ပစ္စည်းရှာ အလုပ်နှင့်
နေ့ပုပ်လို့ ရက်ဟုန်
နစ်မျောလို့ အသက်ကုန်တယ်
တွက်ပုံဖြင့် မကောင်း
ခုလိုနှင့် သံသာဗွေမှာ
ခန္ဓာတွေ များခဲ့စတောင်း ။
သက်မွေးမှု စခန်းပိုအောင်
ဝမ်းကိုသာ နင်ကြောင်း
လေးဆယ်ကျော် အရွယ်နှောင်းခါမှ
သူကြွယ်လောင်း လုပ်ချင်
မိုးကုန်ပြီ ထွန်မချချင်နှင့်
ရွံစရာ မှားဘို့ဖြစ်အင်
နွားအိုကြီး အမောသင့်သလို
မလျော့လျင် ဘ၀ဆုံးရှာတော့
အားတုံးနှင့်အဆင် လွဲဘို့သာပြင်
တရားသို့ မသက်ဝင်လျှင်
အခက်နှင့် ကြုံတွေ့ဘို့လေး ...။
(လယ်တီဆရာတော်ကြီး)
No comments:
Post a Comment