Thursday, February 9, 2017

စွန်းလွန်းဆရာတော်ဘုရားကြီးမှ ဦးနု အတွက် ပဌာန်းတရားတော်


ဆရာတော်ကြီး ။ ။ တကာကြီး ရန်ကုန်မြို့မှာ နေစဉ်အခါက မြင်းခြံ ဂူကျောင်း ဘုန်းတော်ကြီး ဦးက၀ိ ရှိတယ်လို့ မကြားဘူးလား။

ဦးန ။ ။ ကြားပါ၏ ဘုရား။

ဆရာတော်ကြီး ။ ။ အဲဒါ ဟိတ်ခတ်တာ၊ ဟေတု ပစ္စယော လို့ ခေါ်တယ်၊ ၎င်းနောက် သွားအုံးမှ ပါလေ လို့ အာရုံက မဆန့်ဘူးလား။

ဦးန ။ ။ ဆန့်ပါ၏ ဘုရား။

ဆရာတော်ကြီး ။ ။ အဲဒီ အာရုံ ဆန့်တာကို အာရမ္မဏ ပစ္စယော လို့ ခေါ်တယ်။နောက်တဖန် အိမ်မှာ ကျီးစားစား ခွေးစားစား ဘုန်းတော်ကြီး၏ ခြေရင်းသို့ မေ၇ာက်ရောက်အောင် သွားအုံးမှဘဲလို့ ခန္ဓာကိုယ်ကြီးကို အာရုံက ဆွဲလာ၍ အခုဘုန်းကြီးခြေတော်ရင်းသို့ ရောက်လာတာဟာ ဒကာကြီး လာချင်လို့ လာတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်ကြီးကို အာရုံက အဓိပတိတပ်၍ ဆွဲလာခြင်းကြောင့် အဓိပတိ ပစ္စယော လို့ ခေါ်တယ်။

ဦးန ။ ။ မှန်လှပါ၏ ဘုရား။

ဆရာတော်ကြီး ။ ။ အဲဒါ ဘာကြောင့် လာရတာလဲ ဆိုလျင် ရှေးက ဘုန်းကြီးနှင့် တွေ့ခဲ့ရဘူးလို့ ခုတွေ့ချင်တယ်။ ခု တွေ့ချင်လို့ တွေ့ရပြန်တယ်၊ နောင်ကိုလဲ တွေ့ရလေအုံးမယ်။ဒကာကြီး ၀က်သားများ စားဘူးသလား။

ဦးန ။ ။ စားဘူးပါ၏ ဘုရား။
ဆရာတော်ကြီး ။ ။ အဲ ရှေးက ၀က်သားကို စားခဲ့ ဘူးလို့ ခုစားချင်တယ်။ ခုစားချင်လို့ စားရပြန်တယ်၊ နောင်ကို လဲ စားရလေအုံးမယ်။
ဆရာတော်ကြီး ။ ။ ခွေးသားကော စားဘူးပါသလား။
ဦးန ။ ။ မစားဘူးပါ ဘုရား။
ဆရာတော်ကြီး ။ ။ အဲ ရှေးက ခွေးသား မစားဘူးလို့ ခု မစားချင်ဘူး၊ ခု မစားချင်လို့ ခု မစားဘူး၊ နောင်ကိုလဲ စားရမှာ မဟုတ်ဘူး။ရှေးက ဒီ တရားမျိုးကို နာခဲ့ ရဘူးလို့ ခု နာချင်တယ်။ ခု နာချင်လို့ နာရပြန်တယ်၊ နောင်ကို လဲ နာရလေအုံးမယ်။ အနန္တရ၊ သမနန္တရ ၊ သဟဇာတ ၊ အညမည ပစ္စည်း ဆက်မသွားဘူးလား၊
ဦးန ။ ။ သွားပါ၏ ဘုရား။
ဆရာတော်ကြီး ။ ။ ဘုန်းကြီး၏ ခြေရင်းရောက်တော့ ဘုန်းကြီးက ရှေးဦးစွာ ဘုရားကန်တော့၊ မေတ္တာပို့ ၊ အမျှဝေ ၊ မိမိ ခန္ဓာကိုယ်ကို ဘုရားလှူု၊ နှာသီးဖျားမှာ စိတ်ကိုထား၊ လေတိုးထိတော့ သိလိမ့် မယ်။ သိတဲ့ အပေါ် သတိထားရမယ်။ ပြောတော့ နိဿယ ပစ္စယော၊ ဥပနိဿယ ပစ္စယောလို့ ခေါ်တယ်။

