လူ မာ = လူကို ထို့လူရဲ့ မာနက ဖျက်ဆီး
ပေ သီး = ပေပင်ကို ပေပင်ရဲ့ အသီးက ဖျက်ဆီး
ပွတ် မီး = ရှေးက မီးပွတ်ခုံသည် မီးတောက်အောင် ပွတ်ခတ်မှုဖြင့်ပင် ပျက်ဆီး
သံ ချေး = သံကို သံချေးက ဖျက်ဆီး။
မာန = အရာရာ ငါသာ သာတယ်ဟု ထင်မှု၊
ငါလည်း သူတို့နဲ့ ဘာများထူးလို့လဲဟု မှတ်တေးမှု၊
သူတို့ မမှီတော့ ဘာဖြစ်လဲဟု ဆိုသော ဟူသော
အတွေးများဖြင့် ထောင်လွှားမှတ်ထင်မှုတိုင်းကို မာနဟူ၏။ (ေသယ်မာန/သဒိသမာန/ ဟီနမာန)
မရွိမာန/ ရွိမာန
----
အရှိတိုင်း ဖြစ်သော မာနကို ယထာဝမာန ဟူ၍
မရှိဘဲ တက်နေသော မာနမျိုးကို အယထာဝမာန ဟူ၏။
(သေယျပုဂ္ဂိုလ်အား သေယျမာနသည် ယထာဝမာန၊
မိမိနှင့် အဖက်မတန်သော အခြားနှစ်ခုသည် အယထာဝမာန)
ရှိမာနနဲ့ မရှိမာန ဘယ်ဟာက ပို၍ပယ်ရ ခက်သလဲဆိုသည်ကား
စိတ်ဝင်စား မှတ်သားစရာပင်
ယထာဝမာန- ရှိမာနကို အရဟတ္တမဂ်ဖြင့် ပယ်နိုင်ကာ
အယထာဝမာန-မရှိမာနကို သောတာပတ္တိမဂ်ဖြင့် ပယ်နိုင်ဟုပြ။
ကောင်ကျိုး(ကုသိုလ်)တရား တိုးပွားမည်မာနမျိုးကား
ရှိသင့်သောမာနပင်။ ၎င်းကို သေဝိတဗ္ဗမာန ဟု ဆို၏။
ထိုမှ ဆန့်ကျင်ဘက်မာနမျိုးကို မထားရှိအပ်သော
အသေဝိတဗ္ဗမာန ဟုဆို၏။
မာနပြောထူ
ထိုသသူကို
မြင်သူတကာ
နှလုံးနာ၏။
ဌာနံပွါးစီး
ထက်လူကြီးတို့
မချီးမြောက်လို
ထင်းမီးတိုသို့
လူတွင်ထင်ရှား
မကြီးပွားဘူး။ (မဃဒေဝ)
အထက်ပါ မဃဒေဝ စာပိုဒ်၌ -
ထင်းမီးတိုသို့ ဟူသည်ကား
သုံးနေကျ မီးဖိုချောင်ထဲက
ထင်းမီးစ အကျန်အကြွင်း ထင်းမီးတိုကို ဆိုလိုက်သည်မဟုတ်။
ထင်းကုလာတုံးကို ဆိုလိုရာ၏။
ထင်းကုလားတုံး-ဟူသည်ကား
ရှေးခောတ်ကက တောထဲတွင် သူသေကောင်ကို မီးသဂြိုဟ်ရာ၌
အကြွင်းကျန် ထင်းစအတိုကို
ရွာတွင်း အိပ်ပြန်သယ်ကာ မသုံးကောင်းဟု ယူဆကြသလို၊
ရွာ့အပြင်ဘက် တောထဲ၌လည်း
တဲထိုးတိုင်မတ်စသည်များ လုပ်ကာ
မသုံးကောင်းဟု ယူဆကြ၏။
ရွာတွင်းရွာ့ပြင် ဘယ်နေရာမှာမှ
အသုံးမတည့် အသုံးမကျ
အသုံးချမရသော ထိုထင်းမီးတိုကို
ထင်းကုလားတုံး-ဟု ခေါ်ကြ၏။
အလကားမာနအမျိုးအစားကို
ထင်းမီးတိုသို့ -ဟု ဥပမာပေးကာ
ဘယ်နေရာမှ မသုံးမကျဟု ဆိုလိုရင်းပြသွားခြင်းပင်။
ထမ်းပိုးဖြင့် သယ်ဆောင်လာသော
လေးလံသည့် ဝန်ထုပ်သည်
ပုခုံးအထက်မှာပင် တည်နေသော်လည်း
ခြေလှမ်းတိုင်း ညွှတ်ညွှတ်သွားသကဲ့သို့
ငြူစူမှုစသည်ကို ဖြစ်စေတတ်သော မာနသည်လည်း
အပါယ်လေးပါးသို့ ညွှတ်ကျနစ်မြှပ်စေတတ်ဟူ။ (သံယုတ်၊ ဌ ၊ ၁။ ၂၁၇။)
