Friday, November 25, 2016

ကလေးတွေက ကော်ပတ်ရုပ်ကို လူထင်သလို၊ လူကြီးတွေက ကလေးတွေကို ကော်ပတ်ရုပ်ထင် နေကြသည်။


လောကကြီးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးစီးပွါးဖြစ်ဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ
တွေ ချမ်းသာဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ ကောင်းကျိုးရဖို့ ဘုရား၊ တရား၊ သံဃာ  ရတနာ
သုံးပါး ပွင့်ပေါ်လာတာ။  ဘုရားကြည်ညို၊ တရားကြည်ညို၊ သံဃာကြည်ညိုတယ် ဆိုရင် ကိုယ့်မိ
သားစု ငြိမ်းအေးမှုကို ကိုယ်လုပ်ပေးနိုင်ပြီလား?။ အဲဒါလေးကို ပြန်ဆန်းစစ် ကြည့်စမ်းပါ။  အခု
တရားနာနေတဲ့ ပရိတ်သတ်ထဲမှာ မိသားစုနဲ့ အဆင်မပြေ စိတ်ပူလောင်နေလို့  လာ တရားအား
ထုတ်တဲ့သူတွေ တစ်ပုံကြီး၊ အဲဒီ တရားအားထုတ်နေတဲ့သူတွေ ရုပ်ဟဲ့၊ နာမ်ဟဲ့၊  နာမ်ဟဲ့၊ ရုပ်ဟဲ့
လုပ်၊   လုပ်တုံးသာ ခဏ  တရားမှတ်လို့ ရချင်ရမယ်၊  အိမ်ကို  ပြန်ရောက်ရင်လေ၊   ဒီအတိုင်း၊
ဒီအတိုင်း၊ ဒီအတိုင်း၊ ပြန်ပူနေမှာပဲ။ နားလည်စမ်းပါ၊ သဘောပေါက်စမ်းပါ။

