ဘုရားရှင်လက်ထက်တော်အခါ က.....
အလွန်အမင်း ဆင်းရဲရှာတဲ့ လယ်သူမ လေးတစ်ယောက်ရှိတယ်။ လယ်သူမကလေး ဟာ ဘယ်လောက်ထိ ဆင်းရဲရှာသလဲဆိုရင် လယ်တောကို ထမင်းထုပ်ကလေးတောင်မှ ထုပ်မသွားနိုင်ရှာဘူးတဲ့ကွယ
လယ်ထဲမှာ အလုပ်,လုပ်ရင်း ဆာလာတဲ့အခါ အဲဒီပေါက်ပေါက်ပွင့်ကလေးတွေ
လယ်သူမလေး လယ်တောကိုအလာ လမ်းခုလပ်မှာ ဆွမ်းခံကြွလာတဲ့ သံဃာတော် အရှင်မြတ်တစ်ပါးနဲ့ ဆုံတွေ့ဖူးမြော်ရတယ်။ အရှင်မြတ်ရဲ့ ကျက်သရေဟာ တက်နေလိုပဲ တောက်ပနေသတဲ့ကွယ်။ လယ်သူမလေးဟာ သံဃာတော်အရှင်မြတ်ကို ဖူးလိုက်ရတယ်ဆို ရင်ပဲ ရင်ထဲမှာ အေးသွားပြီး သဒ္ဓါကြည်ညိုစိတ် တွေ တဖွားဖွားဖြစ်ပေါ်လာတယ်။ ဆွမ်း လောင်းစရာ သူ့မှာ ဘာမှပါမလာ၊ အို ... ဒါပေမယ့် ပေါက်ပေါက်ပွင့်ကလေးတွေ ပါခဲ့ သားပဲ။
လယ်သူမလေးဟာ နေ့လယ်ဆာလာ ရင် စားစရာ ဘာမှမရှိချင်နေ၊ အငတ်ခံတော့ မယ်ဆိုပြီး အဲဒီအရှင်မြတ်ကြီးကို ပေါက်ပေါက်ပွင့်တွေ လောင်းလှူလိုက်သတဲ့ကွယ်။
လယ်သူမလေး ပေါက်ပေါက်ပွင့် လှူ လိုက်တဲ့ အရှင်မြတ်ကြီးဟာ ဘုရားရှင်ရဲ့ သာ သနာတော်မှာ အင်မတန်ကျော်ကြားတော်၊ ထင်ရှားတော်မူတဲ့ ဓူတင်ဧတဒဂ်ရ ''အရှင် မဟာကဿပ'' အရှင်မြတ်ကြီးတဲ့ကွယ်။
ဓူတင် ဧတဒဂ်ရဆိုတာ ကိလေသာကို ခါထုတ်ပေး တတ်သော အကျင့်မှာ အကျင့်နိုင်ဆုံး အမြတ် ဆုံးဘွဲ့ရ ရဟန္တာအရှင်မြတ်ကြီးပေါ့ကွယ်
သံဃာတော်ကို ကြည်ညိုလို့ သဒ္ဓါကြည် ညိုစိတ်က နှိုးဆော်၊ စေတနာအရှိန်ကလေး ပွင့်ပေါ်လာတာနဲ့ ချက်ချင်းလောင်းလှူလိုက် ခြင်းဖြစ်ပါတယ်။
လယ်သူမလေးဟာ အဲဒီညမှာပဲ သူ့မှာ စွဲကပ်နေတဲ့ရောဂါနဲ့သေဆုံးသ
ဒါပေမယ့် သူမသေခင်မှာ နံနက်က လောင်း လှူခဲ့တဲ့ သူ့ရဲ့သဒ္ဓါဆွမ်းအပေါ် ကုသိုလ်စိတ် ဖြစ်ပေါ်နေချိန်မှာ သေသွားတာဖြစ်လို့ ဗြုန်း ခနဲဆို ၁၆ နှစ် သမီးအရွယ် နတ်သမီးလေး တစ်ပါး ဖြစ်သွားတော့သတဲ့ကွယ်။ လူ့ပြည်မှာ လယ်သူမဆင်းရဲတဲ့ဘဝနဲ့ နေခဲ့ရပေမယ့် ပေါက်ပေါက်ဆွမ်း လှူရတဲ့အကြောင်းကြောင့် ... တာဝတိံသာနတ်ပြည်မှာ စည်းစိမ်ချမ်း သာ လွန်ကဲစွာနဲ့ နတ်သမီးလေးတစ်ပါး ချက် ချင်းဖြစ်သွားသတဲ့ကွယ်။ ပေါက်ပေါက်ဆွမ်း လှူ ဒါန်းရာက နတ်သမီးလေးဖြစ်လာတာမို့ သူ့ကို ''လာဇာ''နတ်သမီးလေးလို့ နတ်တွေက ခေါ်ကြ သတဲ့ကွယ်။
