မြင်အောင်ရှုရသည်။
ထင်ရှားရှိသောတရားကိုမြင်အောင်မရှုနိုင်လျှင်
ဝိပဿနာမဖြစ်။
ထင်ရှားရှိသောတရားဆိုတာ အခြားမှာသွား၍ရှာ
ရမှာမျိုးမဟုတ်။ ကိုယ်မှာအမြဲရှိသော တရားဖြစ်
သည်။
ကိုယ်မှာအမြဲရှိသောတရားဆိုတာ ထွက်သက်ဝင်
သက်ဖြစ်သည်။
ထွက်သက်ဝင်သက်ဆိုတာ အမိဝမ်းက မွေးကတည်း
က သေသည်အထိအမြဲမပြတ် တရစပ်ရှိနေသော
တရားသဘောဖြစ်သည်။
ထွက်သက်ဝင်သက်သည် အလုပ်လုပ်နေရင်း စကား
ပြောနေရင်း စားနေရင်းစာကျက်နေရင်း စဉ်းစားနေ
ရင်းလည်းရှိသည်။ အိပ်ပျော်နေရင်းလည်းရှိတာပဲဖြစ်
သည်။
ထွက်သက်ဝင်သက် အမြဲမပြတ်ရှိနေသော်လည်း
အမှတ်တမဲ့နေကြ၍ သတိမမူဂူမမြင်၊ သတ်မူလျှင်မြူ
ကိုတောင်မြင်ရတယ်ဆိုတာလိုပဲ ဂရုစိုက်၍ကြည့်ရှုမှ
ရှိမှန်းသိသည်။
ကြည့်တယ်ဆိုရာ၌ ၀ိပဿနာဖြစ်ဖို့ရာမှာ ထွက်သက်လေ၊
ဝင်သက်လေ၊ ထိရာနှာသီးဖြားမှ ရိပ်ရိပ် ရိပ်ရိပ်နှင့် ထိထိ
သွားတာကိုသိအောင် ကြည့်ရှုရမည်။
ထိတာက ပရမတ်သဘောဖြစ်သည်။ သိတာကနာမ်သ
ဘောဖြစ်သည်။
တရိပ်ရိပ်နှင့် ထိတိုင်းပျောက်တိုင်း ရုပ်နာမ်နှစ်ပါးဖြစ်မှု
ပျက်မှုတွေ ဖြစ်ပျက်၍နေခြင်းဖြစ်သည်။
တရိပ်ရိပ်နှင့်နှာသီးဖျားတွင် ထိလိုက်ပျောက်လိုက်နေတာ
တွေကိုသာ တစ်ဆက်တည်းမြင်အောင် ကြည့်ရှုနေလျှင်
ကြာတော့ကာ ၀ိပဿနာသမာဓိ တစ်စထက်တစ်စ တစ်
ခဏထက်တစ်ခဏ တိုးတက်၍ အားကြီးလာသောအခါ
နှာသီးဖျားတွင်မက ခန္ဓာကိုယ်မှာလည်း အလိုလိုတရိပ်ရိပ်
တရွရွဖြစ်လာတာကိုတွေ့ရတတ်၏။
တစ်ကိုယ်လုံး၌ တရိပ်ရိပ်တရွရွ အစဉ်မပြတ် နေတာကို
တွေ့၍နေသောအခါ ``အနိစ္စသညာနေ မေဃိယ အနတ္တ
သညာ သဏ္ဍာတိ´´ဟူသော ပါဠိအရ အနိစ္စကိုကောင်းစွာ
မြင်ရသောကြောင့် အနတ္တသည်အလိုလိုထင်၍ လာလိမ့်
မည်။ ၀ိပဿနာယောဂီ၏အလုပ်သည် ထိမှုကိုကြည့်ရှုနေ
ရုံသာဖြစ်သည်။ ကြည့်ရှုနေရင်း သိသင့်သိထိုက်သမျှကိုမူ
ကား အလိုလိုသိ၍ လာလိမ့်မည်။
ဤကဲ့သို့တရိပ်ရိပ်နှင့် ထိမူတို့ကိုကြည့်ရှုနေရင်း မဂ်ဉာဏ်
ဖိုလ်ဉာဏ်ဖြစ်၍လာသည်ရှိသော် သိသာလှ၏။ အဘယ်
လိုသိသာလာပါသနည်းဟူမူ ရေငတ်၍နေသောသူသည်
ရေကိုသောက်ရသည်ရှိသော် ရေငတ်ပြေသကဲ့သို့ဖြစ်သွား
တော့၏။
မဂ်ဉာဏ်ဖိုလ်ဉာဏ်ကိုရပြီးရောက်ပြီး၍ ဖလသမာပတ်ကို
ဝင်စားလိုလျှင် မိမိလာဖူးသောလမ်းကို ပြန်ကြည့်ရ၏။
ဤအတိုင်းဖြစ်ချင်နေလျှင် တရိပ်ရိပ်နှင့် ထိမှုတို့ကိုသာ
ကြည့်ရှု၍နေ၊ ထွေလီကာလီတွေကိုလိုက်၍ လုပ်မနေနှင့်။
ဆရာတော်(၁၄)ပါးတို့၏၀ိပဿနာသြ၀ါဒများမှ
No comments:
Post a Comment