Monday, April 3, 2017
Tuesday, March 14, 2017
ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်
_____________________
* လူတချို့က ပြည့်စုံတဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်တွေက အမြဲနာကျင်မွန်းကျပ်နေတယ်။
ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး
"သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်"
"အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကိုရမလဲ သားကိုပြောပြပါ"
"ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို သားကို သိလာပါလိမ့်မယ်"
အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာရောက် တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီအိုမင်းနေတယ်။ မြင်းက လူငယ်ကို
"လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်" လို့မေးတယ်''
"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား"
"လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေးသောက်ဖို့ပဲသိခဲ့တ ယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့အစာကကျုပ်ပါးစပ်ရှေ့
အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တခြား ဘာကိုမှ
ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ
အပျော်ဆုံးလို့ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့
လူတွေကကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို
အလာဟဿ မသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့
ဥစ္စာပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံ့လ၊
ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်ပေးဆပ်မယ့်
ကိုယ့်ပျော်ရွှင်ခြင်းကို
ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်"
လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့ တော့ မြွေက
"ဘယ်သွားမလဲ" လို့ သူ့ကိုမေးခဲ့တယ်။
"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား"
"ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကိုကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက်မတော်ဘူး လို့
ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေမှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို
သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊
ကြောက်ခဲ့ရတယ်။ လူလေးရဲ့ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့
လူတွေကိုထိခိုက်နာကျင်အောင်
မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ
မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို
လူလေးရမှာဖြစ်တယ်"
မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။
"ဘယ်သွားမလို့လဲ.. ကောင်လေး"
"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား"
"ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တ ယ်။
မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျီတွေလည်း ပြဲရိလို့၊
စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံနဲ့ဆိုရင် လမ်းသွားလမ်းလာတွေက
မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက
မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊
မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ
မင်းပတ်ဝန်းကျင်ကအရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင်
ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်"
လူငယ်က သဘောပေါက်နားလည်စွာနဲ့ အိမ်ကိုပြန်ခဲ့တော့တယ်။
ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာမလိုပါဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်လိုက်တယ်။
ပျော်ရွှင်ခြင်းကိုတောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်ကို အရင်စစ်ဆေးပါလို့
မူရင်း--He Yue-Qing (何躍青) ပြုစုတဲ့ စိတ်အာဟာရကြက်ပေါင်းရည် စာအုပ်စာမူကို အနည်းငယ်ပြင်ဆင်ထားပါသည်။
* လူတချို့က ပြည့်စုံတဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်တွေက အမြဲနာကျင်မွန်းကျပ်နေတယ်။
ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။
အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး
"သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်"
"အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကိုရမလဲ သားကိုပြောပြပါ"
"ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို သားကို သိလာပါလိမ့်မယ်"
အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာရောက်
"လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်" လို့မေးတယ်''
"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
"လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေးသောက်ဖို့ပဲသိခဲ့တ
ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ
လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့
"ဘယ်သွားမလဲ" လို့ သူ့ကိုမေးခဲ့တယ်။
"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
"ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။
မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။
"ဘယ်သွားမလို့လဲ.. ကောင်လေး"
"ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ
"ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တ
လူငယ်က သဘောပေါက်နားလည်စွာနဲ့ အိမ်ကိုပြန်ခဲ့တော့တယ်။
ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာမလိုပါဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်လိုက်တယ်။
ပျော်ရွှင်ခြင်းကိုတောင့်တရင
မူရင်း--He Yue-Qing (何躍青) ပြုစုတဲ့ စိတ်အာဟာရကြက်ပေါင်းရည် စာအုပ်စာမူကို အနည်းငယ်ပြင်ဆင်ထားပါသည်။
အချစ်နည်းနည်းလျှော့
ဤ၌ အချစ်ဆိုသည်မှာ တဏှာချစ်သာတည်း၊ လောကမှာ တဏှာမကင်းကြသေးသူတိုင်း အချစ်မကင်းကြသေးပေ၊ လူကို ချစ်၍ ပစ္စည်းကို စုံမက်နေကြသည်၊ အမိ အဖ မောင်နှမမို့ ချစ်မဝနိုင် ရှိကြသည်၊ ဇနီးမယားနှင့် သမီးသားမို့ ချစ်အားတွေ ပိုကြပြန်သည်၊ ချစ်မိသည့် လူနှင့် ပတ်ဝန်းကျင်ကို မခွဲနိုင် မခွါရက် ရှိနေကြသည်၊ နေ့ရှိသရွေ့ အချစ်ကဗျာတွေ သီလျက် အချစ်လောကသို့ ချီတက်နေကြသည်။
သို့ပင် အချစ်သည်းနေကြသော်လည်း အချစ်၏ နိဂုံးကိုကား ဆွဲကြည့်မိကြပုံ မရပေ၊ တကယ်သာ အချစ်၏ နိဂုံးကို ဆွဲကြည့်မိမည်ဆိုပါက အချစ်နိဒါန်းပျိုးဖို့ လက်တွန့်မိကောင်း တွန့်မိကြပေမည်၊ အဘယ်ကြောင့်ဆိုသော် အချစ်၏နိဂုံးကား `အပြုံး` မဟုတ်၊ `အငိုအရှိုက်` သာ ဖြစ်နေသောကြောင့်တည်း။
