ဒကာ။ ။ ဝိဇ္ဇာရှစ်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသဉာဏ်၊ အဘိညာဏ် ခြောက်ပါးထဲမှာပါတဲ့ ပုဗ္ဗေနိဝါသအဘိညာဏ်တန်ခိုးနဲ
ဆရာ။ ။ ဟုတ်မှန်တဲ့ ပုဂ္ဂိုလ်လည်း ဟုတ်မှန်တယ်၊ မဟုတ်မမှန်တဲ့ ပုဂ္ဂိုလ်လည်း မဟုတ်မမှန်ဘူး၊ ဒါက လွယ်တဲ့ဉာဏ်အလုပ်မျိုးမှ မဟုတ်ဘဲဟာ။
ဒကာ။ ။ ဆရာတော့်အဖြေစကားကို ဒကာကြီးတို့ နားမလည်ဘူးဘုရား၊ နားလည်နိုင်တဲ့နည်းနဲ့ ရှင်းပြပါလားဆရာတော်။
ဆရာ။ ။ ပုဗ္ဗေနိဝါသဉာဏ် အဘိညာဉ်ဆိုတာ ဘဝရဲ့ စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ကို အစဉ်လိုက် အမှီပြုပြီးတော့ သိတဲ့ဉာဏ်၊ သေတာနဲ့ ဖြစ်တဲ့ဘဝကို အဆင့်ဆင့်လိုက်ပြီးတော့ သိတဲ့ဉာဏ်လို့မှတ်ပါ။
အဲသည်လို သိတဲ့နေရာမှာလည်း သေတာနဲ့ ဖြစ်တာကို အာရုံပြုပြီး အစဉ်လိုက်ယူတဲ့အခါမှာ စုတိစိတ်နဲ့ ပဋိသန္ဓေစိတ်ခေါ်တဲ့ ဤမှာဘက်မှ သေတဲ့စိတ်နဲ့ ဟိုမှာဘက်၌ စိတ်နာမ်ခန္ဓာတရားတို့ အခြားမရှိဘဲ အဆင့်ဆင့် တစပ်တည်း အစဉ်ဖြစ်ပျက်နေတဲ့ နာမ်ခန္ဓာသဘောအာရုံကိုသာ ယူမှီပြီးတော့ ဘဝများစွာကို သိနိုင်တာဖြစ်တယ်၊ ဒါ့ကြောင့်…..”စေတောပရိယဉာဏ
ဘဝဆိုတာက (၁) ရုပ် နာမ် ခန္ဓာ ငါးပါးစုံဘဝလည်းရှိတယ်၊ (၂) နာမ်ခန္ဓာလေးပါးချည်းဖြစ်တဲ့
အဲဒီလို ဘဝသုံးပါးလုံးကို ပုဗ္ဗေနိဝါသဉာဏ်နဲ့ ကုန်အောင်စုံ အဟုတ်အမှန်သိနိုင်တာက မြတ်စွာဘုရားသခင်သာဖြစ်တယ်၊
စိတ်နာမ်ခန္ဓာမရှိတဲ့ ရုပ်ခန္ဓာသက်သက်နဲ့ ပဋိသန္ဓေ သွားနေတဲ့ အသညသတ်ဘဝမျိုးကျတော့ သာဝကတွေမှာရှိတဲ့ ပုဗ္ဗေနိဝါသအဘိညာဉ်က မသိနိုင်တော့ဘူး၊ စုတိစိတ်ဖြစ်ပြီးတော့ ပဋိသန္ဓေစိတ်ပြတ်သွားလို့ စိတ်မရှိဘဲ ရုပ်သက်သက်ခန္ဓာတပါးတည်းနဲ့ အသညသတ်ဘုံမှာ မဟာကပ် ၅၀ဝ ကြာအောင် သွားဖြစ်နေတာ၊ ဒါ့ကြောင့် အသညသတ်ဘဝကို သာဝက ပုဂ္ဂိုလ်တွေက ပုဗ္ဗေနိဝါသဉာဏ်နဲ့ အဟုတ်အမှန် မသိနိုင်ဘူးလို့ ပြောတာ၊ ကဲ...နားလည်ပြီလား။
ဒကာ။ ။ ရှင်းလင်းနားလည်သွားပါပြီဆရ
Thama Meggin
No comments:
Post a Comment