Saturday, December 10, 2016

ရဟန်း​တော်​တို့သည်​ တရားစွဲ​ကောင်းပါသလား

၁။ ရဟန်းအချင်းချင်းဖြစ်စေ ရဟန်းက လူကိုဖြစ်စေ တရားစွဲကောင်းပါသလားဘုရား။

၂။ တရားစွဲခံရသူ ဒဏ်ရိုက်ခံရသည်ကို ဘဏ္ဍာစားမုချမပေးတော့ပါက တရားလိုရဟန်းအား တန်ဘိုးအလိုက်ပါရာဇိက ကျနိုင်ပါသလားဘုရား။

၃။ တရားစွဲခံရသူ ထောင်ကျသွားပါက တရားစွဲသောရဟန်းအား မည်သို့အပြစ်ရှိပါသလဲ။

၎။ နံပါတ်သုံး မှ အဆက်…ထိုအပြစ်ကို မည်သို့ကုစားနိုင်ပါသလဲဘုရား။

Thu Kha

ဘုရားရှင်​သည်​ ​ဇေတဝန်​​ကျောင်း​တော်​၌ သီတင်းသုံး​နေတော်​မူစဉ်​အရှင်​မထုလ္လနန္ဒာသည်​ မထင်​ရှား​သောဥပါသကာ၏သားနှင့်​ တရားစွဲဆို အမှုဖြစ်​ခြင်းကို
အ​ကြောင်းပြု၍ ရဟန်းမတို့သည်​ လူများအား
တရားဆင်​ တရားစွဲခြင်းကို မပြုလုပ်​ရ။ပြုလုပ်​ပါက သံဃာဒိ​သိသ်​အာပတ်​သင့်​၏လို့ ဝိနည်းပညတ်​​တော်​မူခဲ့ပါသည်​။ သီတင်းသုံး​ဖော်​ အချင်းချင်း​တော့ တရားစွဲလို့ရပါသည်​။

ရဟန်း​တော်​များသည်​ လူများအား တရားစွဲလျှင်​ကား ဒုက္ကဋ်​အာပတ်​​သင့်​ပါသည်​။ ပါစိတ်​ပါဠိ​တော်​၊၂၈၈၊၉၊၁၀ကိုမှီ၍ ​ရေးသည်​။

ရဟန်းမတို့၏ ​ကျောင်း၌ တစ်​စုံတစ်​​ယောက်​သောသူသည်​ သစ်​ပင်​ သစ်​သီး ကြီးငယ်​ ပရိက္ခရာတို့ကို လုယူဖျက်​ဆီး.​ဆောင်​ယူကြကုန်​၏။ ထိုအခါ ရဟန်းမသည်​ တရားသူကြီးတို့ကို ချဉ်းကပ်​၍ ငါတို့၏​ကျောင်း၌ ဤအမှုကို ပြုအပ်​ပြီး၊ ဘယ်​သူ​က ပြုသလဲလို့ ​တရားသူကြီးက ပြန်မေးရာ ထိုမည်​သူသည်​၎င်း ထိုမည်​သူသည်​၎င်း ပြုအပ်​ပြီးဟု ပြန်​​ဖြေ​လေသည်​။

ထိုစကားကိုကြား၍ တရားသူကြီးတို့သည်​ ထိုလုယူဖျက်​ဆီးသူတို့ အ​ပေါ်၌ ဒဏ်​ကို ​ဆောင်​ခိုင်းလျှင်​ အလုံးစုံ​​သောထိုဒဏ်သည် ​​ရဟန်းမအတွက်​ ဘဏ္ဍာစားပြန်​လျှော်​​ပေးရမည်​။ ဒဏ်​ရိုက်​လိုစိတ်​ဖြင့်
ပြောကြားပါ​သောလည်း ဘဏ္ဍာစားသာပြန်​​လျှော်​ရမည်

အကယ်​၍ ထိုလုယူဖျက်​ဆီးသူများကို ဒဏ်​ရိုက်​ပါဟု ​ပြောကြားခဲ့၍တရားသူကြီးများက ငါးပဲမျှကို ယူခဲ့​သော ရဟန်းမသည်​ ပါရာဇိကကျပါသည်​။ မှတ်​ချက်​။ ယ​နေ့​ခေတ်​ ​ရွှေတမတ်​တန်​ဖိုးနှင့်​ချိန်​ရပါမည်​။

