ဒီအခါမှာ မြတ်စွာဘုရားက ခဲလုံးလေးတစ်လုံးကို ကောက်ယူ တော်မူကြီး “ချစ်သားတို့.... လေးကျွန်းလုံးကို အစိုးရတဲ့ စကြာမင်းတို့ရဲ့ စည်းစိမ်ဟာ ဟောဒီခဲ့လုံး လောက်သာရှိတယ်။ ငါးပါးသီလ ခေါ်တဲ့ ကိုယ်ကျင့်သီလ မဟာဒါနပြု နေသူရဲ့ ခံစားရမယ့် စည်းစိမ်ကတော့ ဟိမ၀န္တာတောင်လုံလောက်ကြီးတယ
“အရိယကန္တ“ ဆိုတာ “ဘုရားအစတဲ့ အရိယာသူတော်ကောင်းတွေ နှစ်သက်တယ်” လို့ အဓိပ္ပါယ်ရပါတယ်။အရိယကန္တဘုရာ
သူတော်ကောင်းတွေ နှစ်သက်မှု, မြတ်နိုးမှုကို ခံရတယ်ဆိုတာ အလွန်တန်ဖိုး ရှိပါတယ်။ ဒါကြောင့် “လူမိုက်တစ်သောင်း၊ ကဲ့ရဲ့ရှေင်းလဲ၊ လူကောင်းတစ်ယောက်၊ ကဲ့ရဲ့ကြောက်” လို့ ဆိုရိုးပြုထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းတွေရဲ့ အကဲ့ရဲ့ကို မခံရအောင် သူတော်ကောင်းတွေ ချီးမွမ်းမှုကို ခံယူရအောင်၊သူတော်ကောင်းတွေ
အထူးစောင့်ထိန်းကြရမယ်ဆိုတေ
စောင့်ထိန်းရမယ့် သီလငါးပါးအနက် တစ်ပါးတစ်ပါး စီမှာ-
(၁) ကိုယ်တိုင်ပြုလုပ်မှု၊
(၂) စေခိုင်းတိုက်တွန်းမှု၊
(၃) ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆိုမှု၊
(၄) သဘောတူမှု။
ပေါင်း လေးမျိုး ကွဲပြားပါတယ်။ သိက္ခာပုဒ်ငါးပုဒ်အတွက်ဆိုရင
ဒီ ၂၀ လုံးကို လုံလုံခြုံခြုံ ထိန်းသိမ်းစောင့်ရှောက်သူမျ
မိမိအသက်လေး ရှည်စေချင်သလို သတ္တ၀ါတွေ အသက်လေးတွေလဲ ရှည်ချင်ကြမှာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်၊
မိမိပစ္စည်းဥစ္စာလေး သူတစ်ပါးခိုးယူမှာ , ပျောက်သွားမှာ စိုးရိမ်သလို့ တခြားသူတွေလဲ မိမိကိုယ်ပိုင် ဥစ္စာလေး
ပျောက်ဆုံး, ခိုးယူခံချင်ကြမှာ မဟုတ်ဘူးဆိုတဲ့ ကိုယ်ချင်းစာစိတ်၊
မိမိ သားမယားကို လွန်ကြူသွားတာ, ပြစ်မှားမခံချင်သလို, တခြားသူတွေလဲ သူတို့၏သားမယားတွေကို ပြစ်မှာ ခံချင်မည်မဟုတ် ဟု သိသော ကိုယ်ချင်းစာစိတ်၊
မိမိကို မဟုတ်သော၊ ကြမ်းတမ်းသော၊ အကျိုးမရှိသော စကားတွေ ပြောခံရမှာကို မလိုလားသလို, တခြားသူတွေလဲ ကြားချင်, နားထောင်ချင်ကြမည်မဟုတ် ဟုသိသော ကိုယ်ချင်းစာစိတ်၊ မူးယစ်စေနိုင်သောအရာတွေ မှီဝဲပြီး မကောင်းသော စိတ်တို့နဲ့ နှောက်ယှက်ပေးမှုတွေကို မခံချင်သလို မိမိလဲ မမှီဝဲပဲ နှောက်ယှက်မှု မပေးဘူးဟု သိသော ကိုယ်ချင်းစာစိတ်။
သီလသည် လက်ငင်ချက်ချင်း ချမ်းသာမှုကို လက်တွေ့ခံစားနိုင်ပါသည်။ မိမိလဲ ချမ်းသာသလို မိမိပတ်ဝန်ကျင်လဲစိတ်ချမ်းသ
သီလအကျိုး(လင်္ကာ)
သီလခေါ်ဆို ကိုယ်ကျင့်ကောင်းမှ
တောင်းတိုင်း၊တတိုင်း ရနိုင်တယ်။
ပဒေသာပင် အိမ်မှာပေါက်သလို
ကောက်ယူသုံးလို့ မကုန်နိုင်တယ်။
ဥစ္စာစုပုံ ကုန်မယွင်း
ဂုဏ်သတင်းလည်း သင်းပျံ့မယ်၊
ရောက်လေရာရာ ပွဲလယ်တင့်လို့
ရဲ့ရင့်ရွှင်ပျ ခင်ကြမယ်။
သေရသော်ပင် သတိကောင်းလို့
ဂတိပြောင်းတော့ နတ်ပြည်ဝယ်
သီလကောင်းကျိုး ချက်ချင်းတိုး
အားကိုးလောက်ပေတယ်။
အဲဒါကြောင့် ကိုယ်ကျင့်သီလ
ဒီဘ၀တည်ကြ၊ မြဲကြမယ်။
(ဗုဒ္ဓဘာသာ-တရားတော်-အခြေခံဆ
No comments:
Post a Comment