အရှင်မဟာကဿပဆိုတဲ့ ကျော်ကြား ထင်ရှားတော်မူသော ပုဂ္ဂိုလ်စွဲအပေါ် လှူခြင်း မဟုတ်ဘဲ သံဃာဆိုတဲ့ ဂုဏ်တော်အပေါ်မှာ လှူဒါန်းခဲ့ခြင်းကြောင့် ဒီလိုနတ်သမီးလေးဖြစ် လာခဲ့ရတာပေါ့ကွယ်။
အဲဒီနတ်သမီးလေးလိုပဲ တာဝတိံနတ် ပြည်မှာ နတ်သားဖြစ်လာတဲ့ ''နွားကျောင်းသား ကလေး''တစ်ယောက်ရှိခဲ့ဖူးပါတ
သူဟာ နတ်သားဘဝမရောက်ခင် လူ့ဘဝမှာတုန်းက အင်မတန်ဆင်းရဲတဲ့ နွားကျောင်းသားလေး တစ်ယောက်ပါပဲကွယ်။
သူဟာ ဘယ်လောက် ထိ ဆင်းရဲသလဲဆိုရင် လယ်သူမလေးလို တောင်မှ ပေါက်ပေါက်ပွင့် လှူစရာမရှိဘူးတဲ့ ကွယ်။
သူ့ပတ်ဝန်းကျင်မှာ လူတွေကဖြင့် သွား လိုက်ကြ၊ လာလိုက်ကြ၊ ဖူးလိုက်ကြ၊ လှူလိုက် ကြတာ...။
ဘုရားရှင်တော်ဟာ ဘယ်လောက်ထိ ကြည်ညိုစရာကောင်းပါတယ်ဆိုတာ
ဒါနပြုသူကပြု၊ ဥပုသ်စောင့်သူကစောင့်၊ တရားအားထုတ်သူက အားထုတ်နဲ့ အားကျ စရာကောင်းလိုက်တာ။ သြော် ... သူတို့များ ဖြင့် ကံကောင်းကြပေစွေ၊ လူဖြစ်ရကျိုးနပ်ပေစွ၊ ငါ့မှာတော့ဖြင့် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ နွားကျောင်းနေရတာနဲ့ပဲ ... ဘုရားလည်း မဖူးနိုင်၊ တရားလည်းမနာနိုင်၊ သံဃာလည်း မပူဇော်နိုင်၊ နွားကျောင်းသားဟာ သူ့ဘဝသူ အဲဒီလို ပြန်တွေ့လိုက်ရပေမယ့် စိတ်ဓာတ်မကျ ဘူး။ အားမငယ်ပါဘူးတဲ့။
နွားကျောင်းသားလေးဟာ နွားတွေကို ကျောင်းနေလျက်ကပဲ ... ဘုရားရှင်ရှိရာ ရည်မှန်းပြီး -
အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ယနေ့ကို အစပြု၍ ဘုရားကိုသာလျှင် အသက်ထက်ဆုံး ဘေးရန်ဆီးကာ ကိုးကွယ်ရာ အစစ်ဟူ၍ မှီဝဲဆည်းကပ်ပါ၏ အရှင်ဘုရား ... တဲ့။
(တရားတော်၊ သံဃာတော်တို့ကို လည်း အဲဒီလိုပဲ ရည်မှန်းရှိခိုးတယ်)
ဣမေ ပစ္စက္ခန္ဓာ ဗုဒ္ဓဿနယျာဒေမိ၊
ဤရုပ်စဉ်နာမ်စဉ် ခန္ဓာငါးခု အလျဉ်တို့ ကို ဘုရားရှင်အား အပ်နှင်းပါ၏ ဘုရား... တဲ့။ (တရားတော်၊ သံဃာတော်တို့ကိုလည်း အဲဒီ လိုပဲ ရည်မှန်းလှူဒါန်းတယ်)
နွားကျောင်းသားလေးဟာ
၁။ နှုတ်ကလည်းဆို
၂။ ကိုယ်ကလည်း လက်အုပ်မိုး
၃။ စိတ်ကလည်း ရည်မျှော်ကိုး ...
