Wednesday, December 28, 2016

တဏှာကြောင့်ဖြစ်ပေါ်လာသော တရား(၉)ပါး

၁။ လိုချင်မှုတဏှာကို အကြောင်းပြုပြီး ရှာမှီးရခြင်း။

၂။ ရှာမှီးခြင်းကြောင့် ရရှိလာတာကို စွဲမှီနေခြင်း။

၃။ ရရှိလာတာကို အသုံးချဖို့ရန် စိတ်ပိုင်းဖြတ်ရခြင်း။

၎။ စိတ်ပိုင်းဖြတ်ခြင်းကို စွဲမှီနှစ်သက် တပ်မက်မှု
ဆန္ဒရာဂဖြစ်ခြင်း။

၅။ ဆန္ဒရာဂဖြစ်ပြီး ရှာဖွေထားတာလေးကို ငါ၊ ငါ့ဥစ္စာ
ဟု မှတ်ထင်နေခြင်း။

၆။ ရရှိလာတာလေးကို သိမ်းဆည်းရခြင်း။

၇။ သိမ်းဆည်းထားတာလေးကို နှမြှောဝန်တိုနေခြင်း။

၈။ ရရှိလာတာလေးကို စောင့်ရှောက်နေရခြင်း။

၉။ စောင့်ရှောက်နေရခြင်းကြောင့် တုတ်၊ ဓါး၊ လက်နက်
ကိုင်ဆောင်ရခြင်း၊ ခိုက်ရန်ဖြစ်ရခြင်း၊ ငြင်းခုံရခြင်း၊ ကုန်း
တိုက်ခြင်း၊ မဟုတ်မမှန်ပြောခြင်းစတဲ့ မကောင်းမှုအကု
သိုလ်များ ဖြစ်ပွားနေရခြင်း။

(ဒီ၊ ၃၊ ၂၅၂။ အံ၊ ၃၊ ၂၀၁။)

No comments:

Post a Comment