Tuesday, November 22, 2016

အာနန္ဒာသူဋ္ဌေးကြီးသေ၍ လူပြိတ္တာဖြစ်ခြင်း (မစ္ဆရိယအကျိုး)

သာဝတ္တိပြည်တွင် စည်းစိမ်ဥစ္စာကုဋေလေးဆယ်ကြွယ်ဝ
၍လွန်စွာနှမြောတွန့်တိုတတ်သော အာနန္ဒာဟုအမည်ရှိ
သည့်သူဋ္ဌေးကြီးတစ်ဦးရှိလေသည်။ ထိုအာနန္ဒာသူဋ္ဌေး
သည် လစဉ်လတိုင်း ဆွေးမျိုးများကိုစုဝေးစေ၍ မူလသီရိ
အမည်ရှိသည့်မိမိ၏သားကိုဤသို့ဆုံးမ သြ၀ါဒကို ပေးလေ့
ရှိသည်။

`ဤကုဋေလေးဆယ်ရှိသော ပစ္စည်းဥစ္စာကိုများလှပြီဟု
မထင်မှတ်နှင့် ရှိတဲ့ပစ္စည်းဥစ္စာကို ပေးကမ်းခြင်းကိုလဲ
မပြုနှင့်၊ ပစ္စည်းဥစ္စာကိုတိုးပွားအောင်သာပြုလုပ်ပါ။ တစ်
အသပြာမျှရှိတဲ့ပစ္စည်းကို ကုန်အောင်ပြုရင်၊ တဖြည်းဖြည်း
နဲ့ ပစ္စည်းဥစ္စာတွေကုန်ဆုံးသွားလိမ့်မည်´`ဟု ဆုံးမသြ၀ါဒ
ကိုပေး၏။

ထိုသူဋ္ဌေးကြီးသည် သိမ်းဆည်းထားသော မိမိ၏ရွှေအိုးကြီး
ငါးလုံးကို သားဖြစ်သူမူလသီရိကို မပြောကြားဖြစ်ပဲ ဥစ္စာ
ပစ္စည်းအပေါ်နှမြောဝန်တိုသော စိတ်ဖြင့် ဘ၀တစ်ပါးသို့
ပြောင်းရွေ့ကွယ်လွန်ပြီးလျှင် ထိုသာဝတ္ထိပြည်၊ ဒွန်းစဏ္ဍား
အမျိုးတစ်ထောင်နေထိုင်သောရွာရှိ ဒွန်းစဏ္ဍားမ၏၀မ်းတွင်
ပဋိသန္ဓေတည်လေသည်။
သာဝတ္ထိပြည့်ရှင် ပသေနဒီကောသလ္လမင်းသည် သူဋ္ဌေးကြီး
ကွယ်လွန်ကြောင်းကြားလျှင် သူ၏သားဖြစ်သူမူလသီရိကို
သူဋ္ဌေးအရာ၌ထားတော်မူလေသည်။

ဒွန်းစဏ္ဍားမျိုးတစ်ထောင်သည်လည်း တစ်ခုတစ်ဝေးတည်း
အခကြေးငွေဖြင့်အသက်မွေးခြင်းအလုပ်ကို လုပ်ကိုင်ကြရာ
အာနန္ဒာသူဌေး၏ ပဋိသန္ဓေစွဲယူသည့်နေ့မှစ၍ အခကြေးငွေ
လည်းမရ၊မျှတရုံလည်းမရ၊ နောက်ဆုံးထမင်းတဆုပ်ကိုပင်
မရရှိသောကြောင့်ငါတို့၏ အတွင်းတွင် သူယုတ်မာရှိလောက်
၏ဟု အဖွဲ့နှစ်ဖွဲ့ခွဲ၍ရှာရာ အာနန္ဒာသူဌေးကြီး၏မိခင်ဒွန်းစဏ္ဍား
မရှိသော အုပ်စုတွင် အခကြေးငွေလည်းမရ၊မျှတရုံလည်းမရ၊
နောက်ဆုံးထမင်းတဆုပ်ကိုပင် မရရှိပေ။ ဤသို့ အုပ်စုခွဲရှာခြင်း
ဖြင့် နောက်ဆုံး ထိုအာနန္ဒာသူဌေးကြီး၏မိခင် ဒွန်းစဏ္ဍားမကို
နှင်ထုတ်လိုက်ကြလေသည်။