မြတ်ဗုဒ္ဓက `ပိယဇာတိကာ သောကပရိဒေဝဒုက္ခ ဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာ = ပူဆွေးရ၊ ငိုကြွေးရ၊ ဒုက္ခဖြစ်ရ၊ စိတ်ညစ်ရ၊ အသည်းကျွမ်းရတယ်ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်ရတာ၊ ချစ်ခြင်းမှ အစပျိုးလာတာ` ဟု ဟောတော်မူခဲ့သည်၊ သို့ရာတွင် `အချစ်ကြောင့် ငိုရသည်` ဆိုသော မြတ်ဗုဒ္ဓ၏ စကားကို လက်မခံပဲ `အချစ်ကြောင့် ပျော်ရွှင်ရသည်` ဟုသာ အချစ်ဆရာကြီးများက ဆိုချင် ကြ၏၊ အချစ်၏ နိဂုံးမှာ အပြုံးသာဟု ထင်မှတ်လျက် ရှိနေကြသည်။
မြတ်ဗုဒ္ဓ၏ `အချစ်ကြောင့် ငိုရသည်` ဆိုသော ဟောမိန့်ချက်နှင့်စပ်၍ သဘောမကျ ကန့်ကွက်ခဲ့ကြသဖြင့် ရှင်းလင်းချေပခဲ့ရပုံ ဇာတ်လမ်းကလေးတစ်ခုမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ဗုဒ္ဓသည် သာဝတ္တိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးလျက်ရှိ၏၊ ဗုဒ္ဓထံ သာဝတ္တိမြို့မှ ဒကာတစ်ယောက် ရောက်လာသည်၊ ရှိခိုးဝပ်ချ၍ ခပ်မှိုင်မှိုင် ထိုင်နေသည်။
`ဘယ့်နှယ်လဲ ဒကာ မျက်နှာမသာမယာနဲ့ စိတ်ညစ်စရာ တွေ့နေသလား` ဟု ဗုဒ္ဓက မေးတော်မူရာ ....
`ချစ်မဝတဲ့ သားလှကလေးတစ်ယောက် သေဆုံးသွားသဖြင့် ဝမ်းနည်း ပူဆွေး ငိုကြွေးရပါကြောင်း` လျှောက်ထားလေသည်။
`အင်း ... ဒီလိုပဲ ဖြစ်ရမယ်၊ သောကပရိဒေဝ ဒုက္ခဒေါမနဿဥပါယာသ ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်ရတာပဲ၊ ချစ်ခြင်းမှ အစပျိုးခဲ့တာပဲ` ဗုဒ္ဓက တရားလမ်းကြောင်းဖြင့် မိန့်သည်။
`ဘယ့်နှယ် အရှင်ဘုရား သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ မဟုတ်နိုင်ပါ၊ တပည့်တော် ဒီစကား လက်မခံနိုင်ပါ၊ ချစ်ခြင်းကြောင့် ပျော်ရ ရွှင်ရခြင်းသာ ဖြစ်နိုင်ပါသည်။`
ထိုဒကာသည် ဗုဒ္ဓ၏ စကားကို ကန့်ကွက်၍ ထပြန်သွားလေ၏။ ထိုစဉ်က ဗုဒ္ဓနှင့် မလှမ်းမကမ်း သစ်ပင်ရိပ်အောက်မှာ ကစားသမားအချို့သည် ကြွေပစ်ကစားနေကြသည်။ ထိုဒကာသည် ကစားဝိုင်းသို့သွားပြီး `ရဟန်းဂေါတမက အချစ်ကြောင့် သောကပရိဒေဝ ဖြစ်တယ်၊ အချစ်ကြောင့် ငိုရတယ်` လို့ အမိန့်ရှိပုံ၊ သူက မဖြစ်နိုင်ဟု ကန့်ကွက်ပြီး အချစ်ကြောင့် ဝမ်းသာပျော်ရွှင်မှုသာ ဖြစ်နိုင်ကြောင်း ပြန်ပြီး လျှောက်ခဲ့ပုံတို့ကို ပြောပြရာ ကစားသမားများက သူ့ဘက်မှ ထောက်ခံကြသည်။
ဤသတင်းသည် သာဝတ္တိမြို့တွင်း ပျံ့နှံသွားသည်၊ နန်းတွင်းသို့ပင် ရောက်ရှိသွားသည်၊ ထိုအခါ ပသေနဒီ ကောသလ ဘုရင်ကြီးက မလ္လိကာမိဖုရားကို ခေါ်ပြီး `ငိုရတာဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်လို့ မင်းရဟန်းဂေါတမက ဟော ဆိုပါလား` ဟု ပြောသည်၊ `မြတ်စွာဘုရားက ဟောတယ်ဆိုရင် မမှားပါဘူး၊ ဒီတိုင်း ဖြစ်မှာပဲ` ဟု မလ္လိကာက အေးအေးဆေးဆေး ပြန်ပြောသည်။
`အေး ... မလ္လိကာကတော့ ဆရာပြောသမျှ မှန်ပါတယ်၊ မှန်ပါတယ် ဆရာ ဆိုတဲ့ တပည့်ကျနေတာပဲ၊ ရဟန်းဂေါတမ ဟောသမျှ အမှန်ချည်းပဲ၊ သွား သွား သွား၊ အလွန်မုန်းစရာကောင်းတဲ့ မလ္လိကာ` ဘုရင်ကြီးက စိတ်ဆိုးဆိုးနဲ့ အော်ငေါက်လွှတ်လိုက်သည်။
ထိုအခါ မလ္လိကာသည် အပြုံးမပျက် ပြန်လာခဲ့ပြီး နာဠိဇင်္ဃပုဏ္ဏားကို အပါးခေါ်ကာ `ဗုဒ္ဓဆီ သွားစမ်းပါ ဗြာဟ္မဏ၊ ကျွန်ုပ်စကားနဲ့ မလ္လိကာက မြတ်စွာဘုရားအား ရှိခိုးလိုက်ပါကြောင်း၊ ကျန်းမာရေး မေးလျှောက်လိုက်ပါကြောင်း လျှောက်ထားပါ၊ ပြီးတော့ ပူဆွေးရ ငိုကြွေးရတယ်ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်တယ်လို့ မြတ်စွာဘုရား ဟောပါသလား လို့လဲ လျှောက်ပါလေ၊ အဲသည်အခါမှာ မြတ်စွာဘုရား အမိန့်ရှိတာကို သေသေချာချာ မှတ်ခဲ့၊ ဘုရားဆိုတာ ဘယ်တော့မှ အမှားမဟောဘူး` ဟု မှာကြားလွှတ်လိုက်သည်။
