မေး။ ။ ရဟန်းဘ၀ကိုအပြီးတိုင်ဝတ်ခြင်းဖြင့် ထိုရဟန်း၏
မိဘများသည် အပါယ်တံခါးပိတ်ပြီး နိဗ္ဗာန်သို့ရောက်သည်
ဆိုတာ မှန်ပါသလားဘုရား။ သီလရှင်ဝတ်ရင်ကော ထိုသို့
ပဲလားဘုရား။ ဖြေကြားပေးတော်မူပါ။
ဖြေ။ ။ အဲဒါကတော့ တိုက်ရိုက်ကြီးတော့မဟုတ်ပါဘူး။
ဒါက အဋ္ဌကထာအချို့ရဲ့ဖွင့်ဆိုချက်ပါ။ တစ်ခုရှိတာကအဲဒီ
ရဟန်းမယ်တော်၊ ရဟန်းခမည်းတော်က တကယ့်ကိုသဒ္ဓါ
တရားရှိပြီး တစ်သက်ပါတ်လုံး ကိုယ့်သားရဟန်းအတွက်
လှူဖို့တန်းဖို့ အားစိုက်ပြီးစီးပွားရှာရင် ကုသိုလ်တိုးတာပေါ့
နော်။ သေခါနီးအချိန်အထိ ဒီရဟန်းခံပေးတဲ့ လှူရတဲ့
ကုသိုလ်ကို အာရုံပြုမှတော့ ဘယ်အပါယ်ကျတော့မှာလဲ။
များသောအားဖြင့် အပါယ်မကျတာများလို့ အပါယ်တံခါး
ပိတ်တယ်လို့ပြောတာပါ။ သို့သော် များသောအားးဖြင့်ပြော
တာပါ။ သေခါနီးကျမှ သားစွဲ၊ သမီးစွဲဖြစ်နေရင်တော့
အပါယ်ကျနိုင်ပါသေးတယ်။ ဧကန်မုချအပါယ်မကျနိုင်တာ
ကတော့ သောတာပတ္တိမဂ်ကိုရတာပါပဲ။ အဲဒါကတော့စိတ်
အချရဆုံးပါ။ သေခါနီးမှာကိုယ့်ရဲ့ ကုသိုလ်တွေကို သတိရ
နေဖို့လိုပါတယ်။ အဲဒါဆိုရင်အပါယ်မကျနိုင်တော့ဘူးပေါ့။
တောင်တန်းဆရာတော်ဘုရားကြီးဦးဥတ္တမသာရကိုကြား
ဖူးတယ်မဟုတ်လား။ သူ့မယ်တော်ကြီးက အပါယ်ကျပြီး
ပြိတ္တာဖြစ်သွားတယ်။ ဒါလက်တွေ့ပဲ။ ဘာလို့လဲဆိုတော့
တရားမှမသိဘဲ။ သေခါနီးမှ တစ်စုံတစ်ခုကို စွဲဟန်တူပါ
တယ်။ အဲဒါကိုယ်လုံးတီးကြီးနဲ့ ပြိတ္တာမကြီးဖြစ်နေပုံကိုသူ့
သမီးကို အိပ်မက်ပေးတယ်။ အဲဒါ ဆရာတော်ကိုယ်တိုင်
ရွာပြန်ပြီးလှူဒါန်းပေးကမ်းပြီးမှ ကျွတ်သွားတယ်လို့သိရ
တယ်။ ဒါကြောင့် စိတ်ချချင်ရင် ၀ိပဿနာတရားကိုနာ
ကြားရှုပွားတာ အကောင်းဆုံးပဲလို့ အကြံပေးပါရစေ။
မေတ္တာရှင်ရွှေပြည်သာ
အလုပ်ပေးဝိပဿနာအမေးအဖြေများ
No comments:
Post a Comment