ဖြေ ။ ။ဗုဒ္ဓဘာသာကို ကမ္ဘာက Religion လို့ သတ်မှတ်ထားတဲ့ ဘာသာတွေနဲ့ မရောထွေးလိုက်ပါနဲ့ ။ Religion ဆိုတာက ယုံကြည်ကိုးကွယ်ခြင်းနဲ့ ဆုတောင်းခြင်းကို အခြေခံပါတယ်။ ဗုဒ္ဓဘာသာမှာက ကျင့်စဉ်ဆိုတာပါနေတယ်။ ဘယ်သူကျင့်ကျင့် ကျင့်တာနဲ့ ထူးခြားစေတဲ့ ဓမ္မတရားတွေ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရားရှင်ကို ဖူးရရုံ ၊ နဲ့ ဘုရားရှင်ကို ယုံကြည်နေရုံနဲ့ အပယ်လွတ်မယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ်ပြုတဲ့ ကုသိုလ်ကောင်းမှု ၊ အကုသိုလ် မကောင်းမှုတွေ က သာ ကိုယ့်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဘုရားနဲ့ ညီအကိုလဲတော် ၊ ယောက်ဖလဲဖြစ် ၊ ဘုရားကို သက်ရှိထင်ရှားဖူးတွေ့ရတဲ့ ဒေ၀ဒတ် အ၀ီစိ ကျရတာ ၊ ပုထုဇဉ်တွေထဲမှာ ဘုရားရှင်ကို ယုံကြည် ကိုးကွယ်သူ ကြည်ညို တဲ့ အရာမှာ အမြတ်ဆုံးပါလို့ ဘုရားရှင်ကိုယ်တော်တိုင်ချီ
ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ် ၊ အစ္စလာမ်ဖြစ်ဖြစ် ၊ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ငရုတ်သီးစားရင် စပ်မှာပဲ ၊ သကြားစားရင် ချိုမှာပါပဲ ။
ဒိလိုပဲ ကုသိုလ်လုပ်ရင် ကောင်းမှုအကျိုးခံစားရမယ်။ အကုသိုလ်လုပ်ရင်တော့ မကောင်းမှုအကျိုးခံရမှာပါပဲ ။ ဒီတော့ ကောင်းမှုဆိုတာဘာလဲ ၊ မကောင်းမှုဆိုတာဘာလဲ ဆိုတာကို သေသေချာချာရှင်းလင်းဟောပြော
သီတဂူဆရာတော် ကို အမေရိကန်က ပရောဖက်ဆာကြီးတစ်ဦးက တရားပွဲအပြီးမှာ အခန်းထဲပင့် ၊ တံခါးကို ပိတ်ပြီး မေးတာ ဒီမေးခွန်းပဲ ။ ကောင်းမှုဆိုတာ ဘာလဲ ။ မကောင်းမှုဆိုတာဘာလဲ တဲ့ ။ သူ့ကို ဒါတောင်မသိဘူးလားလို့ ဗုဒ္ဓဘာသာတွေက လှောင်မှာဆိုးလို့ တံခါးပိတ်ပြီးမေးရတာပါတဲ့ ။
ကောင်းမှုဆိုတာ ဗုဒ္ဓအလိုအရ ပုညကိရိယာဝတ္ထု (၁၀)ပါး ၊ မကောင်းမှုကတော့ ဒုစရိုက်(၁၀)ပါးပဲပေါ့ ။
ဒီတော့ နိုင်ငံခြားသာသနာပြုခရီးတွေ