ဒီသုံးမျိုးနဲ့ ထက်ထက်သန်သန် သရ ဏဂုံခံယူ ဆောက်တည်လိုက်ပါတော့တယ်။
နွားကျောင်းသားလေးရဲ့ အဲဒီစေတနာ၊ အဲဒီသဒ္ဓါကြောင့် နွားကျောင်းသားဘဝက သေ လျှင် သေချင်း ချက်ချင်းပဲ နတ်သားလေးတစ် ပါး ဖြစ်လာတော့သတဲ့ကွယ်။ တာဝတိံသာနတ် ပြည်မှာ စည်းစိမ်ချမ်းသာတွေ ခံစားနေလိုက် တာ သံသရာဘဝတစ်လျှောက်လုံး ဒုက္ခဆိုတဲ့ စကား ကြားတောင် မကြားဖူးတော့ဘူးတဲ့ ကွယ်။ နွားကျောင်းသားဘဝက ပင်ပန်းဆင်းရဲ ခဲ့ရပုံတွေနဲ့ မကွာခြားလှပေဘူးလား။
လယ်သူ မလေးလိုတောင်မှ လှူစရာမရှိခဲ့ပေမယ့် သရ ဏဂုံရဲ့ကျေးဇူးကြောင့် နတ်စည်းစိမ်ခံစားခဲ့ရပါ တယ်။ ဒီလိုနဲ့ ဂေါတမမြတ်စွာဘုရားလက် ထက်တော်မှာ ''သရဏဂမနိယ''ဆိုတဲ့ ဘွဲ့တော် နဲ့ သတ္တဝါအများတို့ရဲ့ ကိုးကွယ်အားထားရာ ရဟန္တာတစ်ဆူဖြစ်တော်မူခဲ့ရသတ
ဒီပုံပြင်မှာ မှတ်သားစရာ
ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီးက-
သံဃာတော်အရှင်မြတ်တို့ရဲ့ ကျေးဇူးနဲ့ သန့်ရှင်းစင်ကြယ်သော အကျိုးပေးကို သာဓက ဆောင်ရာမှာ ''လယ်သူမလေး''ပုံပြင်ကို ထည့် သွင်းရေးသားခဲ့ပြီး ....
သရဏဂုံတည်ခြင်းရဲ့ အကျိုးကျေးဇူးကို အထူးသိစေလိုရာမှာ ... ''နွားကျောင်းသား ကလေး''ပုံပြင်နဲ့ သာဓကဆောင် ရေးသား ဟော ကြားတော်မူခဲ့ပါတယ်။
လူက ဘယ်လောက်ပင် ဆင်းရဲ ... ဆင်းရဲ ... စေတနာ သဒ္ဓါတရား မဆင်းရဲဖို့က အဓိက၊
ရတနာမြတ်သုံးပါး၏ ကျေးဇူး ကြောင့် ဆင်းရဲသောဘဝဆိုးတို့မှ လွတ်မြောက် ချမ်းသာနိုင်ပုံ-တို့ကို နာကြားမှတ်သား၍ စေ တနာသဒ္ဓါတရားထက်သန်စွာဖြင့် သရဏဂုံ ခံယူ ဆောက်တည်နိုင်ကြပါစေလို့ အလေးအ နက် ဆန္ဒပြုအပ်ပါတယ်။
သာစည်မင်း
အညွှန်း။ ။ ၁၃၅၄ခုနှစ်ထုတ်၊ လား ဟူဗုဒ္ဓဘာ သာသင်ခန်းစာ စာ - ၄ဝ-၄၉/ စာ ၅၂-၅၃
``မဘသ(ဗဟို)Online Media´´
No comments:
Post a Comment