ဂိမန္တ နွေဥတု တပေါင်းလပြည့်+လကွယ် တစ်ပက္ခ
တန်ခူးလဆန်း+လပြည့် တစ်ပက္ခ
တန်ခူးလဆုတ်+လကွယ် တစ်ပက္ခ
ကဆုန်လဆန်း+လပြည့် တစ်ပက္ခ
ကဆုန်လဆုတ်+လကွယ် တစ်ပက္ခ
နယုန်လဆန်း+လပြည့် တစ်ပက္ခ
နယုန်လဆုတ်+လကွယ် တစ်ပက္ခ
ဝါဆိုလဆန်း+လပြည့် တစ်ပက္ခ စုစုပေါင်း ရှစ်ပက္ခ
ဝသန္တ မိုးဥတု ဝါဆိုလဆုတ်+လကွယ် တစ်ပက္ခ
ဝါခေါင်လဆန်း+လပြည့် တစ်ပက္ခ
ဝါခေါင်လဆုတ်+လကွယ် တစ်ပက္ခ
တော်သလင်းလဆန်း+လပြည့် တစ်ပက္ခ္ခ
တော်သလင်းလဆုတ်+လကွယ် တစ်ပက္ခ
သီတင်းကျွတ်လဆန်း+လပြည့် တစ်ပက္ခ
သီတင်းကျွတ်လဆုတ်+လကွယ် တစ်ပက္ခ
တန်ဆောင်မုန်းလဆန်း+လပြည့် တစ်ပက္ခ စုစုပေါင်းရှစ်ပက္ခ
ဟေမန္တ ဆောင်းဥတု တန်ဆောင်မုန်းလဆုတ်+လကွယ် တစ်ပက္ခ
နတ်တော်လဆန်း+လပြည့် တစ်ပက္ခ
နတ်တော်လဆုတ်+လကွယ် တစ်ပက္ခ
ပြာသိုလဆန်း+လပြည့် တစ်ပက္ခ
ပြာသိုလဆုတ်+လကွယ် တစ်ပက္ခ
တပို့တွဲလဆန်း+လပြည့် တစ်ပက္ခ
တပို့တွဲလဆုတ်+လကွယ် တစ်ပက္ခ
တပေါင်းလဆန်း+လပြည့် တစ်ပက္ခ စုစုပေါင်းရှစ်ပက္ခ
အရုဏ်တက်ချိန်၊ နေထွက်ချိန်၊ နေ၀င်ချိန်
(၁) တန်ခူး = ( ၅း၀၀ ) အရုဏ်တက် ။( ၆း၀၀ ) နေထွက် ၊ (၆း၀၀) နေ၀င် ။
(၂) ကဆုန် = (၄း၅၀ ) အရုဏ်တက် ။( ၅း၅၀) နေထွက် ၊ (၆း၁၀) နေ၀င် ။
(၃) နယုန် = ( ၄း၄၀ ) အရုဏ်တက် ။( ၅း၄၀) နေထွက် ၊ (၆း၂၀) နေ၀င် ။
(၄) ၀ါဆို = (၄း၃၀ ) အရုဏ်တက် ။( ၅း၃၀) နေထွက် ၊ (၆း၃၀) နေ၀င် ။
(၅) ၀ါခေါင် = ( ၄း၄၀ ) အရုဏ်တက် ။( ၅း၄၀) နေထွက် ၊ (၆း၂၀) နေ၀င် ။
(၆) တော်သလင်း = ( ၄း၅၀ ) အရုဏ်တက် ။( ၅း၅၀) နေထွက် ၊ (၆း၁၀) နေ၀င် ။
(၇) သီတင်းကျွတ် = ( ၅း၀၀ ) အရုဏ်တက် ။( ၆း၀၀) နေထွက် ၊ (၆း၀၀) နေ၀င် ။
(၈) တန်ဆောင်မုန်း= ( ၅း၁၀ ) အရုဏ်တက် ။( ၆း၁၀) နေထွက် ၊ (၅း၅၀) နေ၀င် ။
(၉) နတ်တော် = ( ၅း၂၀ ) အရုဏ်တက် ။( ၆း၂၀) နေထွက် ၊ (၅း၄၀) နေ၀င် ။
(၁၀) ပြာသို = ( ၅း၃၀ ) အရုဏ်တက် ။( ၆း၃၀) နေထွက် ၊ (၅း၃၀) နေ၀င် ။
(၁၁) တပို့တွဲ = ( ၅း၂၀ ) အရုဏ်တက် ။( ၆း၂၀) နေထွက် ၊ (၅း၄၀) နေ၀င် ။
(၁၂) တပေါင်း
=( ၅း၁၀ ) အရုဏ်တက် ။( ၆း၁၀) နေထွက် ၊ (၅း၅၀) နေ၀င် ။
မြန်မာအချိန်ဝေါဟာရများ
နံနက် ၀၄:၃၀ - ရောင်နီပေါ်ချိန်
နံနက် ၀၅:၂၀ - ဝေလီဝေလင်း၊ ကျီးမနိုးတနိုး
နံနက် ၀၅:၂၄ - နေထွက်ချိန်
နံနက် ၀၅:၃၀ - လင်းအားကြီး
နံနက် ၀၅:၄၀ - နေထွက်တပြူ
နံနက် ၀၆:၀၀ - မိုးစင်စင်လင်း
နံနက် ၀၉:၀၀ - နေထန်းတစ်ဖျား
နံနက် ၀၉:၃၀ - ဆွမ်းခံပြန်
နံနက် ၁၀:၃၀ - ဆွမ်းစားချိန်
နံနက် ၁၁:၀၀ - နေမွန်းလပ်
နေ့ ၁၂:၀၀ - နေမွန်းတည့်
နေ့ ၀၁:၀၀ - နေမွန်းတိမ်း
နေ့ ဝ၁:၃၀ - နေမွန်းလွဲ
ညနေ ၀၃:၃၀ - ညနေစောင်း
ညနေ ၀၄:၃၀ - ညနေအေး
ညနေ ၀၅:၀၀ - နေဝင်ဆည်းဆာ
ညနေ ၀၅:၂၀ - နေဝင်ဖြိုးဖျ
ညနေ ၀၅:၃၀ - နေဝင်ရီတရော
ညနေ ၀၅:၄၀ - နွားရိုင်းသွင်းချိန်
ညနေ ၀၅:၅၀ - ညီအကို မသိတသိ
ညနေ ၀၆:၀၀ - နေဝင်မိုးချုပ်
ညနေ ၀၆:၃၀ - ညချမ်း
ည ၀၇:၃၀ - သူငယ်အိပ်စက်
ည ၀၉:၀၀ - သက်ကြီးခေါင်းချ
ည ၁၀:၃၀ - ညဉ့်ဦးတွန်ချိန်
ည ၁၁:၀၀ - လုလင်ပြန်
ည ၁၂:၀၀ - သန်းခောင်ယံ၊ သန်းခေါင်ကြက်တွန်
ည ၁၂:၃၀ - ကြယ်မြီးတောင်
ည ၀၃:၀၀ - ကြက်ဦးတွန်
နံနက် ၀၄:၀၀ - လင်းကြက်ဆော်ချိန်
နံနက် ၀၅:၀၀ - အရုဏ်တက်

No comments:
Post a Comment