နာဠိဇင်္ဃပုဏ္ဏားသည် ဗုဒ္ဓထံရောက်၍ မလ္လိကာ မှာလိုက်သမျှတို့ကို လျှောက်ထားသည်။ ထိုအခါ ဗုဒ္ဓက `ပူဆွေးရ ငိုကြွေးရတာဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ မှန်တယ်၊ ဒါကို နားလည်အောင် ရှင်းပြမယ်၊ ရှေးက ဒီ သာဝတ္တိမြို့မှာပဲ မိခင်သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးဟာ ပူဆွေးသောကရောက်ပြီး `ကျွန်မအမေ မမြင်ဘူးလားရှင်၊ ကျွန်မအမေများ မမြင်ဘူးလားရှင်` ဟု လူတကာ လျှောက်မေးပြီး အရူးမကလေး ဖြစ်သွားဘူးတယ်၊ ဒီလို ပူဆွေးငိုကြွေးရတာဟာ မိခင်အပေါ် ချစ်ခြင်းကြောင့် ဖြစ်တာပဲ မဟုတ်လား။`
`ဒီ သာဝတ္တိမြို့ကပဲ အမျိုးသမီးတစ်ဦးဟာ သူ့အိမ်သားနဲ့အတူ မိဘဆွေမျိုးများထံ သွားလည်တယ်၊ သူ့မိဘတွေက ဒီလူနဲ့ သဘောမတူဘူး၊ ဒီတော့ အတင်းခွဲပြီး သူတို့သဘောတူတဲ့ နောက်လူတစ်ယောက်နဲ့ နေရာချထားပေးဖို့ စီမံကြတယ်၊ အမျိုးသမီးက ဒီအကြောင်း သူ့ယောက်ျားကို ဖွင့်ပြောလိုက်တယ်၊ ယောက်ျားလုပ်သူမှာ ပူဆွေးသောကရောက်ပြီး နောက်ဘဝမှာ ဆုံကြစို့ဟုဆိုကာ သေကြောင်းကြံလိုက်တယ်၊ ဒီအဖြစ်အပျက်က သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ ထောက်ခံနေတယ်` ဗုဒ္ဓက ဤသို့ ရှင်းလင်း မိန့်ကြားတော်မူလေသည်။
နာဠိဇင်္ဃသည် ဗုဒ္ဓ၏ မိန့်ဆိုရှင်းလင်းချက်ကို မလ္လိကာအား ပြောကြားသည်။ မလ္လိကာသည် လိမ္မာဖျတ်လတ်ပါးနပ်သည့် မိဖုရားပီပီ ဘုရင်ကြီးထံ ပြုံးရွှင်စွာ ချဉ်းကပ်၍ ဤသို့ စကားစသည်။
`ဘယ့်နှယ်လဲ အရှင်မင်းတရား ဝဇီရီမင်းသမီးကို ချစ်တယ် မဟုတ်လား`
`ချစ်တာပေါ့ မလ္လိကာ`
`ဒါဖြင့် မပြောကောင်း ပြောကောင်း ခုနေများ ဝဇီရီမင်းသမီး နတ်ရွာစံသွားမယ်ဆိုရင် ပူဆွေး ငိုကြွေးရမှာပေါ့နော်`
`ပူဆွေးရ ငိုကြွေးရရုံ ဘယ်ကမလဲ၊ ငါ့အသက်တောင် ထိခိုက်သွားနိုင်တယ်`
`ခုလို မင်းတရား ပူဆွေး ငိုကြွေးရတယ်ဆိုတာ ဝဇီရီမင်းသမီးကို ချစ်လို့ပဲ မဟုတ်လား၊ ဒါကို ရည်ရွယ်ပြီး မြတ်စွာဘုရားက သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်လို့ ဟောခြင်းဖြစ်ပါတယ် အရှင်မင်းတရား`
မလ္လိကာက ခုလိုမေးပြီး လက်တွေ့ ရှင်းပြသောအခါ ကောသလဘုရင်ကြီးသည် သဘောကျကာ ကျေနပ်အားရလှသဖြင့် `အံ့စရာပဲ မလ္လိကာ အံ့စရာပဲ၊ ဗုဒ္ဓဟာ အလွန် ထိုးထွင်းမြင်တတ်ပါပေတယ်၊ ကဲ ... နှုတ်ကျင်းဖို့ ရေ တစ်ခွက်ပေးစမ်း` ဟု ပြောဆို နှုတ်ကျင်းပြီးနောက် ဗုဒ္ဓရှိရာ တရိုတသေ လက်အုပ်ချီလျက် `နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ` ဟု ဝမ်းသာရွှင်မြူး ဥဒါန်းကျူးလိုက်၏။
စာဖတ်သူသည် အချစ်၏ နိဂုံးမှာ အပြုံးမဟုတ်၊ အငိုအရှိုက်သာ ဖြစ်ကြောင်း သဘောပေါက်ပြီးဖြစ်ရာ စိုးရိမ် ပူဆွေးရ၊ ငိုကြွေးရ၊ ဒုက္ခဖြစ်ရ၊ စိတ်ညစ်ရ၊ အသည်းကျွမ်းရ ဆိုသည့် ဒုက္ခအဝဝမှ သက်သာရာရလိုပါလျှင် အချစ်နည်းနည်းလျှော့ဖို့ လိုပါသတည်း။ ။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၁)၊ အမှတ်(၉)
ဘုန်းဘုန်းက တရားထိုင်တဲ့ ပုဂ္ဂိုလ်တွေကိုမေးချင်တာ။
တစ်နာရီ ထိုင်မယ်လို့ ဆုံးဖြတ်ချက်ချတယ် မဟုတ်လား။
(တင်ပါ့ဘုရား။….)
