Wednesday, November 9, 2016

စားသောအခါရှုမြင်နည်းအကျဉ်း (ဣရိယာပထ သမ္ပဇညပိုင်း)

  စားသောအခါ၌ ထမင်းလုပ်ကိုပြုပြင်သော လက်သည်
ထမင်းကိုယူသောအခါ ဖြည်းဖြည်းကလေးယူ။ ယူသော
လက်ချောင်းကို ပဓာနမထားနှင့်။     လက်ချောင်းထဲက
ပထ၀ီ အာပေါ တေဇော ၀ါယောတို့ ဖြစ်ပေါ်ပျက်နေပုံကို
သာ စိတ်ကစိုက်ထား။  ဤသို့ပင် စိတ်ကိုထားရင်းနှင့်ပင်
ထမင်းကိုယု၍ ထမင်းလုတ်သည် ပါးစပ်သို့ရောက်အောင်
တစ်မိနစ် နှစ်မိနစ်ခန့်ကြာအောင်ဖြေးဖြေးကလေးယူ။

စိတ်ကိုမူ လက်ထဲမှာပဲထား။   ပရမတ်ဆတ်ဆတ်ဖြစ်သော
`` ခက်မာ ဖွဲ့ဆည်း ပူအေး ထောက်ကန်´´ဆိုတဲ့ သဘော
ကလေးတွေ       သူတို့ဘာသာသူတို့   ဖြစ်နေတာတွေကို
အပျောက်မခံနှင့်။ သတ်အမြဲရှိစေ။ ထမင်းကိုပါးစပ်၌ ထည့်
စဉ်ကလည်းသတိမလစ်စေနှင့်။ ဒါကြောင့် သတိပဋ္ဌာန်ခေါ်
သည်။ ဤကား ပရမတ္တ သဘာဝကျနသော ပရမတ်ကိုမြင်
လျက်ရှုနေသော သမ္ပဇညပဗ္ဗသတိပဋ္ဌာန်တည်း။

  လက်ချောင်းကြီးကပညတ်တည်း။ ခက်မာဖွဲ့စည်းပူအေး
ထောက်ကန်မူကား ပရမတ်တည်း။ ထိုအခါလက်ထဲမှာသာ
စိတ်ကိုထားလျက်   ဆိုသော်လည်း တစ်ကိုယ်လုံးမှာ ဓာတ်
လေးပါးတို့ဆုနေတာကိုလည်း သိလျက်နေလိမ့်မည်။ ပါးစပ်
ထဲထမင်းထည့်ပြီးနောက်လည်းလက်ကိုတစ်မိနစ်ထက်မမြန်
စေရအောင် ဖြည်းဖြည်းကလေးချချသွား။

     ထမင်းဆီသို့ရောက်လျှင် ထမင်းဟင်းစသည်တို့ယူပုံက
ဤနည်းအတိုင်း  ယူလေ။     ဤနည်းအတိုင်း ၀အောင်စား
လေ။    ၀အောင်စားဆိုသော်လည်း   အာဟာရကိစ္စမပြီးမှာ
စိုးလို့သာစားရသည်။ မစားချင်တော့ပေ။ ငြီးငွေ့၍ နေတော့
၏။ အနားကလူတစ်ယောက်က   တစ်လုပ်စာ  တစ်လုပ်စာ
ထမင်းနှင့်ဟင်းကိုပြုပြင်ပေးက သာ၍ကောင်း၏။

ဤကဲ့သို့စားနေရင်း ကွေးသောလက်မဆန့်မှီ ဆန့်သောလက်
မကွေးမှီ ဖြစ်ပျက်တည်းဟူသော    အသင်္ခတဓာတ်ကိုလည်း
အာရုံပြု၍သွားတတ်လေ၏။ ကောင်း၏ဟု သာဓုခေါ်ရ၏။
ဒါကြောင့်မို့ ပဋိသမ္ဘိဒါမဂ်ပါဠိတော်၌

``အပ္ပ၀တ္တံ နိရောဓံ၊ ခန္ဓာရုပ်နာမ်တို့၏ ဖြစ်ပျက်အစသည်
ကင်းပြတ်၍ထပ်ပြီးမဖြစ်သောနိဗ္ဗာန်သို့။ ပက္ခန္ဒတိ၊ ပြေးဝင်
၏´´ဟူ၍ဟောတော်မူ၏။

ဓမ္မာစရိယဦးဋ္ဌေးလှိုင်
အနာဂါမ်ဆရာသက်ကြီး

No comments:

Post a Comment