အကယ်​၍ တရားသူကြီးများက ဘယ်​သူ လုယူပါသလဲလို့ ​မေးခဲ့​သော်​ ငါတို့အား ထိုသူယူပါသည်​ဟု ​ပြောကြားခြင်းငှါ မအပ်​ပါ။ သင်​တို့သာ သိကြလိမ့်​မည်​။ ငါတို့အား အ​စောင့်​အ​ရှောက်​ကို ​ပေးကြပါ။ ခိုယူသွား​သော ဥစ္စာကိုလည်း ​ဆောင်​ယူ​စေကြပါဟူ၍ ​ပြောဆို​ကောင်းပါသည်​။ ထိုသို့​ပြောဆို၍ တရားသူကြီးတို့ကလုယူ​​သောသူတို့အ​ပေါ်၌ ဒဏ်​ကိုရိုက်​၍ ပစ္စည်းများကို သိမ်းပါ​သော်​လည်းရဟန်းမအား ဘဏ္ဍာစားလည်း မထိုက်​သလို အာပတ်​လည်း
မသင့်​ပါ။

မိမိစကားနား​ထောင်​မည့်​ တရားသူကြီးကို ဤသူသည်​ ငါ၏ပစ္စည်းကို ခိုးယူသွား၏ ထိုပစ္စည်းကို ပြန်​ယူ​ပေးပါ။ဒဏ်​​တော့မရိုက်​ပါနှင့်​လို့ ​ပြောဆိုပါလျက်​ သူတို့က ရိုက်​ခဲ့လျှင်​လည်း အပ်​စပ်​ပါသည်​။

ရဟန်းမတို့အတွက်​ ဆိုအပ်​​သော နည်းအတိုင်းပင်​ ရဟန်းတို့အားလည်း ဆုံးဖြတ်​ရပါမည်​။ ပါစိတ်​ဋ္ဌ၊၁၈၂၊၃။ကိုမှီ၍ ​ရေးပါသည်​။

အထက်​ပါ ပါဠိ အဋ္ဌကထာကိုကြည့်​၍ ​ရဟန်း​တော်​အချင်းချင်းတရားစွဲ​ကောင်းပါသည်​။ရဟန်းများသည်​ လူများအား တရားစွဲလျှင်​​တော့ ဒုက္ကဋ်​အာပတ်​သင့်​ပါသည်​။

ရဟန်း​တော်​များသည်​ လူများအားတရားစွဲ၍ ဒဏ်​ရိုက်​ပါဟု ​ပြောဆိုပါက အစွဲခံရသူအားဒဏ်​ရိုက်​ပါက တန်းဖိုးလိုက်​၍ ဆုံးဖြတ်​ရပါမည်​။ငါးပဲ​အောက်​၊တပဲအထက်​ ဒဏ်​ရိုက်​ပါက ထုလ္လဇ္ဇဉ်း၊ ငါးပဲနှင့့်​ငါးပဲအထက်​ ဒဏ်​ရိုက်​ပါက ပါရာဇိကကျပါသည်​။

ဒဏ်​ရိုက်​ပါဟု မ​ပြောဘဲ တရားစွဲ၍ ဒဏ်​ရိုက်​ခံရပါက ဘဏ္ဍာစား​ပေး​လျှော်​ရပါမည်​။

မိမိစကားနား​ထောင်​​သော တရားသူကြီးကို ဒဏ်​​တော့မရိုက်​ပါနဲ့ မိမိပစ္စည်းကို​တော့ ပြန်​ယူ​ပေးပါဟု​ပြောဆိုသည်​ကို တရားသူကြီးက ဒဏ်​ရိုက်​ပါ​သောလည်း အာပတ်​မသင့်​ပါ။

ရဟန်း​တော်​က တရားစွဲ၍ ​ထောင်​ကျသူအတွက်​ကား ဒုက္ကဋ်​အာပတ်​နှင့်​ တရားစရိတ်​များကို ​ပေး​လျှော်​ရပါမည်​။

ရဟန်း​တော်​ကား ​ဒေသနာကြား၍ အပြစ်ကိုကုစားရပါမည်​။

ဓမ္မဝိနယသုတစုံလင်သင်တန်းကျောင်း

No comments:

Post a Comment