ကဲ…. ထိုင်ကြပြီ၊ ရှုကြပြီဆိုပါတော့။ ကိုယ်တိုင်ကို ပြန်မေးကြရအောင်နော်။ ဟာကွက်လေး ကိုဖြည့်ကြ ရအောင်နော်။
တစ်နာရီ အတွင်းမှာ ငါသေမယ် လို့ထင်ရဲ့လား။
(မထင်ပါဘူး ဘုရား။)
ဒါဖြင့်မသေသေးဘူးပေါ့။
မသေတဲ့ငါ တစ်နာရီ ပြည့်အောင် ထိုင်မယ်ဆိုတော့ ဥပါဒါန်ပါမနေဘူးလား။
(ပါ ပါတယ်ဘုရား။…)
ပါတယ်နော်၊ ဒါဆိုရင် ဝိပဿနာဉာဏ် လမ်းဆုံးကို ရောက်ပါ့မလား။ (မရောက်ပါဘူးဘုရား။)
သေချာတယ်နော်။ -ဟာ-တာကို ဖြည့်ကြနော်။
မိုးကုတ်ဆရာတော်ဘုရားကြီး ပြောခဲ့တဲ့စကားက ဝိပဿနာ ဆိုတာ ကိုယ့်အသေကို ကိုယ် ရှုတာတဲ့ ။ သေသေချာချာ မှတ်ပါ။ မမေ့ပါနဲ့။
တရားထိုင်နေတဲ့ ပုဂ္ဂိုလ်ဟာ ဒီတစ်နာရီအတွင်း မှာသေမယ် မထင်ဘူး မဟုတ်လား။
( မထင်ပါဘူး ဘုရား။…)
ဒီတော့မသေမဲ့ ငါဟာ ဒီတစ်နာရီအတွင်းမှာ မဂ်ရအောင်လုပ်မယ်ဆိုရင် ဟုတ်ပါ့မလား။
(မဟုတ်ပါဘူးဘုရား….။)
ဆုံးဖြတ်ချက်ချတာ လွဲမနေဘူးလား။
(လွဲနေပါတယ်ဘုရား)။
ဒီတော့ဥပါဒါန်ပါတာ သေချာနေပြီနော်။ ငါနဲ့ သွားနေတာကိုး။
ဉာဏ်နဲ့ ငါနဲ့ ရော သွားတယ်ခေါ်တယ်။ ဉာဏ်နေရာမှာ ငါရောက်နေတယ် လို့ မှတ်ရမယ်။
သေသေချာချာ မှတ်နော်။ နှစ်ပေါင်းများစွာ တရားကျင့်ပြီး ၊ တစ်ချို့ ခရီးမရောက်တာသည် အဲဒါ ပါပါတယ်။ ကပ်ချော်နေရင် ခရီးမရောက်ဘူး။ နားလည်ကြရဲ့လား။
(ပိုင်းလော့ဆရာတော်ဘုရားကြီး)

(ပိုင်းလော့ဆရာတော်ဘုရားကြီ
“သဲအင်းဂူဆရာတော်ဘုရားကြီး၏ အတိတ်ဝဋ်ကြွေးတော်နှင့် ယနေ့ ခေတ် ဆင်ခြင်ဖွယ်”
သူများဆဲတာကို
အပြစ်မပြောဘူး။ ဦးဇင်းက အတိတ်က သူများကို ဆဲခဲ့တဲ့ အပြစ်ကိုသိတယ်။
ငါ့ကိုက မကောင်းတဲ့ကံ၊ သူများကို ဆဲခဲ့လို့ အခုငါခံ။ အတိတ်အကြောင်း
သိချင်လား ဒကာကြီး။
ဦးဇင်းက ဝေဿဘူဘုရားလက်ထက်က ရှင်ဘုရင်ဖြစ်ခဲ့တယ်။ ထီးနန်းအုပ်ချုပ်သူ ဘုရင်။ ပိဋကတ်သုံးပုံပြောင်းပြန် ဘယ်ပြန်ညာပြန်လှန်ခဲ့တယ်။ အတတ်မျိုးစုံလည်း တတ်ခဲ့တယ်။ ဘုရင်ကလည်း အကြီးစား၊ ဦးဇင်းအတိတ်က ကံပြောတာ။ သူများကို ဆဲခဲ့တာ ပြောတာ။ကိုယ့်ထက် တတ်တဲ့သူ မရှိဘူးလို့  ဒီလို မာန်မာနတရားတွေ
