Friday, November 18, 2016

ပညတ်နှင့်ပရမတ်နို့နှင့်ရေပမာ


ပညတ်နှင်ပရမတ်သည် နို့နှင့်ရေပမာ တစ်သား
တည်းနေသောကြောင့် အခွဲရ ခက်၏။  အဘယ်
ကြောင့်ဆိုသော် ပညတ်နှင့်ပရမတ်သည် တစ်ခု
စီတခြားစီ ကွဲကွာ၍ နေသည်မဟုတ်။    တရား
ကိုယ်မှာ တစ်ခုတည်း  သဘော လက္ခဏာသာ
ကွဲပြား၏။  မူလပင်ကိုယ် သဘောကတော့ ပရ
မတ်ချည်းဖြစ်၏။ပရမတ်တွေစုဝေးနေသောအခါ 
ကြီး၊  ငယ်၊  တို၊  ရှည်၊  အရည်၊  အဖတ်၊  ဒြပ်
သဏ္ဍာန်၊  လူဟန်  နတ်သွင်၊  သစ်ပင်၊  တော
တောင်၊ စသည်တို့ဖြင့် ပုံသဏ္ဍာန် အလျောက်
ခေါ်ဆိုပညတ်သမုတ်အပ်၏။ ထို့ကြောင့်သမုတိ
ပညတ်ဟုဆို၏။ ထိုပညတ်ဟုဆိုတဲ့ ပုံသဏ္ဍာန်
တစ်ခုလုံးသည် စင်စစ်တော့ပရမတ်ချည်းသက်
သက်သာဖြစ်၏။       ပရမတ်မို့လို့လည်း စက္ခု
ဝိညာဏ်ဖြင့်မြင်ရခြင်းဖြစ်၏။ သို့ပေမဲ့မြင်ရသော
အခါ ပုံသဏ္ဍာန်ကပါ၍နေသောကြောင့်ပရမတ်
တည်းဟူသော အဆင်းသည် ပုံသဏ္ဍာန်တည်း
ဟူသော ပညတ်နှင့် မကင်းနိုင်ရကား မြင်တိုင်း
မြင်တိုင်းပုထုဇဉ်တို့၏ စိတ်၌ သက္ကာယဒိဋ္ဌိဖြစ်
မှန်းမသိဖြစ်၍နေတတ်ကြ၏။ မြင်တိုင်းမြင်တိုင်း
ပုံသဏ္ဍာန်မပါမှ အဆင်းရှုပါရုံဟူသော ပရမတ်
အစစ်ဖြစ်နိုင်၏။ အဘယ်ကြောင့်ဆိုသော်သုတ္တ
နိပါတ် အဋ္ဌကထာ၌
သဗ္ဗေပိ ပရမတ္တဓမ္မာနာမ သဗ္ဗသော သဏ္ဍာန
ရဟိတော ဟောန္တိ၊  အာကာရ ၀ိကာရကြိယာ
မတ္တာဝ၊  အနုမတ္တေပိ သဏ္ဍာနေ ဒိဿမာနေ
တသ္မိံ ၀တ္ထုသ္မိံ အနေကာပရမတ္ထဓမ္မောဝတ္တန္တိ 
ဟူ၍ မိန့်ဆိုသောကြောင့် ဖြစ်၏။  အဓိပ္ပါယ်မှာ 
ပရမတ်မှန်သမျှ ပုံသဏ္ဍာန်မှကင်း၏ဟူ၍ဖြစ်၏။
မြင်တိုင်းမြင်တိုင်းပုံသဏ္ဍာန်မပါအောင်မှာလွယ်
တာမဟုတ်၊ ၀ိပဿနာအားထုတ်သူယောဂီများ
တောင်မှ ဘင်္ဂဉာဏ်သို့ကောင်းစွာရောက်မှသာ
ဖြစ်နိုင်၏။    သို့ဖြစ်၍ လူကိုမြင်လျှင် မြင်ရတာ
ဟာလူမဟုတ်ဘူးဟု စိတ်ကူး၍သိရုံနှင့်ပညတ်
ကွာသည်မမည်။ ဥပမာ -နွားနို့ဟူသည်အရည်
ဖြစ်၏။ အရည်သည်ရေ၏သဘောဖြစ်၏။ 
သို့ရာတွင်ရေဟု ဆိုရမှာလည်း   ဖြူ၍နေသော 
အနှစ်သဘောတွေကိုမြင်ရ၏။ ထို့ကြောင့်နွားနို့
နှင့်ရေကိုလက်ဖြင့်လည်းခွါ၍မရ၊ အ၀တ်နှင့်စစ်
လျှင်လည်းမဖြစ်၊    စိတ်ကူးဖြင့်လည်း မခွါနိုင်၊
ဖြစ်နိုင်သောနည်းမှာ  သံပရာရည် ညှစ်ထည့်မှ 
နွားနို့မှာခဲသွား၏။ နို့ခဲကိုဖယ်ပြစ်လျှင်ရေချည်း
မြင်ရ၏။    သို့ဖြစ်၍ နွားနို့နှင့်ရေကို ကွဲအောင်
သံပုရာမှ တတ်နိုင်၏။   ပညတ်နှင့် ပရမတ်ကို
လည်း ၀ိပဿနာ ဘာဝနာမယဉာဏ်ဖြင့် သန္တ
တိပျောက်အောင်မြင်ရသော  ခဏိက အနိစ္စမှ
သာ တတ်နိုင်၏  ဟူ၍   သတိထား အပ်လှပါ
ကြောင်း။

ဝိပဿနာပါရဂူကျမ်း လေးစောင်တွဲ

No comments:

Post a Comment