လူနှင့် ပတ်ဝန်းကျင်တွင် လူတို့ အသက်ကို လက်တလော သေကြေ ပျက်စီးစေတတ်သော အဆိပ်များ၊
တစ်ဖြည်းဖြည်း သေကြေ ပျက်စီး စေတတ်သော အဆိပ် များနှင့် မူရင်း အားဖြင့် အဆိပ် မမည်ပေ။
သို့သော် အဆိပ်ကဲ့ သို့ပင် ထပ်တူ အန္တရာယ်ပေးတတ်သော အဆိပ်မမည်သော အဆိပ်များ လွန်စွာ
ပေါများ လှပါသည်။ နေ့စဉ် မှီဝဲစားသောက်နေသော အစာအာဟာရမှလည်း အဆိပ်ဖြစ်နိုင်၏။
ဥပမာ။ ။ပလောပီနံနှင့် ဥဒေါင်းသား၊ခိုသားနှင့် မုန့်ညင်းဆီ၊ ပေအူနှင့်ဝက်သား၊ ခံသီးနှင့်ဘဲဥ၊ ဖရီးသီးနှင့်ဘဲဥ၊
စိန်နှင့် သံပုရာ စသည်အားဖြင့် ဆန့်ကျင်ဘက် အာာဟာရတို့ပင် ဖြစ်ပါသည်။
လက်တလော သေကြေပျက်စီးစေတတ်သော လူလုပ် အဆိပ်များလည်း ရှိသေး၏။ ဥပမာ။ ။ ဇီ၀လက္နတ္မ်ား၊ဓါတုလက္နတ္မ်
အဆိပ်သည် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိနေတတ်ကြ၏။ ပါးစပ်မှ တစ်ဆင့် လည်ချောင်း၊ အစာအိမ်သို့ ရောက်မှ အန္တရာယ်ရှိသည်ဟု ထင်မှတ်တတ်ကြ၏။ အမှန်မှာမူ ပတ်ဝန်းကျင်အာရုံကို ခံစားနိုင်သော မျက်စိ၊နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ခန္ဓာစသော ပသာဒရုပ်(၅)ပါးမှာပင် အဆိပ်သည် အလိုအလျှောက် ၀င်ရောက်နိုင်သည်။ဤသည်တို့မ
အဆိပ်မမည်သော အဆိပ်များ။ ။
ဘုရားဟောဒေသနာ ပိဋကတ် စာပေတို့တွင် လာရှိသည့် အဆိပ် မမည်သော်လည်း အဆိပ်ကဲ့သို့ အန္တရာယ်ပေးနိုင်သော အဆိပ်များလည်း ရှိပါသည်။ လည်ချောင်းမှ တစ်ဆင့် အစာအိမ်ရောက်မှ အန္တရာယ်ဖြစ်နိုင်သော အဆိပ်များမဟုတ်ကြပေ။
မြင်ရာ၊ ကြားရာ၊ နံရာ၊ ရှူရာ၊ ထိတွေ့ရာ အာရုံ(၅)ပါးတို့မှဖြစ်လာနို
သီဟိုဠ်ခေတ်ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသော မဓုရရသ၀ါဟိနီကျမ်း၌ “မြွေ၏ အဆိပ်ကိုသာ အဆိပ်ဟု
မဆိုအပ်။ မင်းဘဏ္ဍာကိုလည်း အဆိပ်ဟု ဆိုအပ်၏။ မြွေဆိပ်ကား အဆိပ် သင့်သူ တစ်ယောက်တည်း ကိုသာ
သတ်တတ်၏။ မင်းဘဏ္ဍာကား အလုံးစုံသော အမျိုး စဉ်ဆက် ကိုသတ်တတ်၏။” ဟုပြဆို၏။ ထို့ကြောင့်
ဤကျမ်းအဆိုအရ မင်းဘဏ္ဍာကိုလည်း အဆိပ်ဟု မှတ်ယူရပေမည်။
(ဥတ္တရောရိယ၀တ္ထု၊ မဓုရရသ၀ါဟိနီကျမ်း။)
သေရည် အဆိပ်။ ။
စူဠနာရဒ ဇာတ်၌ ဖခင်ရသေ့သည် သားငယ် ရသေ့အား “အဆိပ်ကို မမှီဝဲနှင့်။” ဟုဆုံးမ သားငယ်က
“အဘယ်အရာဟာ အဆိပ်ပါလဲ” ဟုမေးရာ “ချစ်သား၊ လောက၌ အရက်ကို သုရာ ဟုဆိုအပ်၏။ စိတ်ကိုနှစ်သက်စေတတ်၏။ ကောင်းသော အနံ့လည်း ရှိ၏။ ရဲရင့်သော အဖြစ်သို့လည်းရောက်စေတတ်၏။ သဘောကျနှစ်သက်စေတတ်သော ယင်ပျားအရသာနှင့်တူ၏။ ထိုအရက်ကို မြတ်သောအကျင့်ကိုကျင့်သူတို
ဤဇာတ်တော်အလိုအရ အရက်ကို အဆိပ်ဟု ဆိုလိုပါသည်။