ဦးန ။ ။ မှန်လှပါ ဘုရား။

ဆရာတော်ကြီး ။ ။ အားထုတ်ဆဲ အခိုက်အတန့် မှာ မျက်စိကတော့ တောင်ကြည့် မြောက်ကြည့် ကြည့်သေးရဲ့လား။

ဦးန ။ ။ မကြည့်ပါ ဘုရား။

ဆရာတော်ကြီး ။ ။ နားကကော ဟိုထောင် သည်ထောင် ထောင်သေးရဲ့လား။

ဦးန ။ ။ မထောင်ပါ ဘုရား။

ဆရာတော်ကြီး။ ။ နားခေါင်းကကော ဟိုရူ သည်ရူ ရူသေးရဲ့လား။

ဦးန ။ ။ မရူပါ ဘုရား။

ဆရာတော်ကြီး ။ ။ ပါးစပ်ကကော ဟိုစားချင် သည်စားချင် ရှိသေးရဲ့လား။

ဦးန ။ ။ မရှိပါဘုရား။

ဆရာတော်ကြီး ။ ။ ခန္ဓာကိုယ်ကြီးကကော ဟိုသွားချင် ဒီသွားချင် ရှိသေးရဲ့လား။

ဦးန ။ ။ မရှိပါဘုရား။

ဆရာတော်ကြီး။ ။ အဲဒီတော့ စက္ခု သောတ ဃာန ဇိဝှါ ကာယ ဆိုတဲ့ ဣနြေ္ဒ ငါးပါး မလုံဘူးလား။
လုံပါ၏ ဘုရား။အဲဒါ ဣန္ဒြိယ ပစ္စယော လို့ ခေါ်တယ်ကွဲ့ ။မိမိ နှာသီးဖျားမှာ လေတိုးထိတာကို သတိနှင့် သုံးသပ်ပါများသော် ဈာန် သတ္တိ ဆိုတာ ဖြစ်ပေါ်လာလိမ့်မယ်၊ ကိလေသာတွေ လောင်ကျွမ်းသွားတာကို ဈာန်လို့ ခေါ်တယ်ကွဲ့၊ အဲဒါ ဈာန ပစ္စယော ပဲ။

ဦးန ။ ။ မှန်လှပါ ဘုရား၊

ဆရာတော်ကြီး ။ ။ ဘုန်းကြီးက ခန္ဓာကိုယ်ပေါ်မှာ ပူမှန်းသိတဲ့အခါ အေးမှန်းသိတဲ့ အခါမျိုး ကျတော့ ပူမှု့နှင့် သိမှတ်မှု့ ၊ အေးမှု့နှင့် သိမှတ်မှု့ တွေ ချုပ်သွားလိမ့်မယ်၊ အဲဒါ မဂ်ခရီး ရောက်ခြင်းကြောင့် မဂ္ဂ ပစ္စယော လို့ ခေါ်တယ်။

ဦးန ။ ။ မှန်လှပါဘုရား။

ဆရာတော်ကြီး ။ ။ ၎င်းမဂ် ခရီးကို သွားပါများ၍ သမာဓိ အားကောင်းလာသော် ဖြစ်ခြင်း ချုပ်ခြင်းကို သိသော ဥာဏ်အမြင်ရင့်သန်လာခြင်းကြောင့်မရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ ရှိတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မရှိတာက ငါ့ခြေ ငါ့လက် ငါ့ခေါင်း ၊ ရှိတာက စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပရမတ္ထတရားပဲ။ကင်းတာကိုလဲ ကျေးဇူးပြုလိမ့်မယ်၊ မကင်းတာကို လဲ ကျေးဇူးပြုလိမ့်မယ်၊မကင်းတာက သင်္ခတ ဓာတ်၊ ကင်းတာက အသင်္ခတ ဓာတ် မဟုတ်လား။

ဦးန ။ ။ ဟုတ်ပါ၏ ဘုရား။
ဆရာတော်ကြီး ။ ။ အဲဒါ အတ္ထိ ပစ္စယော ၊ နတ္ထိ ပစ္စယော၊ ၀ိဂတ ပစ္စယော၊ အ၀ိဂတ ပစ္စယော လို့ခေါ်တယ်၊

No comments:

Post a Comment