Tuesday, November 22, 2016

ဝေဘူဆရာတော်ကြီး၏အဆုံးအမသြ၀ါဒ

၁။ သီလရှိလျှင် တောင့်တလိုချင်တိုင်း ပြည့်စုံစေနိုင်
၍ သီလကို ကြိုးစားဖြည့်ရန်။
၂။ ၃၁-၁ာုံ ချမ်းသာကား အထူး ဆုတောင်းရန် မလို၊
ရှောင်တိမ်း၍ မဖြစ်နိုင်အောင်ပင် ရရှိတတ်သဖြင့်
သာဝကဗောဓိစသော ဗောဓိဆုကိုသာ တောင့်တ
မျှော်မှန်းရန်။
၃။ သာသနာတည်ကြောင်း ကောင်းမှုများသည် နိဗ္ဗာန်
သွားရန် ခြေထောက်သဖွယ် (စာရဏ) ဖြစ်၍ တတ်
အားသမျှ ပြုလုပ်ရန်။
၎။ အလှူပြုသောအခါ စေတနာ၊ အလှူဝတ္ထု၊ အလှူခံ
အပေါ်၌ သန့် သန့် ရှင်းရှင်း ရိုရိုသေသေ ကိုယ်တိုင်
ကိုယ်ကျ လှူဒါန်းရန်။
၅။ ၁ာုရားစကား၊ ဆရာ့စကားကို မြေ၀ယ်မကျ တစ်ထစ်
ချ နာယူရန်(သောဝစဿတာ)။
၆။ ယခုကဲ့သို့  တရားပွဲ လာရောက်နိုင်ခြင်းသည်ပင်
ပါရမီရှိသူမည်၍ အချိန်အခါ၊ ၁ာဝကောင်းသည်မှာ
၁ာုရားလက်ထက်တော်ကနှင့်မထူး၊ ၁ာုရားလက်ထက်
တော်က ရပာန်းရှင်လူများ ရရှိကြသည့်အတိုင်း ဘာမ
ဆို လိုတိုင်း မရနိုင်တာ မဖြစ်နိုင်တာပာူ၍ မရှိ၊ သိသ
လောက် တောင့်တ မျှော်မှန်းထားခဲ့သမျှမကအပိုတွေ
ပင်များစွာရလာတတ်သဖြင့်ရှေးပုဂ္ဂိုလ်တို့ ကဲ့သို့  ၀ီရိယ
ကိုသာ အမှီလိုက်၍ စိုက်ထုတ်ကြိုးစားရန်။
၇။ သင်ကြား မှတ်သားထားချက်တွေ ပြော၍ မကုန်နိုင်
အောင် အများကြီး တတ်သိကြ၏။ ထိုသို့  များစွာ ရှိ
သော်လည်း ကြိုက်ရာတစ်ခုကိုသာ စူးစူးစိုက်စိုက် ၀ီရိ
ယသန်သန်နှင့် မှန်မှန်လုပ်ရန်သာ အရေးကြီးသည်။
မွေးသည်မှ သေသည်အထိ ထင်ရှားရှိနေသော ထွက်
လေ-၀င်လေကား လူတိုင်း သိလွယ် ထင်လွယ်သဖြင့်
ဝင်တိုင်း-ထွက်တိုင်း နှာဖျားဝ၌ ထိသည်ကိုသာ သိ
အောင်လုပ်။ ယခု လုပ်ကြည့်၊ ယခုမီးငြိမ်း၊ ယခုလက်
ငင်း ချမ်းသာ၏။ (အကာလိကော)
၈။ ယင်းသို့ ရှုမှတ်ရခြင်းဖြင့် ကိုယ်နှုတ် သောင်းကျန်းမှု
မရှိ(အဓိသီလ)၊ စိတ်သောင်းကျန်းမှု မရှိ (အဓိစိတ္တ)
ရုပ်နာမ်မျှသာ ရှိပါကလားပာု နှာဖျားဝမှ တစ်ကိုယ်လုံး
တလှုပ်လှုပ် တရွရွ ဖြစ်ပျက်နေသည်ကို မြင်ရမည်
