တစ်ခါကမြို့တစ်မြို့တွင်အင်
မေး - ခင်ဗျား ဘယ်လိုအကြောင်းမျိုးတွေကြော
ဖြေ- ကျွန်တော် လူဆိုးဖြစ်ခဲ့ရခြင်းရဲ့ အဓိက တရားခံကကျွန်တော့် အမေရဲ့ နောက်ယောက်ျား (ပထွေး)ကြောင့်ပေါ့ဗျာ။
ပထွေးက သူလုပ်ကျွေးရတာဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ်၊ ကျွန်တော်လည်း စိတ်ညစ်တဲ့ အတွက် အမေနဲ့ပထွေးကို အရွဲ့တိုက်ပြီး အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ ညညတွေမှာ အိမ်မပြန်တော့ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန်ခဲ့တယ်။
အဲဒီမှာတင် ကလေကခြေတွေနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲခဲ့ကြတယ်။ ငွေလိုတဲ့အခါ ဒုစရိုက်အလုပ်တွေ လုပ်ကြတယ်။ နောက် အဆင့်ထပ်တက်လာပြီး နံပါတ်ဖိုးတွေ ဘာတွေ စွဲသွားတယ်။ ခိုးတယ်၊ လုတယ်၊ ခါးပိုက်နှိုက်တယ်၊ ဒုစရိုက်မျိုးစုံကို ကျူးလွန်မိတော့တာပဲဗျာ။
မေး- ခင်ဗျားမှာ အစ်ကိုတစ်ယောက်ရှိတယ်လို့ သိရတယ် ဟုတ်ပါသလား။
ဖြေ- ဟုတ်ပါတယ်
မေး- သူကရော ဒုစရိုက်သမားပဲလား
ဖြေ- မဟုတ်ပါဘူး၊ သူက အခြားမြို့မှာ တက္ကသိုလ်ပါမောက္ခ လုပ်နေပါတယ်
မှတ်တမ်းတင်အရာရှိလည်း စိတ်ဝင်စားသွားပြီး တက္ကသိုလ်ရှိရာသို့ လိုက်သွားကာ ပါမောက္ခကို အခုလို သွားရောက်တွေ့ဆုံပြီး မေးမြန်းခဲ့ပါတယ်၊
မေး- ဆရာခင်ဗျာ-အခုလို ပါမောက္ခဖြစ်လာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာကို လူငယ်တွေ စံနမူနာယူနိုင်ကြစေဖို့ ပြောပြပေးစေချင်ပါတယ်။
ဖြေ- ကျွန်တော် ခုလို ပါမောက္ခဖြစ်ရတာ ပထွေးကြောင့်ပါပဲခင်ဗျာ။
မေး- ပထွေးကဘယ်လို အားပေးကူညီခဲ့လို့လဲ
ဖြေ- အားပေးကူညီတာ မဟုတ်ဘူးဗျ၊ နှိပ်စက်တာ၊ စိတ်ညစ်အောင်လုပ်တာ။ ကျွန်တော်ကလည်း အဲဒီလို လုပ်လေ စာကြည့်တိုက်သွားပြီး စာဖတ်လေပဲ။ တစ်ခါတလေ အိမ်မပြန်တော့ဘဲ စာကြည့်တိုက်မှူးကို ပြောပြီး စာကြည့်တိုက်မှာ အိပ်တယ်။ စာကြည့်တိုက်မှူးကလည်း ကျွန်တော်နဲ့ သင့်မယ့်စာအုပ်တွေကို ရွေးပေးပြီး ဖတ်စေတယ်။ စာအုပ်တွေထဲကနေ လောကဓံကို ဘယ်လို ရင်ဆိုင်ရမယ်။ ကိုယ့်ဘဝကို ဘယ်လို ရပ်တည်ရမယ်ဆိုတာ သိလာပြီး ကြိုးစားလိုက်တာ ခုလို တက္ကသိုလ်ပါမောက္ခ ဖြစ်လာတာပါပဲခင်ဗျာ။
ဖော်ပြပါ ဝတ္ထုတို ဇာတ်လမ်းအဖြစ်အပျက်လေးကို ကြည့်တတ်ခြင်းအားဖြင့် စာဖတ်ခြင်းသည် ဘဝအတွက် မည်မျှအရေးပါကြောင်း သိသာထင်ရှားလှပါသည်။
မေတ္တာရှင်(ရွှေပြည်သာ)
No comments:
Post a Comment