ထိုဒွန်းစဏ္ဍားမသည် ထိုကလေးကိုဝမ်း၌လွယ်၍ ပင်ပန်းဆင်းရဲ
ခက်ခဲစွာ ရှာဖွေပြီး သားကိုဖွားမြင်ရလေသည်။ မွေးဖွားလာသော
ထိုသူငယ်သည် အင်္ဂါကြီးငယ်ချို့ယွင်းပြီးလျှင် မြေဘုတ်ဘီလူးကဲ့
သို့အဆင်းမလှသော သူငယ်ဖြစ်ရရှာသည်။

ဤကဲ့သို့ အဆင်းမလှသောသားကို ဖွားမြင်ပါသော်လည်း မိခင်
သည် ထိုသားကို မစွန့်ပြစ်နိုင်ပေ။ သားသမီးအပေါ် ချစ်မြတ်နိုး
သောမိခင်၏ မေတ္တာသည် လွန်စွာအားကြီးပေသည်။

ထိုဒွန်းစဏ္ဍားမသည် သားငယ်ကိုပင်ပန်းဆင်းရဲစွာ ရှာဖွေကျွေး
မွေး ရလေသည်။ သားငယ်ကိုပွေ့ချီ၍သွားသောနေ့တွင် တစ်စုံ
တစ်ခုမျှ မရရှိသောကြောင့် သားငယ်ကိုအိမ်တွင်ထားရှိကာ ရှာ
ဖွေသောနေ့တွင် ရရှိလေသည်။ ထို့ကြောင့် မိမိ၏သားငယ် သွား
နိုင်လာနိုင်ရှာဖွေနိုင်သည့် အရွယ်သို့ရောက်သောအခါ လက်ထဲ
သို့ ခွက်တခုကိုထည့်ပေး၍ ``ချစ်သား၊ ငါတို့သည် သင့်ကိုအမှီ
ပြု၍ ဆင်းရဲဒုက္ခသို့ရောက်ကြရကုန်၏။ ဤသာဝတ္ထိပြည်ကြီးတွင်
အထီးကျန်သောသူ၊ ခရီးသွားသောသူတို့ကို ကျွေးမွေးသောသူ
တို့သည်ရှိကုန်၏။ တောင်းရမ်းလှည့်လှည်ကာ အသက်မွေးလော့´
ဟုဆို၍ သားငယ်ကိုစွန့်ပစ်လေသည်။

ထိုသူငယ်သည်လှည့်လည်တောင်းရမ်းရင်းဖြင့် အာနန္ဒာသူဋ္ဌေး
ဖြစ်စဉ်အခါက အိမ်သို့ရောက်သွားရာ ဘ၀ဟောင်းကိုသိမြင်သော
ဇာတိဿရဉာဏ်ရသည်ဖြစ်၍ မိမိအိမ်သို့ဝင်သွားလေ၏။ တံခါး
သုံးတန်ကိုကျော်လွန်ပြီးလျှင် တံခါးလေးတန်(စတုတ္ထမြောက်တံခါး)
သို့ရောက်သောအခါ မူလသီရိသူဋ္ဌေး၏ သားငယ်တို့ ထိုဒွန်းစဏ္ဍား
သူငယ်ကိုတွေ့မြင်ပြီးလျှင် ထိတ်လန့် ငိုယိုကြလေ၏။