ဗုဒ္ဓ ဆိုတာကို ဆုံးမသူ (ဆရာ) အဖြစ်သာ နားလည်ရပါတယ်။ တန်ခိုးရှင် ၊ ဖန်ဆင်းရှင်ဆိုတာနဲ့ ကွာပါတယ် ။ သူက ဒုက္ခအားလုံးတကယ်ချုပ်တာဟာ နိဗ္ဗာန်ဖြစ်တယ်၊ ဒီနိဗ္ဗာန်ကို အသက်ရှင်လျက်မှာပဲ လက်တွေ့ရောက်အောင်ဘယ်လို သွားလို့ ရတယ်ဆိုတာကို ပြောပြတယ် ။ သွားချင်သူတွေ အတွက် မဂ္ဂင်ဖောင်ဆိုတဲ့ လမ်းစဉ်(၈)ပါးချမှတ်ပေးတယ် ။ ပြီးတော့ သွားတဲ့ ခရီးမှာ ဒီကွေ့မှာ အတားအဆီးကို ဒီလိုကျော်ပါ ၊ ဟိုကွေ့မှာ ဟိုလိုကျော်ပါ စသည် စနစ်တကျသင်ကြားပေးတယ်။ လက်ရှိဘ၀မှာတင် နိဗ္ဗာန်ဆိုတာကို မြင်ရအောင် ကျင့်နိုင်ကြတယ်။ ဒီတော့ မဂ္ဂင်ဖောင် ကို ပေးနိုင်တဲ့ ဗုဒ္ဓရဲ့ ပညာ ရယ်၊ အကျင့်သီလပိုင်းရယ်ကို ယုံကြည်ကြတယ်။ လေးစားကြတယ်။ ဒီတော့ သူ့ကို ကိုးကွယ်ကြတယ်။ ဒီမဂ္ဂင်ဖောင်ကို စီးပြီး သွားရာမှာ လှော်ခတ်ဖို့၊ အတားအဆီးတွေမှာ ဗုဒ္ဓပြောသလို ကျော်ဖြတ်ဖို့ကတော့ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာပါပဲ ။
ဒါကြောင့် ဗုဒ္ဓဘာသာမှာ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာတစ်ခု အရေးပါနေတယ်။ ဘုရားသခင်ကို ယုံကြည်ယုံနဲ့ ကိစ္စပြီးပြီလို့ လက်ခံသူတွေအတွက် ဒီ အချက်က ရှုပ်သွားစေတယ်။
နောက်တစ်ခု ဗုဒ္ဓဘုရားရှင်ကို မယုံကြည်ဘဲ ကျင့်ရင်လဲ နည်းမှန်အောင်လိုက်ကျင့်လို
အီဂျစ်နိုင်ငံ မာအတ် ဘုရားကျောင်းက ရှေးဟောင်းခရစ်ယာန်ကြီးတွေဟ
မြန်မာ ဗုဒ္ဓဘာသာတွေက ဒါန ၊ သီလ ၊ ဘာဝနာ ဒီလို အစဉ်နဲ့ လုပ်တယ်။ အနောက်နိုင်ငံသားတွေက ဘာဝနာ ၊သီလ ၊ ဒါန နဲ့ လုပ်တယ်။ ဘာဝနာလုပ်ကြည့်တယ် သဘောကျပြီးမှ ဗုဒ္ဓဘာသာကို ၀င်တယ်။ သီလဆောက်တည်တယ်။ လှူတာကို နောက်ဆုံးမှ လုပ်တယ်။ ဖားအောက်တောရမှာ တရားကျင့်သွားတဲ့ အမေရိကန် ကျောင်းသားဆိုရင် ဗုဒ္ဓဘာသာမ၀င်ပါဘူး။ ကျောင်းမှာနေပြီး သမထတွေ လုပ်တယ် နတ်၊ဗြဟ္မာ ၊ပြိတ္တာတွေကို သူ့ဟာသူမြင်ရအောင် ကြိုးစားကျင့်တယ်။ ဈာန် သမာပတ်ကို ကောင်းကောင်းနိုင်ပြီ၊ (၃၁)ဘုံကို လက်ခံနိုင်ပြီးမှ ဘာသာပြောင်းပါတယ်။
ဒီတော့ ဗုဒ္ဓဘာသာဟာ ယုံကြည်တယ်ဆိုတာနဲ့မပြီးပါဘ
ချမ်းသာကြပါစေ
နေလင်း (ဗုဒ္ဓဘာသာနှင့် ယုံကြည်ကိုးကွယ်ခြင်း) by Nay Lin (နေလင်း)
No comments:
Post a Comment