တချို့ကျတော့ ဆွမ်းကြီးလောင်းရင်းကနေ ကိုရင်ကလေးတွေကို ငေါက်တာတွေ ဘာတွေ တွေ့တယ်။
မလုပ်ကြနဲ့၊ အဲဒါမျိုးက။
ဘယ်လိုစိတ်ထားရမလဲ ဆိုတာကို "ကူဋဒန္တသုတ်" မှာ မြတ်စွာဘုရား ဟောထားတာ ရှိတယ်။
ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုပွဲကို လူတွေက အမျိုးမျိုး လာလိမ့်မယ်။ အသေးစိတ်တော့ မပြောဘူး၊ ကောင်းတဲ့လူတွေ မကောင်းတဲ့လူတွေ ပါလာလိမ့်မယ်။
ဆိုပါစို့၊ ပါဏာတိပါတရှောင်တဲ့ သူတော်ကောင်းလည်း လာမယ်၊ ပါဏာတိပါတလုပ်တဲ့ သူလည်း လာမယ်။
အဲဒီလို လာပြီဆိုတဲ့အခါမှာ ဘယ်လိုနှလုံးသွင်းရမလဲဆို ကောင်းတဲ့ ပုဂ္ဂိုလ်တွေကို အာရုံပြု၊
စိတ်ထဲမှာ ကြည်နူးအောင်လုပ်ပါ။
မကောင်းတဲ့ ပုဂ္ဂိုလ်တွေကို အပြစ်မြင်ပြီး ရန်တွေ့မနေပါနဲ့တဲ့။
ဒါက အရေးကြီးတာပေါ့နော်။
စိတ်ထဲမှာ ကုသိုလ်ဖြစ်ဖို့က အရေးကြီးတယ်။
စိတ်ထဲမှာ ကုသိုလ်မဖြစ်ဘဲနဲ့ အကုသိုလ်ဖြစ်ပြီဆိုလို့ရှိရ
ဒါကြောင့်မို့ ကုသိုလ်လုပ်တဲ့အချိန်မှာ ကိုယ့်စိတ်ကို စင်စင်ကြယ်ကြယ်လေး ကုသိုလ်ပဲရအောင် ကြိုးစားမယ်၊ အားလုံး အရာရာမှာ ကုသိုလ်ရဖို့ပဲ၊ စိတ်ကြည်နူးမှုပေါ်မှာပဲထားပြ
အဲဒီလို လုပ်မှသာလျှင် ကုသိုလ်ဟာ ပြည့်ပြည့်၀၀ ရကြမှာ။
အဲဒီလို မဟုတ်လို့ရှိရင် ဆရာတော်ကြီး အမိန့်ရှိသလိုပဲ "ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ" ဖြစ်ပြီးတော့ အဲဒီအကုသိုလ်ရဲ့ အကျိုးကို ခံကြရတယ်တဲ့။
ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့
သံဃာပွဲနဲ့ ပတ်သက်ပြီးတော့လည်း မှတ်ရမှာပဲ၊
ကုသိုလ်ပွဲတွေနဲ့ ပတ်သက်လာလို့ရှိရင် ကုသိုလ်ပြည့်ပြည့်၀၀ရအောင် စိတ်ထားတတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။
စိတ်ထားတတ်မှ မြတ်တယ် လို့ ဆိုတဲ့ စကားဟာ အလွန်မှန်ကန်တယ်။
ကုသိုလ်ရအောင် စိတ်ထားတတ်ဖို့ အရေးကြီးတယ် ဆိုတာ
ကိုယ်စီကိုယ်စီ မှတ်သားပြီးတော့
ကုသိုလ်တရား ဖြစ်ပွားအောင် သတိကြီးစွာထားပြီး
ကြိုးစားအားထုတ်နိုင်ကြပါစေ
ပါချုပ်ဆရာတော်ကြီး
No comments:
Post a Comment