ဇနီးခင်ပွန်း အဆင်ပြေဘို့
နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။
နံပါတ် (၂) သမသဒ္ဓါ ဖြစ်ဖို့လို့ပြောပါတယ်။
နံပါတ် (၃) က သမစာဂ ဖြစ်ဖို့လိုပါတယ်။
နံပါတ် (၄) က သမာပညာဖြစ်ဖို့လိုပါတယ်။
သမပညာမှာ ပညာကို အသေးစိတ်သိခြင်းလို့ ဘာသာပြန်ဆိုလို့ရမယ်။ အင်္ဂလိပ်လိုတော့ Knowing in detail လို့ပြောရမယ်။ (ပ - အသေးစိတ်၊ ညာ - သိခြင်း) သမ ကတော့ တူညီတာ။
ဒါ့ကြောင့် သမပညာ - အသေးစိတ်သိမှု တူညီတာ။
အသေးအဖွဲကိစ္စလေးတွေကအစ သိတဲ့နေရာမှာ တူညီနေရမယ်။
ဆိုလိုတာက လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာ
လင်လုပ်တဲ့စီးပွါးရေးစတာတွေ ကို မယားသိပိုင်ခွင့်ရှိရပါမယ်။ သိနေရပါမယ်။ ဒီလိုဘဲ။ မယားသွားတဲ့နေရာ၊ မယားစားတဲ့အစားအစာ၊ မယားလုပ်တဲ့စီးပွါးရေးစတာ
တွေကို လင်လုပ်တဲ့သူက သိကို သိနေရပါမယ်။
လင်နဲ့မယားကြားမှာ လျှို့ဝှက်ချက်ဆိုတာ မထားရဘူး။
လင်နဲ့မယားကြား လျှို့ဝှက်ချက်ထားလို့ ပေါက်ကြားလာတဲ့တစ်နေ့ ပြဿနာ စတက်တော့တာပါဘဲ။
လျှို့ဝှက်ချက်ထားတဲ့သူအပေါ် မှာ ယုံကြည်ဘို့မလွယ်
တော့ပါဘူး။ နောက်ဘယ်လောက်ကြီးဘဲ ကောင်းတာကို မှန်မှန်ကန်ကန်လုပ်လုပ် တစ်ခါ မရိုးသားခဲ့တဲ့ အ
တွက် ယုံကြည်မှုရဘို့ရန် ခဲရင်းပါတယ်။ လင်မယား
ကြား ဒီလို ယုံကြည်မှုမရှိတော့ဘူးဆိုရင် ဒီလင် ဒီမယား ဘယ်လိုလုပ် ပျော်ရွင်မှု ချမ်းမြေ့မှု သာယာမှု အပြည့်အ၀ ရနိုင်တော့မလဲ။
ဒါ့ကြောင့် လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်း
ချမ်းမြေ့မြေ့နဲ့သက်ဆုံးတို င် အိုအောင်မင်းအောင်ပေါင်းဆုံ ဘို့ နှစ်ကိုယ်ကြားလျှို့ဝှက်ချက်လုံးဝမထားဘဲ
သမပညာ - အစစအရာရာမှ တူညီတဲ့အသိ၊ တူညီတဲ့သိခြင်း ရှိနေရပါမယ်။
သမပညာကို နောက်တစ်မျိုး စဉ်းစားကြည့်ရအောင်။
ပညာကို ရိုးရိုးလေး ပညာလို့ဘာသာပြန်ပြီး သမ ကို တူညီတာလို့ဘာသာပြန်ကြည့်ရအောင်။
အိမ်ထောင်ပြုလိုတဲ့သူတွေ သမပညာလို့ခေါ်တဲ့ ပညာတူညီဘို့လဲ လိုအပ်ပါတယ်။
ပညာဆိုတဲ့နေရာမှာ တက္ကသိုလ်က ပေးလိုက်တဲ့အတတ်ပညာကို ဆိုလိုတာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ပိုင်အသိပညာကို ဆိုလိုတာပါ။
တခါတလေဖြစ်တတ်ပါတယ်။ အစပထမတော့ အချစ်မှာ မျက်စိမရှိဆိုတဲ့ ဆိုရိုးကို လက်ကိုင်ပြုပြီး မိုးမမြင်
လေမမြင်နဲ့ ချစ်လို့ ယူလိုက်ကြတာ။ အိမ်ထောင်ကျပြီးကာမှ ဇနီး (သို့) ခင်ပွန်းလုပ်တဲ့သူက ပွဲနေပွဲထိုင် မ၀တ်တတ်တဲ့၊ မစားတတ်တဲ့၊ မသွားတတ်တဲ့၊ မပြောတတ်တဲ့ လူကြားသူကြား မနေတတ်တဲ့ ကိုယ့်အိမ်ထောင်
သည်တွေ တွေ့ဘူးမှာပေါ့။ လင်မယားကြား Educational Gap နဲ့ Intellectual Gap ကွာဟလွန်းအားကြီးရင်လဲ အပြည့်အ၀ ပျော်ရွှင်မှု မရနိုင်ပါဘူး။