ကာမဂုဏ် အဆိပ်။ ။
ဘုရားရှင်ဇေတ၀န်ကျောင်းတော်
ဤဇာတ်တော်အလို ကာမဂုဏ် (၅)ပါးကို အဆိပ်ဟု ဆိုလိုပါသည်။
နီတိကျမ်းလာ အဆိပ်များ။ ။
စာဏကျဆရာကြီး ရေးသားသော သက္ကတနီတိကျမ်း၌ ပြဆိုသော အဆိပ်များမှာ……
၁။ ညဥ့်အခါ၌ လှည့်လည်သွားလာခြင်း။
၂။ ပြည့်ရှင်မင်းနှင့် ပေါင်းခြင်း။
၃။ သူတစ်ပါး သားမယားအပေါ် တပ်မက်သောသူ။
၎။ မကုစားဘဲထားသော အနာ။
(တနည်း)
၁။ အပြီးတိုင် မသင်အပ်သော ပညာ။
၂။ မကြေညက်သော အစာ။
၃။ ဆင်းရဲသောသူတို့အတွက် ပွဲလမ်းသဘင်။
၎။ အသက်အရွယ်ကြီးသူတို့အတွက် ငယ်ရွယ်သော မိန်းမ တို့သည် အဆိပ်မည်၏ ဟုဆို၏။ ဤနီတိကျမ်းအဆိုအရ အဆိပ်(ဂ)မျိုးဟု မှတ်ယူရပါမည်။
ရတနာ(၃)ပါး အဆိပ်။ ။
“ထက်မြတ်ဝှန်ဆူ၊ အဆိပ်ဟူသည် ၊ သင့်သူသာမျှ၊ သေတတ်စွရှင့်။ သမဏ ဗြဟ္မဏာ၊ အရိယာဟု၊ သံဃာ
ရဟန်း၊ ကျင့်ခန်းမြတ်သူ၊ အဆိပ်မူကား၊ ရှင်လူနီးရင်း၊ ဆွေသင်းပင်းနှင့်၊ မကြွင်းပျက်စီး၊ လောင်သည့်မီးသို့၊
သေပြီးဆက်ဆက်၊ငရဲဆက်၏။” (မဃဒေ၀၊၄၇၃။)
ရတနာ(၃)ပါးနှင့် ရတနာ(၃)ပါးတို့၏ ပစ္စည်းတို့သည် အဆိပ် မဟုတ်သော အဆိပ်စာရင်းတွင် တင်သင့်၏။ အဘယ့်ကြောင့်ဆိုသော် ရတနာ(၃)ပါးတို့မှ သင့်ရောက်သော အဆိပ်သည် ပစ္စုပ္ပန်တွင် လက်တလော သေစေတတ်သည်သာ မဟုတ်သေး။တစ်သံသရာလုံးပင် ဒုက္ခရောက်စေနိုင်။ဆိုးကြိုး
သက်သေပြစရာ သာဓကပေါင်းများစွာပင် ရှိပါသည်။ ဘုရားရှင်ကို စွပ်စွဲသော စိဉ္စမာန၊ ဘုရားရှင်ကို ပြစ်မှားသော သုပ္ပဗုဒ္ဓ၊ သံဃာသင်းခွဲသော ဒေ၀ဒတ် တို့သည် ထိုအပြစ်ကြောင့် အရှင်လတ်လတ် မြေမြိုခြင်း ခံကြရ၏။ရှင်မဟာကစ္စည်းကိုစိတ
အရှင်မဟာမောဂ္ဂလာန်နှင့် အရှင်လက္ခဏတို့ ဂိဇ္ဈဂုတ်တောင်မှ ဆင်းသက်လာကြစဉ် တွေ့မြင်ရသော ပြိတ္တာများဝတ္ထုတွင် မစင်စားနေရသော ပြတ္တာ၊ ကျီးကန်းပြိတ္တာ တို့သည် သံဃာတော်များအား ပြစ်မှားခဲ့သောကြောင့် သင့်ရောက်သောအပြစ်၊ အဆိပ်များပင် ဖြစ်လေသည်။ (စတုတ္ထပါရာဇိက၊ ၀ိနီတ၀တ္ထု၊ ၀ိ၊ ၁၊ ပါ၊ ၅၈။)
မည်သည့်အဆိပ်ပင်ဖြစ်စေ သင့်ရောက်လျှင် အန္တရာယ်ရှိသည်ချည်းပင် ဖြစ်သည်။ အဆိပ်စစ်ထက် အဆိပ်မဟုတ်သောအဆိပ်တို့က ပိုမို၍ အန္တရာယ်ပေးနိုင်လေသည်။ အဆိပ်စစ်က အဆိပ်မှန်းသိ၍ အလွယ်တကူ ရှောင်နိုင်ကြ၏။ အဆိပ်မဟုတ်သော အဆိပ်ကအဆိပ်မှန်းမသိ၍ ပြုမိ၊ပြောမိ၊လုပ်မိတတ်ကြ၏။
သို့ဖြစ်၍ကျန်းမာလိုသူ၊ အသက်ရှည်လိုသူ၊ ဘေးအန္တရာယ်ကင်းလို သူတိုင်းသည် လူကို အန္တရယ်ပေးတတ်သည့်အဆိပ်နှင့်
မှီခိုကျမ်းကိုး-
- တက္ကသိုလ် မောင်ကိုရင်၊၏"အဆိပ်မမည်သော
နွေည
No comments:
Post a Comment