သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ဥပုသ်နေ့ မှာ ဥပုသ် စောင့်ကြရအောင်လို့  ပြောတော့ ကျန်တစ် ယောက်က ဥပုသ်တော့စောင့်ချင်ပါတယ် ၀မ်းရေးကြောင့် ငါးဖမ်းဖို့  တာဝန်ရှိနေတယ် ဆိုတဲ့ ဗုဒ္ဓ၀င် ဇာတ်လမ်းလိုလို ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီပုံပြင်လေးမှာ ဥပုသ်စောင့်တဲ့သူက ဥပုသ် ကျောင်းသွားပြီး ဥပုသ်စောင့်တယ်။ သို့သော် ဥပုသ်ကျောင်းရောက်နေပေမယ့် သူ့ စိတ်က ငါးဖမ်းတဲ့ သူငယ်ချင်းဆီ ရောက် နေတယ်။ သူကတော့ ငါးတွေအများကြီးရမှာပဲလို့  စိတ်စွဲပြီးနေတယ်။ ငါးဖမ်းတဲ့သူကလည်း ငါးဖမ်းရင်း ဥပုသ်စောင့်တဲ့သူငယ်ချင်းကိုအားကျလို့  စိတ်က ဥပုသ်ကျောင်းကို ရောက်နေပါသတဲ့။သူတို့ သေသွားတဲ့ အခါ ဥပုသ်စောင့်သူက အပါယ်ကျပြီး ငါးဖမ်းသူက နတ်ပြည် ရောက်သွားတယ်ဆိုတဲ့စကား ပုံပြင်လေး တစ်ပုဒ်ကို ငယ်ငယ်ကတည်းက ကြားဖူးခဲ့ပြီး ယုံကြည်ခဲ့ မိပါတယ်။
အဲ့ဒီပုံပြင်နဲ့ပက်သက်ပြီး ထီးချိုင့် တည်တော ဆရာတော် ရဲ့ ယနေ့ ဗုဒ္ဓ၀ါဒ ဆိုင်
ရာ အမေးအဖြေများ စာအုပ် အမှတ်-၆ မှာ စာမျက်နှာ ၉၄ မှာ ခုလိုဖြေကြားထားတာကိုတွေ့ရပါတယ်။
" သီလစောင့်ပေမယ့် စိတ်မစင်ကြယ်ရင် အပါယ်ကျတယ်ဆိုတာ ဟုတ်သလိုလို ထင်ရပေမယ့်
အမှန်တကယ်ကတော့ လုံးဝ မဟုတ်ဘူးကွဲ့ ။ သီလ ဆိုတာ ကာယကံမှု ၀စီကံမှုကို မလွန်ကျူးအောင်
စောင့်ရှောက်ခြင်းမျှသာ ဖြစ်တယ်။ မနောကံ မပါဘူး။ သီလ ဆိုတာ ကာယ သောင်းကျန်းမှူနဲ့ ၀စီသောင်း
ကျန်းမှူကို ရှောင်ကြဉ်တာဖြစ်တယ်။ စိတ်သောင်းကျန်းမှူနဲ့  မဆိုင်ဘူး။ ဒါကြောင့်ရဟန်းတော်များမှာ
မနော်ဒွါရေ အာပတ္တိနာမ နတ္ထိ-စိတ်ဖြင့် အာပတ်သင့်ခြင်း အပြစ်ဖြစ်ခြင်း မရှိဘူး လို့  ဘုရားဟောရှိ
တာပဲ။ ဥပုသ်သည်မှာ ထမင်းစားလိုစိတ်ရှိသော်လည်း ထမင်းမစားပဲနေခြင်း။ပွဲကြည့်လိုစိတ်ဖြစ်သော်
လည်း မကြည့်ပဲ နေခြင်း ဟာသီလသတ္တိ ရှိနေတာပါ။ သီလစောင့်သူဟာ ထမင်းဆာစိတ် ပွဲကြည့်လိုစိတ်
နဲ့သေသော်လည်း ငရဲမကျကြောင်း နတ်ဖြစ်ကြောင်း မူလ ပဏ္ဍာသ အဋ္ဌကထာ ကောသဗ္ဗီယ သုတ်
အဖွင့်မှာပြထားပါတယ်။ " လို့  ဖြေဆိုတော်မူထား
ပါတယ်။
အမှားကင်းစင် အမှန်သိမြင်ကြပါစေ။
No comments:
Post a Comment