ထိုအခါမှ မူလသီရိသူဋ္ဌေး၏ အစောင့်အရှောက်ယောက်ျားတို့သည်
ဆဲဆို ရိုက်နှက်ထောင်းထု၍ နှင်ထုတ်ပြီးလျှင် အမှိုက်စွန့်ပြစ်ရာနေ
ရာ၌ ပစ်ထားကြလေ၏။

ထိုအချိန်တွင် မြတ်စွာဘုရားနှင့်အာနန္ဒာမထေရ် နောက်ပါရဟန်း
တို့ဖြင့် ဆွမ်းအလို့ငှါ လှည့်လည်သည့် အချိန်နှင့်ကြုံကြိုက်၍
ဘုရားရှင်မှအာနန္ဒာမထေရ်အား ရုတ်ရုတ်သဲသဲဖြစ်ပွားနေမှုကိ
မေးမြန်းစုံစမ်းလေ၏။ အာနန္ဒာမထေရ်သည်လည်း မူလသီရိ
သူဋ္ဌေးကိုခေါ်တော်မူစေသည်။ များစွာသောလူအပေါင်းသည်
လည်းစည်းဝေးရောက်လာကြလေသည်။ မြတ်စွာဘုရားသည်
မူလသီရိသူဋ္ဌေးကြီးကို ခေါ်တော်မူ၍ ``ဤသူငယ်ကိုသိ၏လော´´
ဟု မေးမြန်းရာ ``မသိပါဘုရား´´ဟုလျှောက်ကြားသည်ရှိသော်
``အသင်၏ဖခင်ဖြစ်သော အာနန္ဒာသူဋ္ဌေးကြီးပင်တည်း´´ဟုမိန့်
တော်မူသည်။ မယုံမကြည်ဖြစ်နေသောမူလသီရိသူဋ္ဌေးကို ယုံ
ကြည်စေခြင်းငှါ ဒွန်းစဏ္ဍားသူငယ်အား `` အာနန္ဒာသူဋ္ဌေးကြီး
သင်၏သားအား ငါးလုံးသောရွှေအိုးကြီးကို ပြောကြားလေလော့´´
ဟုမိန့်ကြားတော်မူရာ ပြောကြားတော်မူသဖြင့် မူလသီရိသူဋ္ဌေး
ကြီးသည်ယုံကြည်ခြင်းသို့ရောက်၍ မြတ်စွာဘုရားကို ကိုးကွယ်
ရာအဖြစ်ဆည်းကပ်ခြင်းသို့ရောက်၏။ မြတ်စွာဘုရားသည်လည်း
မူလသီရိသူဋ္ဌေးကြီးအားဤဂါထာကိုမိန့်တော်မူလေသည်။

ပုတ္တာ မတ္ထိ ဓနမ္မတ္တိ၊ ဣတိဗာလော ၀ိဟညတိ။
အတ္တာဟိ အတ္တနော နတ္ထိ၊ ကုတောပုတ္တော ကုတောဓနံ။

အဓိပ္ပါယ်
ငါ့အားသားသမီးတို့သည် ရှိကုန်၏။ ငါ့အား ဥစ္စာသည်ရှိ၏။
ဤသို့ မလိမ္မာသော သူမိုက်သည် သားသမီးဥစ္စာကပ်ငြိကာ
ဖြင့်ပင်ပန်းဆင်းရဲ၏။ ဤသို့ပင်ပန်းဆင်းရဲပါသော်လည်း မိမိ
ပင်သော်လည်း မိမိ၏ ကိုးကွယ်ရာစောင့်ရှောက်ရာ အကျိုး
ငှါ မရှိ။ သားသမီးတို့မှာ အဘယ်မှာရှိပါအံ့နည်း။ ဥစ္စာသည်
အဘယ်မှာရှိနိုင်အံ့နည်း။

ဓမ္မပဒ၀တ္ထုတော်ကြီးမှ စီလျော်သလိုပြန်လည်၍ရေးသား
ထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment