Wednesday, November 23, 2016

တရား အားထုတ်သူတိုင်း ထိုင်နေပြီး နှာသီးဝ နှုတ်ခမ်းဖျားကိုသာ ကြည့်နေရမှာပါလား။

မေး။        ။ တရား အားထုတ်သူတိုင်း ထိုင်နေပြီး
နှာသီးဝ နှုတ်ခမ်းဖျားကိုသာ ကြည့်နေရမှာပါလား။

ဖြေ ။     ။ ကုသိုလ်တရားအတွက် ဒါနကုသိုလ်က
အလှူခံပုဂ္ဂိုလ်၊ လှူဖွယ် ၀တ္ထုကိုအာရုံပြုပြီး ပေးလို
တဲ့စေတနာနဲ့ လှူရတယ်။ သီလကုသိုလ်က စောင့်
ထိန်းစရာ ရှောင်ကြဉ်စရာတွေကို အာရုံပြုပြီးကိုယ်
နဲ့နှုတ်ကို စောင့်ထိန်းရတယ်။ သမထ ကုသိုလ်က
ကသိုဏ်း နိမိတ် ပညတ်အာရုံကို အာရုံပြုပြီးတည်
ကြည်မှု သမာဓိအားကောင်းအောင် သတိနဲ့ကြည့်
ရတယ်။

ဝိပဿနာ ကုသိုလ်က ဖြစ်တိုင်းဖြစ်တိုင်း ထင်ရှား
တဲ့ ရုပ်နာမ်အာရုံကို အမှန်အတိုင်းသိအောင်ကြည့်
ရတယ်။ ရုပ်အာရုံက နာမ်အာရုံထက် သိသာထင်
ရှားတယ်။ များသောအားဖြင့် ရုပ်ကိုသာစပြီးအာရုံ
ပြုရှုပွားနိုင်တယ်။ ရုပ်သဘောတွေကလည်းခြေဖျား
ကနေ ဆံဖျားတိုင်အောင် ကိုယ်တစ်ကောင်းလုံးမှာ
ရှိနေကြတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊
ဒါတွေဟာလည်း ရုပ်တရားတွေပေါင်းစပ်ထားတာ
ပါ။   ဒါတွေနဲ့ ဆက်စပ်ပြီး ထိတွေ့လာတဲ့ အဆင်း၊
အသံ၊ အနံ့၊ အရသာ၊ အတွေ့ဆိုတာတွေကလည်း
ရုပ်တရားတွေပါဘဲ။

ရုပ်တရားတွေ အားလုံးရှုစရာတွေမို့ ရှုပါဆိုပေမယ့်
စပြီးအားထုတ်သူအတွက်ကတော့သိပ်မလွယ်သေး
ပါဘူး။ အခြေံသဘောကိုလောကဥပမာနဲ့ပြောရရင်

ဈေးသည်မျိုးရိုးမိဘတွေဟာ သားသမီးတွေကို ဈေး
ရောင်း ဈေးဝယ်ပညာတွေ လက်ဆင့်ကမ်း သင်ပေး
တတ်ကြတယ်။ မိဘတွေမှာ ဈေးဆိုင်တွေကုန်တိုက်
တွေအများကြီးပိုင်ထားပါတယ်။ အမျိုးအစားအနေနဲ့
ကတော့ ၀ယ်သူအလာနည်းလွန်းတဲ့ ဆိုင်ကတစ်မျိုး
နောက် ရောင်းသူ ၀ယ်သူများပြားလွန်းလို့ ရှုပ်ယှက်
ခတ်ပြီး လက်မလည်အောင် ရောင်းရတဲ့ဆိုင်ကတစ်
မျိုး ပုံမှန်ရောင်းဝယ်နေရတဲ့ဆိုင်ကတစ်မျိုးလို့သုံးမျိုး
ရှိတယ်။