ပေ သီး = ပေပင်ကို ပေပင်ရဲ့ အသီးက ဖျက်ဆီး
ပွတ် မီး = ရှေးက မီးပွတ်ခုံသည် မီးတောက်အောင် ပွတ်ခတ်မှုဖြင့်ပင် ပျက်ဆီး
သံ ချေး = သံကို သံချေးက ဖျက်ဆီး။
မာန = အရာရာ ငါသာ သာတယ်ဟု ထင်မှု၊
ငါလည်း သူတို့နဲ့ ဘာများထူးလို့လဲဟု မှတ်တေးမှု၊
သူတို့ မမှီတော့ ဘာဖြစ်လဲဟု ဆိုသော ဟူသော
အတွေးများဖြင့် ထောင်လွှားမှတ်ထင်မှုတိုင်းကိ
မရှိမာန/ ရှိမာန
----
အရှိတိုင်း ဖြစ်သော မာနကို ယထာဝမာန ဟူ၍
မရှိဘဲ တက်နေသော မာနမျိုးကို အယထာဝမာန ဟူ၏။
(သေယျပုဂ္ဂိုလ်အား သေယျမာနသည် ယထာဝမာန၊
မိမိနှင့် အဖက်မတန်သော အခြားနှစ်ခုသည် အယထာဝမာန)
ရှိမာနနဲ့ မရှိမာန ဘယ်ဟာက ပို၍ပယ်ရ ခက်သလဲဆိုသည်ကား
စိတ်ဝင်စား မှတ်သားစရာပင်
ယထာဝမာန- ရှိမာနကို အရဟတ္တမဂ်ဖြင့် ပယ်နိုင်ကာ
အယထာဝမာန-မရှိမာနကို သောတာပတ္တိမဂ်ဖြင့် ပယ်နိုင်ဟုပြ။
ကောင်ကျိုး(ကုသိုလ်)တရား တိုးပွားမည်မာနမျိုးကား
ရှိသင့်သောမာနပင်။ ၎င်းကို သေဝိတဗ္ဗမာန ဟု ဆို၏။
ထိုမှ ဆန့်ကျင်ဘက်မာနမျိုးကို မထားရှိအပ်သော
အသေဝိတဗ္ဗမာန ဟုဆို၏။
မာနပြောထူ
ထိုသသူကို
မြင်သူတကာ
နှလုံးနာ၏။
ဌာနံပွါးစီး
ထက်လူကြီးတို့
မချီးမြောက်လို
ထင်းမီးတိုသို့
လူတွင်ထင်ရှား
မကြီးပွားဘူး။ (မဃဒေဝ)
အထက်ပါ မဃဒေဝ စာပိုဒ်၌ -
ထင်းမီးတိုသို့ ဟူသည်ကား
သုံးနေကျ မီးဖိုချောင်ထဲက
ထင်းမီးစ အကျန်အကြွင်း ထင်းမီးတိုကို ဆိုလိုက်သည်မဟုတ်။
ထင်းကုလာတုံးကို ဆိုလိုရာ၏။
ထင်းကုလားတုံး-ဟူသည်ကား
ရှေးခောတ်ကက တောထဲတွင် သူသေကောင်ကို မီးသဂြိုဟ်ရာ၌
အကြွင်းကျန် ထင်းစအတိုကို
ရွာတွင်း အိပ်ပြန်သယ်ကာ မသုံးကောင်းဟု ယူဆကြသလို၊
ရွာ့အပြင်ဘက် တောထဲ၌လည်း
တဲထိုးတိုင်မတ်စသည်များ လုပ်ကာ
မသုံးကောင်းဟု ယူဆကြ၏။
ရွာတွင်းရွာ့ပြင် ဘယ်နေရာမှာမှ
အသုံးမတည့် အသုံးမကျ
အသုံးချမရသော ထိုထင်းမီးတိုကို
ထင်းကုလားတုံး-ဟု ခေါ်ကြ၏။
အလကားမာနအမျိုးအစားကို
ထင်းမီးတိုသို့ -ဟု ဥပမာပေးကာ
ဘယ်နေရာမှ မသုံးမကျဟု ဆိုလိုရင်းပြသွားခြင်းပင်။
ထမ်းပိုးဖြင့် သယ်ဆောင်လာသော
လေးလံသည့် ဝန်ထုပ်သည်
ပုခုံးအထက်မှာပင် တည်နေသော်လည်း
ခြေလှမ်းတိုင်း ညွှတ်ညွှတ်သွားသကဲ့သို့
ငြူစူမှုစသည်ကို ဖြစ်စေတတ်သော မာနသည်လည်း
အပါယ်လေးပါးသို့ ညွှတ်ကျနစ်မြှပ်စေတတ်ဟူ။ (သံယုတ်၊ ဌ ၊ ၁။ ၂၁၇။)
No comments:
Post a Comment