင်ပြင်ကဗျာဖွဲ့ လေသည်။ မုဒုလက္ခဏပျို့  တွင်
ပုဒ်ရေ ၆၆ မှ ၇၆ အထိမှာ ရသေ့ကြီး၏သံဝေဂယူခန်းပင် ဖြစ်ပါသည်။
အဆိုပါသံဝေဂါကာရခန်းလာ ပိုဒ်ရေ ၇၂ တွင် ကဗျာဆရာကြီးက ဤသို့ ဖွဲ့ ဆိုပြပါ၏။
ထင်းခွေရေခပ် ၊ ဆန်ဖွပ်မောင်းနင်း
ညှဉ်းပန်းခြင်းလည်း ၊ မကင်းဆူလှယ်
လူတို့ ဝယ်ကား ၊ ကုန်သွယ်လယ်လုပ်
မြဲချုပ်ဆီးတား ၊ ကျွဲနွားမိုးမြေ
ရွှေငွေအလို ၊ ဆိုသည်မုသား
ဒဏ်အားထိုက်လျောက် ၊ ရောက်သည်ပြစ်ဆာ
ပြုသူသာလျှင် ၊ ဃရာဝါသ
ကိစ္စပြီးတိုင်
မတတ်နိုင်သော် ၊ စပ်ဆိုင်လူ့ တမ်း
မှုမပြွမ်းခဲ့ ………။ (၇၂)
လူ့ ဘဝ ၊ လူ့ လောကဟူသည် ပြေးရင်ပြေး ၊ မပြေးရင်လိုက်ရမည့်လောကဖြစ်
အတွေးပြီးတော့ အပြော၊ အလုပ်ဆိုတာ ဆက်တိုက်ကပ်ပါလာသည်။ တိုက်စစ်ဘယ်လိုဆင်
မည်၊ ခံစစ်ဘယ်လိုကာမည်တွေးပြီဆို
လယ်တောမှာ လယ်ထွန်သည်ပဲထား…။ နွားကို အတင်းအဓမ္မခိုင်းစေမှု ဖြစ်လာသည်။ မြေကြီးကို ထွန်ယက်တူးဆွသောကြောင့် ပုရွက်ဆိတ်၊ တီကောင်တို့ လို သတ္တဝါတွေ အစုလိုက်အပြုံလိုက်
ဆင်းရဲဒုက္ခရောက်ကြ၊ ပျက်စီးသေကြေကြသည်။ ဘယ်မှာ အပြစ်ကင်းလို့ လဲ။ မြင်းလှည်းမောင်း၊
နွားလှည်းမောင်းတော့ရော ဘာထူးသနည်း။
ကိုယ်တိုင်ကငွေကြေးပြည့်စုံ
အို…ဒါတွေဒါတွေကို ကြည့်တော့ ချောက်တန်ချောက်၊ မြှောက်တန်မြှောက်၊ နဂါးမှန်းသိအောင်
အမောက်ထောင်ပြသင့်ပြ လုပ်မှသာ လူ့ ဘဝ ဆိုတာ အဆင်ပြေသည်။ သည်လိုမလုပ်လို့ ကတော့
လူရာမဝင်၊ ခံဖက်ကချည်း ဖြစ်ပေမည်။ သည်သဘောကို တွင်းသင်းမင်းကြီးက ကဗျာဖွဲ့ ထားသည်။
တွင်းသင်းမင်းကြီးဆိုလိုသည်
ဖို့ မလွယ်ရေးချမလွယ်။ ကိုယ်ကျင့်တရားမပြည့်စုံလျှ
လည်း လူ့ ကိစ္စ လူ့ ဘဝတွေ အောင်မြင်ဖြစ်ထွန်းမည်မဟုတ်
ဤအတွေးဤအမြင်တို့ သည်တွင်းသင်းမင်းကြီး၏ပင်က
နောင်လာနောက်သားစာဖတ်သူတဦး
စကားတရပ်ကို ဤမုဒုလက္ခဏကဗျာတွင် ထည့်သွင်းစပ်ဆိုထားလျှင်လည်
မူရင်းစာကို သိမှီအောင် ကြိုးစားသင့်သည်ဟု သဘောရပါသည်။
ဇာတကအဋ္ဌကထာ၊ ဒုကနိပါတ်၊ဥပါဟနဝဂ်၊ ဝစ္ဆနခဇာတ်တော်တွင် မင်းကြီး၏ လူ့ ဘဝအမြင်
ယူဆချက်နှင့် တူမျှသော အမြင်တခုကို တွေ့ ရပါသည်။ ဝစ္ဆနခရသေ့သည် ဟိမဝန္တာမှ ဗာရာဏသီ သို့ ခေတ္တကြွလာပြီး မင်းဥယျာဉ်တွင် နေသည်။ ဗာရာဏသီသူဌေးတဦးသည် ဝစ္ဆနခရသေ့ကို ရသေ့ သူတော်အဖြစ်ကြည်ညိုသည်။ ရွယ်တူဖြစ်၍ ညီအကိုပမာလည်း ချစ်ခင်မြတ်နိုးသည်။ ရသေ့ ရဟန်း
ဘဝဟူသည် သူတပါးပေးစာကမ်းစာကိုမှီကာအ
ဝစ္ဆနခကို လူဝတ်လဲစေပြီး သူ့ စည်းစိမ်တဝက်ကို ခွဲပေးမည်။ ဝစ္ဆနခကိုလည်း ကုန်သွယ်ကုန်ရောင်း စီးပွားရှာပုံအကြောင်းသင်ပေ
မည်ဟု ဗာရာဏသီသူဌေး အတွေး ပေါက်ကာ ဝစ္ဆနခရသေ့ကို တိုင်ပင်သည်။
ထိုအခါ ဝစ္ဆနခရသေ့ပြန်ပြောသောစကားမှ
"အမြဲမပြတ် လယ်ထွန်၊ နွားကျောင်း၊ စီးပွားရှာစသောအလုပ်ဖြင့် ကြိုးစားအားထုတ်မှုမပြုသူ၏ အိမ်သည် မတည်မြဲနိုင် ၊ လယ်ယာ-ဥစ္စာ-ရွှေငွေဓနစသည်အကျ
အပေါက်အလမ်းများစွာရှိသော၊ ကုသိုလ်ဖြစ်ဖို့ ခက်ခဲသော သဘောရှိသော အိမ်ကို ဘယ်သူက စိုးမိုးအုပ်ချုပ်နေချင်မှာ
တွင်းသင်းမင်းကြီး နှင့် ဝစ္ဆနခရသေ့ပြောသည့်စကားမှာ သဘောထားတူညီကြောင်း တွေ့ ရပါ
သည်။ လူ့ ဘဝ လူ့ လောကဟူသည် ကုသိုလ်စိတ်အဖြစ်နည်းသည်။ အကုသိုလ်စိတ်အဖြစ်များသည်။ ဖြူဆွဖို့ မလွယ်ပါတည်း…။
အမရဒီပ
ဧပြီ ၂၊ ၂ဝ၁၅
No comments:
Post a Comment