ဘုရားကိုကြည်ညို၊ တရားကိုကြည်ညို၊ သံဃာကိုကြည်ညိုတယ်ဆိုရင်  အမေနဲ့ ဘာဖြစ်လို့
မတည့်ရတာလဲ၊ အဖေနဲ့ဘာဖြစ်လို့ မတည့်ရတာလဲ၊ သားနဲ့ ဘာဖြစ်လို့ မတည့်ရတာလဲ၊ သမီးနဲ့
ဘာဖြစ်လို့  မတည့်ရတာလဲ။ မိဘတွေက သားသမီးကို ဘာဖြစ်ချင်တာလဲ?။   သားသမီးတွေက
ရော မိဘတွေကို ဘာဖြစ်ချင်တာလဲ?။ ကောင်းစေချင်တာချင်း အတူတူ ဆိုရင်၊ ကောင်းပေးပါ။
တစ်ခုတော့ အသိပေးချင်ပါတယ်။ ကော်ပတ်ရုပ်ကို လူထင်တဲ့ကလေးတွေ ရှိပါသည်။ ကော်
ပတ်ရုပ်ကလေးနဲ့ ငယ်တုံးက ကစားတဲ့ ကလေးသူငယ်တွေဟာလေ ကော်ပတ်ရုပ်ကို လူထင်ကြ
တာ။ အိုး…  အင်္ကျီလေး ၀တ်ပေးလိုက်၊ ဆံပင်လေး ဖီးပေးလိုက်၊ မျက်ခုံးမွှေးလေး ဆွဲပေးလိုက်၊
ဆောင့် ထိုင်ပေးလိုက်၊ ဆံပင်လေး  ကျစ်ဆံမြီး ကျစ်ပေးသေးတယ်။ ကလေးတွေက  ကော်ပတ်
ရုပ်ကို လူထင်သလို၊ လူကြီးတွေက ကလေးတွေကို ကော်ပတ်ရုပ်ထင်၍ နေကြကုန်၏။ သူတော်
ကောင်းအပေါင်းတို့ ဉာဏ်လေးနဲ့  သဘောပေါက်လိုက်စမ်းပါ။  လူဟာလူပါ။  ကော်ပတ်ရုပ်ဟာ
ကော်ပတ်ရုပ်ပါ။  အဲဒါလေးကို အမှန်အတိုင်း  မြင်လိုက်စမ်းပါ။   မိဘကလဲ  သားသမီးနေရာကို
ဝင်ကြည့်စမ်းပါ။ သားသမီးကလဲ  မိဘနေရာကို ၀င်ကြည့်စမ်းပါ။ အဲဒီ.. သူများနေရာကို  အမြင်
ကျယ်ကျယ်နဲ့ ၀င်ကြည့်နိုင်ပြီလား?။ မိဘကလဲ မိဘဖက်ကနေ သားသမီးဖက်ကို  ရွေ့ နေလိုက်၊
သားသမီးကလဲ သားသမီးဖက်ကနေ မိဘနေရာကို ရွေ့ နေလိုက်။… အဲဒီလိုမျိုးဆိုရင် ကော်ပတ်
ရုပ်ဟာ ကော်ပတ်ရုပ်။ လူဟာလူပါ။ အခု..  ခက်နေကြတာက ကော်ပတ်ရုပ်ကို လူထင်ပြီးတော့
ကြိုက်သလို လုပ်ပေးကြသလို၊ လူကိုလဲ ကော်ပတ်ရုပ် ထင်ပြီးတော့  ထင်သလို  လုပ်နေကြလို့
မိသားစုတွေ အဆင်မပြေကြတာ။  ခင်ပွန်းယောက်ျားနဲ့ ဇနီးမယားရော အဲဒီလို  ပြန်ကြည့်လိုက်
စမ်းပါ။ သူ့နေရာ၊ ကိုယ်ဝင်ကြည့်လိုက်စမ်းပါ။ ကိုယ့်နေရာ၊ သူဝင်ကြည့်လိုက်စမ်းပါ။
အဲဒါလေးကို သဘောပေါက်သွားရင်လေ၊… သဘောပေါက်တဲ့အတိုင်း နေသွားရင်၊ ဒါနပါရ
မီ၊ သီလပါရမီ၊  နိက္ခ္မပါရမီ။  .. နိက္ခမပါရမီ ဆိုတာ  တောထွက်တာကို ခေါ်တယ်၊ ကိုယ်ဖြစ်ချင်
တာကို ဦးစားမပေးတာ  နိက္ခမပါရမီ။  အိမ်တိုင်း၊ အိမ်တိုင်းမှာ၊ မိသားစုတိုင်း၊ မိသားစုတိုင်းမှာ၊
ပြဿနာဖြစ်တာသည် ကိုယ်ဖြစ်ချင်တာကို ဦးစားပေးလို့။  ကိုယ်ဖြစ်ချင်တာကို  စွန့်လွှတ်နိုင်တဲ့
သတိဟာ၊  နိက္ခမပါရမီပဲ။  ကိုယ်ဖြစ်ချင်တာ  လောဘနဲ့၊ ကိုယ်ဖြစ်ချင်တာ တဏှာနဲ့၊ ကိုယ်ဖြစ်
ချင်တာ ရာဂနဲ့၊ ကိုယ်ဖြစ်ချင်တာ ကိလေသာနဲ့။ လောဘ၊ တဏှာ၊ ရာဂ၊ ကိလေသာ အကုန်လုံး
ကို စွန့်ခွါနိုင်ရင်၊ ကိုယ်ဖြစ်ချင်တာကို လွှတ်အောင်ရှောင်နိုင်ရင် ..  အဲဒါ နိက္ခမပါရမီ။
ဉာဏ်လေးနဲ့ အာရုံပြုကြည့်လိုက်ပါ။ ကိုယ်က ကိုယ့်သားသမီးကို ကော်ပတ်ရုပ် ထင်နေရော
သလား? ။ သားသမီးကလဲ မိဘကို ကော်ပတ်ရုပ် ထင်နေရော သလား? ။ ဆောင့်ကြီးအောင့်ကြီး လုပ်တယ်ဆိုတာ ကော်ပတ်ရုပ် ထင်လို့။ ကိုယ်ထင်သလို လုပ်တယ်ဆိုတာ ကော်ပတ်ရုပ် ထင်လို့။
ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်စဉ်းစား လိုက်စမ်းပါ။ အိမ်မှာဘာဖြစ်လို့ အဆင်မပြေ ရတာလဲ၊
ကိုယ်ဖြစ်ချင်တာကို ဦးစားပေးနေရင်  နိက္ခမပါရမီ  မပါလို့  ပြဿနာဖြစ်တာ။  နိက္ခမပါရမီလေး
နဲ့သာဆိုရင်၊ အိုး… အမေဖြစ်ချင်တာလေး လုပ်ပေးလိုက်၊ အဖေဖြစ်ချင်တာလေး လုပ်ပေးလိုက်၊
သားဖြစ်ချင်တာလေး လုပ်ပေးလိုက်၊ သမီးဖြစ်ချင်တာလေး လုပ်ပေးလိုက်။ ဟေး.. မကောင်းတာ
တွေ လုပ်ပေးခိုင်းတာ မဟုတ်ဘူး။ ကပ်သိကပ်သတ် စဉ်းစားစရာ မလိုဘူး။ တကယ့် ပညာရှိ  သူ
တော်ကောင်း ဖြစ်လာရင် ဘယ်လို ကျင့်ရမယ်ဆိုတာ နားလည်လာပါတယ်။
မေတ္တာတွေ ပေးလိုက်စမ်းပါ၊ ကိုယ်လုပ်သင့်တဲ့ အလုပ်တွေ လုပ်ပေးလိုက်စမ်းပါ။ ကိုယ်ဖြစ်
ချင်တာတွေ ဦးစားမပေးဘဲနဲ့ ရှောင်လိုက်စမ်းပါ။ ဦးစားမပေးဘဲနဲ့ ရှောင်လိုက်ရင်  ကိုယ်လဲငြိမ်း
အေးတယ်၊ မိဘလဲ ငြိမ်းအေးတယ်၊ သားသမီးလဲ ငြိမ်းအေးတယ်၊ မိသားစု တစ်စုလုံးလဲ ငြိမ်းအေး
ပါတယ်။ သူတော်ကောင်း တရားတွေ ကျင့်ကြံနိုင်ပြီး နိဗ္ဗာန်ဆီသို့ လှမ်းနိုင်ရောက်နိုင်တဲ့ သူတွေ
ဖြစ်ကြပါစေကုန်သတည်း။ ။

{၁၃၆၇ ခု တန်းခူးလပြည့်ကျော် ၃ ရက် မဟာသင်္ကြန် အကြပ်နေ့ မှော်ဘီမြို့၌ ဓမ္မဒူတ အရှင်
ဆေကိန္ဒ ဟောကြားသော ငြိမ်းအေးပါပေစွတကား တရားတော်မှ ကောက်နုတ်ဖေါ်ပြသည်။}

No comments:

Post a Comment