မိဘတွေက သားသမီးတွေကိုဘယ်ဆိုင်မှာစပြီးသင်
ပေးမလဲ၊ ပုံမှန်ရောင်းရတဲ့ဆိုင်မှာဘဲ သင်ပေးမှာပေါ့
မရောင်းရတဲ့ဆိုင်မှာသင်ပေးရင်ပညာတတ်ဖို့မလွယ်
ဘူး။လက်မလည်အောင်ရောင်းရတဲ့ဆိုင်မှာကရောင်း
သူဝယ်သူရှုပ်လို့ ဈေးသည်အလုပ် စသင်ဖို့ကလည်း
မလွယ်ကူဘူး။  ဒါကြောင့် ပုံမှန်ဆိုင်မှာ စသင်ပေးရ
တာအကောင်းဆုံးပဲ။

တရားစပြီး အားထုတ်တဲ့သူတွေအတွက်လည်းပုံမှန်
ထင်ရှားတဲ့သဘောကို မူလကမ္မဋ္ဌာန်းအာရုံအနေနဲ့
ထားပေးရတာ အကောင်းဆုံးစသင်ရတဲ့အာရုံနေရာ
ပဲ။

ခလုပ်တိုက်လို့နာတာ၊ကျောအောင့်တာ၊ခြေထောက်
ကျင်တာ၊  လက်မောင်း လှုပ်တာ၊ ဗိုက် အောင့်တာ၊
ရင်ဘတ်ယားတာဆိုတဲ့ဒီသဘောတွေဟာရုပ်တရား
တွေပါ။  ရုပ်မှန်သမျှ ရှုရတယ်ဆိုပေမယ့် ဒီသဘော
တွေက တစ်ခါတစ်လေမှ ထင်ရှားတာဖြစ်လို့ စပြီးရှု
ရင်အဆင်မပြေတတ်ပါဘူး။

မျက်စိ ဖွင့်ထားလို့ မြင်သမျှ  အဆင်းတွေ၊ နားသ
ကြားနေရတဲ့ အသံမျိုးစုံတွေ ဒါတွေဟာရုပ်တရား
တွေပါ။ ဒါပေမယ့် များပြားလွန်းတော့ စပြီး ရှုဖို့မ
လွယ်ပါဘူး။ နာမ်တရားလို့ခေါ်တဲ့စိတ်က စဉ်းစား
နေတာတွေ၊ ကြံစည်နေတာတွေ၊  သိနေတာတွေ
ဟာလည်း အရှုခံနာမ်တရားတွေဖြစ်ပေမယ့် လျင်
မြန်များပြားလွန်းလို့ စရှုဖို့ မလွယ်ပါဘူး။

ဒါကြောင့် ပုံမှန် ရှုသွင်း ရှုထုတ်လုပ်နေတဲ့အသက်
လို့ခေါ်တဲ့ လေဓါတ် လေဓါတ်ရဲ့  ၀င်တဲ့ ထွက်တဲ့
တိုးမှု၊ ထိမှု၊ လှုပ်၊ ခုန်၊ အေး၊ နွေး၊ တင်း၊ လျော့ဆို
တဲ့ တစ်မျိုးလေး ဖြစ်မှု ရုပ်သဘောကိုစပြီးကြည့်ရ
ပါတယ်။ တချို့က နှာသီးဝမှာ ထင်ရှားတယ်။  နှာ
ခေါင်းရှည်ရင်ပေါ့။ တချို့ကနှုတ်ခမ်းဖျားမှာထင်ရှား
တယ်။   အာခေါင်၊ လည်ချောင်း၊  ရင်ဘတ်၊ နှလုံး၊
ဝမ်းဗိုက်နေရာ အမျိုးမျိုးမှာထင်ရှားတယ်။ ထင်ရှား
တဲ့နေရာတိုင်းမှာ ရှုကြည့်လို့ ရပါတယ်။ တစ်နေရာ
တည်းမှာပဲကြည့်ရမယ်လို့ မဆိုလိုပါဘူး။

