Thursday, November 10, 2016

သွားသောအခါရှုမြင်နည်းအကျဉ်း (ဣရိယာပထ သမ္ပဇညပိုင်း)

လမ်းလျှောက်သောအခါ၌ ခြေထောက်ကိုစုံရပ်
စိတ်ကိုခြေထောက်ပညတ်ကြီး၌ အာရုံမပြုနှင့်။
ခြေထောက်ပညတ်ထဲက ဓာတ်လေးပါးလေးတွေ
ဖြစ်ပေပေါ်နေတာကို သိအောင်အာရုံပြုကြည့်လျှင်
ပရမတ်ဖြစ်ပျက်တွေခြေထောက်ထဲ၌တွေ့ရလတံ္တ့။

တွေ့သောအခါ ဖြေးဖြေးကလေးညာခြေဖနောင့်ကိုကြွ။
ပရမတ်ကိုသတိမူ။ မလစ်စေနှင့်။ ကြွတုန်းကြွဆဲကိုဖြစ်
ပျက်နေသော ရုပ်ကလေးတွေကိုထင်အောင်ရှု။ ရှုရင်း
ပင်ခြေဖျားကိုထပ်၍ကြွ။ ရှေ့သို့ဖြေးဖြေးကလေးလှမ်း
ရင်းလှမ်းရင်းပင် ဓာတ်လေးပါးဖြစ်ပျက်ကိုသိနေပေစေ။
မလစ်စေနှင့်။ ထစ်လှမ်းတစ်လှမ်းကိုနှစ်မိနစ် သုံးမိနှစ်
ကြာအောင် ဖြည်းသထက်ဖြေးဖြေးကလေး လှမ်းနိုင်
လျှင်သာ၍ ကောင်း၏။ လှမ်းသောခြေကိုချသောအခါ
ဗြုန်းကနဲ မချနှင့်။ ခြေဖျားကစ၍ ဖြေးဖြေးကလေးချ။
ညာဘက်ဖနောင့်ကိုချ၍ မပြီးတပြီးဘယ်ဖက်ဖနောင့်
ကိုကြွ။ ထိုအခါစိတ်ကို ဘယ်ဘက်ဖနှောင့်မှာထား။
အတွင်းသား  ပရမတ်ကလေးတွေ ထင်ရှားပေါ်အောင်
အာရုံပြု။ ပြုပြီးလျှင် ခြေဖျားထပ်၍ကြွ။ ကြွပြီးဘယ်ခြေ
ကိုလှမ်း။ သတိမလှစ်စေနှင့်။ လှမ်းရင်းလဲသိနေပေစေ။

ဤသို့သတိမလစ်စေဘဲ ညာခြေ၊ ဘယ်ခြေ၊ တစ်လှမ်း
ပြီးတစ်လှမ်း လှမ်းနေရင်း သင်္ခါရကိုမြင်နေရင်လဲပဲ ရုပ်
နာမ် သင်္ခါရမှ လှမ်းသောခြေမချမီ ကြွသောခြေမလှမ်း
မီ လွတ်မြောက်သွားတတ်၏။

ဒါကြောင့်မို့ ပဋိသမ္ဘိဒါ ပါဠိတော်၌
“ပ၀တ္တံ၊ ခန္ဓာရုပ်နာမ်တို့၏ ဖြစ်ခြင်းကို။ အဘိဘူယ်တိ၊
လွမ်းမိုးလွန်မြောက်၏”ဟူ၍ ဟောတော်မူ၏။

ဓမ္မာစရိယဦးဋ္ဌေးလှိုင်
အနာဂါမ်ဆရာသက်ကြီး

No comments:

Post a Comment