Thursday, November 10, 2016

သမ္ပပ္ဖလာပ၀ါစာ - အကျိုးမရှိအနှစ်မဲ့စကားကို ပြောဆိုခြင်း၏ ဆိုးကျိုး

စီးပွားချမ်းသာကိုဖျက်စီးတတ်စေသောစကား အနက်
အဓိပ္ပါယ်မရှိ သိမ်ဖျင်းသောစကားကို ပြောဆိုကြောင်း
ဖြစ်သော စေတနာသည် သမ္ပပ္ဖလာပ မည်ပါသည်။

ပရမတ္ထစက္ခုကျမ်း၌ ဒီပဲယင်းဆရာတော်ဘုရားကြီး
က `` အနတ်ဆံကင်းဆိုသည်မှာ ရာမမင်း၏ သီတာ
ဒေ၀ီမိဖုရားကို ခေါင်းဆယ်လုံးရှိ ဘီလူးမင်းခိုးယူသည်။
ရွှေယုန်နှင့်ရွှေကျား သက်ကယ်ရိပ်သွားသည်။ ဤသို့
စသည့် ရှေ့ကမဖြစ်ဖူး မရှိဖူးသည်ကို ဖြစ်ဖူးရှိဖူးသကဲ့
သို့ သူတပါးရာဂပွားရန် ဒေါသပွားရန် မောစပွားရန်
ကြံဖန်ပြောဆိုသော စကားဟူသမျှ စပါးဖျင်းကဲ့သို့
အနက်အဆံမပါသည်ကို ဆိုလိုသည်။

သူ့ကိုဆုံးမရာ တရားဟောရာ ပြောရာ၌ထင်လွယ်
အောင် ဥပမာပုံပြထည့်သွင်းပြောဆိုရာတို့၌ သမ္ပပ္ဖလာပ
မဖြစ်ဟု ဖွင့်ဆိုပြထားပါသည်။

စီးပွားချမ်းသာကိုဖျက်ဆီးတတ်သောစကား အနက်
အဓိပ္ပါယ်မရှိ ပြိန်ဖျင်းသောစကားကို ပြောဆိုသူသည်
ခန္ဓာပျက်သည်၏အခြားမဲ့၌ အပါယ်လေးပါး၌ ဆင်းရဲ
ကြီးစွာခံစားရတတ်သည်။

အပါယ်လေးပါးမှလွတ်၍ လူ့ဘ၀ရောက်သော်မှ
အောက်ပါဆိုးကျိုးများခံစားရတတ်ပါသည်။
-မိမိပြောဆိုသောစကားကိုသူတစ်ပါးတို့ မယုံကြည်ခြင်း။
-မိမိကိုလူအများမုန်းတီးခြင်း။
-လူအများကမိမိကိုအလေးမထားခြင်း။
-အများယုံကြည်ဖွယ်ဖြစ်အောင်မပြောဆိုတတ်ခြင်း။
-လာဘ်လာဘနည်းပါးခြင်း။
-ဘုန်းတန်ခိုးအရှိန်အဆော်အာနုဘော်နည်းခြင်း။
-ပညာသေးသိမ်မှေးမှိန်ခြင်း။

တက္ကသိုလ်သျှင်သီရိ ( ဓမ္မာစရိယ-ဘီအေ )

No comments:

Post a Comment