(အဓိပညာ)။ သို့ ဖြစ်၍ သိက္ခာသုံးပါး အကျုံးဝင်သွား
ပြီ။ သမ္မာဒိဋ္ဌိ စသော မဂ္ဂင်ရှစ်ပါးလည်း ပါသွားပြီ။
သတိပဋ္ဌာန်လေးပါး စသော ဗောဓိပက္ခိယတရား ၃၇
ပါးလည်း လုပ်ပြီး ဖြစ်သွားပြီ။ အာနာပါန လုပ်နေခြင်း
ဖြင့် ပိဋကသုံးပုံလုံးပင်အကျုံးဝင်လေပြီ ဖြစ်၍ ထွေလီ
ကာလီ လျှောက်လုပ်မနေနဲ့ ၊ တွေးသမျှထင်သမျှ မှား
တတ်သည်။
၉။ ရေခပ်ရင်း၊ ထမင်းချက်ရင်းလည်း ရှုမှတ်နိုင်၍ တစ်
ချိန်တည်းတွင် အလုပ်ကိစ္စနှစ်ခုပြီးသည်။ မည်သည့်
ဣရိယာပုတ်နှင့်မဆို ရှုမှတ်နိုင်၏။ ကမ္မဋ္ဌာန်း ထိုင်ရ
တာ ၁ာာမှလဲမတွေ့ ပေါင်၊ မရပေါင် ပာုမမှတ်ရ။ တစ်
ခဏအတွင်း ရသည့် အကျိုးကား ကုန်စင်အောင်ပင်
မပြောနိုင်။ တစ်နေ့ ထက်တစ်နေ့  တိုးတက်ပြီးတော့
သာ သွားတော့သည်။
၁၀။ အိမ်အမိုး မိုးသောအခါ စပ်အောင်မိုးလျှင် မိုးနေကာ
ကွယ်နိုင်သကဲ့သို့ တစ်ရက် ၂၄ နာရီတစ်ဆက်တည်း
တစ်စပ်တည်း (မအိပ်စက်၁ဲာ) ရှုမှတ်နိုင်အောင် ကြိုး
စား (နိသဇ် ဓုတင်ဆောင်)။ ၂၄နာရီတစ်စပ်လောက်
ရလျှင်ပင် ထူးခြားသိသာလာမည်။
၁၁။ ၃၁ ၁ာုံချမ်းသာ ၁ာုရင်ဖြစ်ရတာမှ အစ ၁ာာမျှ
မတောင့်တ မလိုချင်ရ။ ဒုက္ခချည်းဖြစ်သည်။
၁၂။ မိမိ အနားရှိ မြင်သမျှ ကြားသမျှ ကျေးဇူးရှင်ချည်းဖြစ်
သည်။ အသံဗလံဆူနေ၍ နေရာမပြောင်းနှင့်။ ငါဝီရိယ၊
သမာဓိ ကောင်းလှပြီ ပာု အလွတ် အထင် ရောက်နေ
တတ်၏။ ဆူညံသံများက၀ီရိယတိုးလိုက်ပါဦးပာု ပြော
သော ကျေးဇူးရှင်များ ဖြစ်သည်။ မေတ္တာထား သည်းခံ
ရှုမှတ်။
၁၃။ မိ၁ာ၊ သားမယားဝတ္တရားများကိုပြုလုပ်ရခြင်း၊ ကလေး
ငို၍ ချော့ထိန်းရခြင်းမှ အစ သီလ၊ စရဏကုသိုလ်ချည်း
ဖြစ်သည်။
၁၄။ မိမိ အာနာပါန ရှုမှတ်ခြင်းကို အကြောင်းပြု၍ မိမိနှင့်
တကွ မိမိပတ်ဝန်းကျင် လူတွေ နတ်တွေ ဗြပ္မာာတွေ
မရေမတွက်နိုင်အောင်ပင် ကျေးဇူးများကုန်ကြတော့
သည်။
ဓမ္မာစရိယဦးဋ္ဌေးလှိုင်
ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ

No comments:

Post a Comment