( ဦးဖေသန်း-ဆွာမြို့ )
( ဖြေ )
အာဇီဝဋ္ဌမကသီလနှင့်စပ်၍ မဟာဗုဒ္ဓ၀် ( ပ-၁-ဏာ ) တွင် ဤသို့ ဖော်ပြ၏။
မြတ်စွာဘုရားသည် ဒုစရိုက်မှောင်ထုကြီး လွှမ်းအုပ်နေသော လောကကြီး၌ ပွင့်တော်မူလာရ၏၊
ပွင့်တော်မူပြီးစ ဒုစရိုက်တုံး ဖြစ်၍နေကြသော သတ္တ၀ါတို့ကို သီလအကျင့်ဖြင့် ဆုံးမတော်မူလိုသောအခါ ဒုစရိုက်တုံး သတ္တ၀ါအကြမ်းကြီးတွေဖြစ်၍ သီလ အမျိုးမျိုးထဲမှ အကြမ်းစား ဒုစရိုက်သမားနှင့် သင့်လျော်ရာ အာဇီဝဋ္ဌမကသီလဖြင့် အစပိုင်း၌ ဆုံးမတော်မူ၏၊
ဤအာဇီဝဋ္ဌမကသီလဖြင့် ဆုံးမ၍ သတ္တ၀ါများမှာ ဒုစရိုက်များ ယုတ်လျော့နည်းပါးသွားသောအခါ
ဗုဒ္ဓဘာသာ အယူဝါဒ ရင့်သန်ပြီးသူတို့မှာ မိဘများကို မဆိုထားဘိ၊ ထိုမိကောင်း ဖကောင်းတို့၏
သားသမီးများပင် သော်မှ မိဘတို့၏ သွန်သင်ပြသ ဆိုဆုံးမချက်အရ ငယ်ရွယ်စဉ် ကာလကပင် ပါဏာတိပါတ အစရှိသော ထိုဒုစရိုက်အမှုကြမ်းကြီးမျာ
ထိုသူငယ်များ အချိန်အရွယ် ကြီးရင့်၍ သီလဆောက်တည်ကြသောအခါ ( အာဇီဝဋ္ဌမက သီလဖြင့် ရှောင်ကြဉ်ရမည့် ဒုစရိုက် အကြမ်းကြီးများကို ငယ်စဉ်ကပင် ရှောင်ကြဉ်ပြီး ဖြစ်ကြသောကြောင့် ) ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ တို့ကိုသာ အစဉ်အတိုင်း တိုးတက်ဖြည့်ကျင့်သင့်တော်သ
အာဇီဝဋ္ဌမကသီလကို အထူးဖြည့်ကျင်ရန် မလိုကြောင်း ကောင်းကောင်းကြီး ထင်ရှားလှပေသည်-စသည်ဖြင့် အကျယ် ဆိုထားပေသည်။
ဆရာတော်တိလောကသာရ(ရဝေထွန်း)
No comments:
Post a Comment