လောကုတ္တရာရေးရာမှာလဲ ပညာနဲ့ပတ်သက်ပြီးတူညီရပါမယ် ။
ဒါနရေးရာ ဒါနအသိပညာ၊ သီလရေးရာ သီလအသိပညာ၊ ဘာဝနာရေးရာ ဘာဝနာအသိပညာတွေမှာ
တူညီရပါမယ်။ ဒါမှသာ ဒီလင်ဒီမယား ဒီဘ၀မှာ ပေါင်းဆုံရရုံတင်မကဘဲ
ဖြစ်လေရာဘုံဘ၀မှာ (ဘုရားအ
လောင်းတော်တို့လို) အတူတကွ ပေါင်းဆုံရပြီး ပါရမီ
ဖြည့်ဘက်တွေ ဖြစ်နေမှာပါ။
Dr. Ashin Indaka
နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။
နံပါတ် (၂) သမသဒ္ဓါ ဖြစ်ဖို့လို့ပြောပါတယ်။
နံပါတ် (၃) က သမစာဂ ဖြစ်ဖို့လိုပါတယ်။
နံပါတ် (၄) က သမာပညာဖြစ်ဖို့လိုပါတယ်။
သမပညာမှာ ပညာကို အသေးစိတ်သိခြင်းလို့ ဘာသာပြန်ဆိုလို့ရမယ်။ အင်္ဂလိပ်လိုတော့ Knowing in detail လို့ပြောရမယ်။ (ပ - အသေးစိတ်၊ ညာ - သိခြင်း) သမ ကတော့ တူညီတာ။
ဒါ့ကြောင့် သမပညာ - အသေးစိတ်သိမှု တူညီတာ။
အသေးအဖွဲကိစ္စလေးတွေကအစ သိတဲ့နေရာမှာ တူညီနေရမယ်။
ဆိုလိုတာက လင်သွားတဲ့နေရာ လင်စားတဲ့အစားအစာ
လင်လုပ်တဲ့စီးပွါးရေးစတာတွေ
တွေကို လင်လုပ်တဲ့သူက သိကို သိနေရပါမယ်။
လင်နဲ့မယားကြားမှာ လျှို့ဝှက်ချက်ဆိုတာ မထားရဘူး။
လင်နဲ့မယားကြား လျှို့ဝှက်ချက်ထားလို့ ပေါက်ကြားလာတဲ့တစ်နေ့ ပြဿနာ စတက်တော့တာပါဘဲ။
လျှို့ဝှက်ချက်ထားတဲ့သူအပေါ်
တော့ပါဘူး။ နောက်ဘယ်လောက်ကြီးဘဲ ကောင်းတာကို မှန်မှန်ကန်ကန်လုပ်လုပ် တစ်ခါ မရိုးသားခဲ့တဲ့ အ
တွက် ယုံကြည်မှုရဘို့ရန် ခဲရင်းပါတယ်။ လင်မယား
ကြား ဒီလို ယုံကြည်မှုမရှိတော့ဘူးဆိုရင်
ဒါ့ကြောင့် လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်း
ချမ်းမြေ့မြေ့နဲ့သက်ဆုံးတို
သမပညာ - အစစအရာရာမှ တူညီတဲ့အသိ၊ တူညီတဲ့သိခြင်း ရှိနေရပါမယ်။
သမပညာကို နောက်တစ်မျိုး စဉ်းစားကြည့်ရအောင်။
ပညာကို ရိုးရိုးလေး ပညာလို့ဘာသာပြန်ပြီး သမ ကို တူညီတာလို့ဘာသာပြန်ကြည့်ရအေ
ကိုယ့်ကိုယ်ပိုင်အသိပညာကို ဆိုလိုတာပါ။
တခါတလေဖြစ်တတ်ပါတယ်။ အစပထမတော့ အချစ်မှာ မျက်စိမရှိဆိုတဲ့ ဆိုရိုးကို လက်ကိုင်ပြုပြီး မိုးမမြင်
လေမမြင်နဲ့ ချစ်လို့ ယူလိုက်ကြတာ။ အိမ်ထောင်ကျပြီးကာမှ ဇနီး (သို့) ခင်ပွန်းလုပ်တဲ့သူက ပွဲနေပွဲထိုင် မ၀တ်တတ်တဲ့၊ မစားတတ်တဲ့၊ မသွားတတ်တဲ့၊ မပြောတတ်တဲ့ လူကြားသူကြား မနေတတ်တဲ့ ကိုယ့်အိမ်ထောင်
သည်တွေ တွေ့ဘူးမှာပေါ့။ လင်မယားကြား Educational Gap နဲ့ Intellectual Gap ကွာဟလွန်းအားကြီးရင်လဲ အပြည့်အ၀ ပျော်ရွှင်မှု မရနိုင်ပါဘူး။
လောကုတ္တရာရေးရာမှာလဲ ပညာနဲ့ပတ်သက်ပြီးတူညီရပါမယ်
လောင်းတော်တို့လို) အတူတကွ ပေါင်းဆုံရပြီး ပါရမီ
ဖြည့်ဘက်တွေ ဖြစ်နေမှာပါ။
Dr. Ashin Indaka
No comments:
Post a Comment