-
တစ်ခါက သီတဂူ ဆရာတော် ဘုရား ကြီးသည် ဗုဒ္ဓဂယာရှိ ဗောဓိပင် အနီးသို့
ရောက်သော အခါ ဂျာမန် အမျိုးသမီးကြီး တစ်ဦး၏ လက်ထဲတွင် ဓမ္မာစရိယ
ဦးဌေးလှိုင် ရေးသည့် "ရဟန္တာနှင့် ပုဂ္ဂိုလ် ထူးများ" စာအုပ်
ကိုင်ထားသည်ကို တွေ့ရသဖြင့် စကားပြော ဖြစ်ခဲ့၏။
* ဒီစာအုပ်ကို ကိုင်ထားတော့ မြန်မာစကား တက်သလား ?
• မတက်ပါဘူးဘုရား၊ နည်းနည်းပါးပါးပဲ ပြောတက်တာပါ။
* မြန်မာစာရော ဖက်တက်သလား ?
• ဗျည်း (၃၃) လုံးနဲ့ သင်ပုန်းကြီးတော့ စသင်နေ ပါပြီ။ မြန်မာစာ တတ်ချင်လွန်းလို့ အခုလည်း သင်နေပါတယ် ဘုရား။
* မြန်မာစာ တက်တော့ကော ဘာလုပ်မှာလဲ?
• ဒီတော့- ဂျာမန် အမျိုးသမီးကြီး က လက်ထဲမှ စာအုပ်ကို ပြပြီး - ဒီလို အဖိုးတန်တဲ့ စာအုပ်တွေကို ဖက်ချင်လို့ပါ ဘုရား - တဲ့။
• အရှင်ဘုရားတို့ တိုင်းပြည်က ရတနာကောင်းတွေ ကိန်းအောင်းနေတဲ့ တိုင်းပြည်ပါ ဘုရား။
* ဘာကြောင့် ဒါမျိုးပြောတာလည်း မိုးကုတ်မြို့ကို ရောက်ခဲ့လို့လား ?
• မဟုတ်ပါဘူး ဘုရား။ အရှင် ဘုရားတို့ တိုင်းပြည်က ပရိယတ်လည်းတော်၊
ပဋိပတ်လည်းတော်၊ တရား အကျင့်မှာ ဆိုလည်း မဂ်ဉာဏ်၊ ဖိုဉာဏ်
ပေါက်ပြီးတော့ တရားကို တကယ်သိတဲ့ ပုဂ္ဂိုလ်မြတ်တွေ အများကြီးပဲ
ရှိတယ်။ ဒါ့ကြောင့် မြန်မာပြည်ဟာ ရတနာတွေ ကိန်းအောင်းတဲ့
တိုင်းပြည်လို့ တပည့်တော်က ပြောချင် တာပါဘုရား။
--- အင်း - တို့မြန်မာတွေနဲ့ များ ကွာလိုက်တာ။
နိုင်ငံခြားသားတွေက ကိုယ့်နိုင်ငံက အဖိုးတန် တရားစာတွေကို
ဖက်ချင်လွန်းလို့ ဖက်တတ်အောင် မြန်မာစာတွေကို ခက်ခက် ခဲခဲ
သင်ယူနေ ကြရတာ။
- ဒို့ မြန်မာ လူမျိုးတွေက
ကိုယ့်မြန်မာစာနဲ့ ရေးထားတဲ့ တရားစာအုပ် ကောင်းတွေ အမြောက်အများ
ရှိနေပါလျက်နဲ့ ဒီစာတွေကို မဖတ်ချင် ကြဘူး၊ စိတ်ဝင်စားမှု
မရှိကြဘူး။ COC တို့၊ KTV တို့၊ ကိုးရီးယား တို့နှင့် အချိန်တွေကို
ဖြုန်းတီးနေ ကြတာ တကယ့်ကို ဝမ်းနည်း စရာပါ။
- တကယ်တော့ ဒီနိုင်ငံမှာ ရှိတဲ့ တရားစာအုပ်တွေက ကမ္ဘာမှာရှိတဲ့ စာအုပ်တွေထဲမှာ အကောင်းဆုံး စာအုပ်တွေပါ။
- ဒီဘဝချမ်းသာရေး ထင်မကပါဘူး၊ နောက်ဘဝ ချမ်းသာရေး၊
သံသရာချမ်းသာရေး အထိပင် ပေးစွမ်းနိုင် စွမ်းရှိတဲ့ စာပေတွေပါ။
ဒီလို တန်ဖိုး အလွန်ကြီးတဲ့ တရား စာပေတွေ ကိုတောင် မဖက်ချင်၊
မလေ့လာ ချင်ဘူး ဆိုရင်တော့ ဒီဘဝမှာ မြန်မာလူမျိုး ဗုဒ္ဓဘာသာ
ဖြစ်ရသော်လည်း အလားကား အချည်းနှီးပါပဲ။ ဘာကြောင့်လည်း ဆိုတော့
လောကရဲ့ တရားစစ် တရားမှန်ကို သိခွင့် မရလို့ပါ။
-
ဒါ့ကြောင့် ကမ္ဘာ့ အကောင်းဆုံး ဖြစ်တဲ့ ကိုယ့်နိုင်ငံရဲ့ တရား
စာပေတွေကို ဖက်ဖြစ်အောင် ဖက်ကြပါလို့ တိုက်တွန်းနိုးဆော်
လိုက်ပါတယ် •••
ရာ ဟု လာ
No comments:
Post a Comment