များသောအားဖြင့် နှာသီးဝ၊ နှုတ်ခမ်းဖျားတိုးထိမှု
ကို အသိများပါတယ်။ ရုပ်သဘောကို သတိထား
ကြည့်တဲ့အခါ နေရာဒေသ ကွယ်ပျောက်ပြီး ထိမှု
တိုးမှု စတဲ့     ရုပ်သဘောတွေကိုသာ သတိထား
ကြည့်တဲ့အခါ နေရာဒေသ ကွယ်ပျောက်ပြီး ထိမှု၊
တိုးမှုစတဲ့ ရုပ်သဘောတွေကိုသာ သိဖို့အရေးကြီး
ပါတယ်။

   တကယ်လို့ အရောင်းအ၀ယ် တတ်သွားကြရင်
သားသမီးတွေကို မိဘတွေဟာ ကိုယ်ပိုင်တဲ့ ဆိုင်
တွေ၊ ကုန်တိုက်တွေအားလုံးကို ဦးစီး ရောင်းခိုင်း
မှာပါ။   တရားမှာလည်း အားထုတ်တတ်ပြီဆိုရင်
တစ်ကိုယ်လုံးမှာရှိနေတဲ့ ဘယ်ရုပ်တရားကိုပဲဖြစ်
ဖြစ်။   စိတ်နဲ့ စပ်ဆိုင်တဲ့ ဘယ်နာမ်တရားကြိုဖစ်
ဖြစ် ရှုရမှာ၊ ရှုနိုင်ရမှာပါ။

ထိုင်ဆိုတာက မိမိရဲ့အလုပ်၊ ၀ါသနာ၊ အလေ့
အကျင့်ပေါ်မူတည်ပါတယ်။ ဆေးလိပ်လိပ်သူတွေ
စက်ချုပ်သူတွေက ထိုင်ပြီးအားထုတ်ရင်သင့်တော်
သလို၊  ကျူရှင်ဆရာတို့ သွားစိုက် ဆရာဝန်တို့က
မတ်တပ်ရပ်အားထုတ်ရင်ပိုကောင်းနိုင်ပါတယ်။
ခေါင်းရွက်ဗျတ်ထိုးဈေးသည်၊ ခြေထော်ကလှုပ်ရှား
ပြီး နင်းနေရတဲ့  ဆိုက်ကား သမားတွေဟာ လမ်း
လျှောက်တဲ့ စကြံလျှောက်တာနဲ့ ကိုက်ညီပါတယ်။
ကျန်းမာရေးမကောင်းသူ၊ ကိုယ်အင်္ဂါအားနည်းသူ၊
အသက်အရွယ်ကြီးသူတွေက လှဲလျောင်း အနား
ယူပြီး အားထုတ်တာပိုအဆင်ပြေနိုင်ပါတယ်။

တရားပြတဲ့ ဆရာသမားက တနေရာထဲမှာ ဣရိ
ယာပုတ်အမူအရာတစ်မျိုးတည်းကိုပဲနည်းတစ်ခု
တည်းနှင့် ငါခိုင်းသလိုလုပ်ဆိုပြီးမညွှန်သင့်ပါဘူး။
ဆရာကိုယ်တိုင်ကလည်းယောဂီကိုယ်ညီမှာ၊ ဘာ
နဲ့သပ္ပါယမျှတမယ်ဆိုတာ သေချာမသိနိုင်ပါဘူး။
အားလုံးလည်း ရပ်၊    ထိုင်တာ ယောဂီ အားလုံး
လည်းထိုင်စတဲ့ သဘောမျိုးမဖြစ်သင့်ပါဘူး။

ဖြစ်သင့်တာကတရားကိုနည်းမျိုးစုံညွှန်ပြယောဂီ
က အမူအယာ  ဣရိယာပုတ် အမျိုးမျိုးကို အား
ထုတ်ကြည့်ပြီး  မိမိနဲ့ သင့်တော် မျှတတဲ့ သတိ
ကောင်းအသိဉာဏ်တိုးလွယ်တဲ့ ဣရိယာပုတ်နဲ့
အားထုတ်ရမှာပါ။

ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာသင်တန်းအမေးအဖြေများ-၁။

No comments:

Post a Comment