လက်မကြီးထောင်ခဲ့တယ်။ အစွယ်ကြီးချိတ်ခဲ့တယ်။
မာန်တွေ မာန်တွေ၊ ငါ့ထက်တတ်တဲ့သူမရှိဘူးလို့ ဒီလို အစွယ်ကြီး ချိတ်ခဲ့တယ်။အဲဒီတော့ ဘုရင်လည်း ဖြစ်နေတော့ ဒကာကြီးရဲ့ ပိဋကတ်သုံးပုံ နှုတ်ငုံ အာဂုံဆောင်နိုင်တဲ့ ရှင်ဘုရင်။ ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်လာတဲ့ ပုဂ္ဂိုလ်ဆိုတော့ သံဃာတော်အရှင်မြတ်များတွေ ကြည့်လိုက်တဲ့ အချိန်ခါကျတော့ ငါ့လောက် စာမတတ်ပါဘူးလို့ ဒီလိုသွားပြီးတော့ ပြစ်မှားတယ်၊ သံဃာတွေကို။
ငါ့လောက် မတတ်ပါဘူးကွာ၊ ငါမေးလိုက်ချင်တယ်၊
အဲဒီလို ဒကာကြီးရေ။ ငါမေးလိုက်ရင် ငါ့အမေး မခံနိုင်ပါဘူး၊ ငါ့လောက် မတတ်ပါဘူး၊ အဲဒီလို သွားပြီးတော့ ၀စီဗေဒကံ မျက်ခြင်းကြောင့်မလို့ ဦးဇင်းက အတိတ်ကာလတုန်းက သံဃာတော်အရှင်မြတ်များ အဲဒီလို ဆဲခဲ့တယ်။
အခုလည်း ဦးပဇင်းကို ဘာတတ်တာလဲကွာဆို အဆဲခံရတာ။ ဦးပဇင်းကံက အတိတ်ကမကောင်းခဲ့လို့  ဦးပဇင်းက ဆဲခဲ့လို့ အခုသူများက ကိုယ့်ဆဲတာ။ ကိုယ်က မကောင်းတာ ဒကာကြီး။ သူများက မကောင်းတာ မဟုတ်ပါဘူး။ ဦးပဇင်းရဲ့ ကံပါ။
ငါ့လောက်မတတ်ပါဘူး၊ ငါမေးလိုက်ရင် အမေးမခံနိုင်ဘူးပါဘူးဆိုတဲ့ လောဘ ဒေါသ မောဟ မာနတရားတွေ ထောင်လွှားပြီးတော့ လာခဲ့တယ်။
အဲဒီဘ၀က ကျသွားပြန်တော့ ဒကာကြီးရေ ငါ့လောက်မတတ်ဘူးဆိုတဲ့ဟာ ငရဲကျသွားတာပဲ။ ငရဲမှာ ခံလိုက်ရတာ မပြောချင်ဘူး ဒကာကြီးရေ။ အဲတော့ သိတော့ ကြောက်တာပေါ့ ဒကာကြီးရာ။
အတိတ်က ခံလာရတဲ့ဟာတွေ မြင်တော့ ကြောက်တယ်။ အတိတ်က ခံလာရတဲ့ဟာ မမြင်တော့ ဘယ်သူမှ မကြောက်ဘူး။ လက်ဖက်ရည်ဆိုင်ထိုင်ရောင်းေ နတဲ့
ပုဂ္ဂိုလ်ကလည်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း ငါဒီကနေ့ ဘယ်လောက်ရမလဲ
ဒါပဲတွက်ပြီးတော့ နေတာ သေတော့ အပါယ်ဆင်းမှာကို မသိဘူး။ ဘာကြောင့်
မသိသလဲဆိုတော့ သွားရာလမ်းကြောင်း မသိဘူး။ မသိကြတော့ ဒီလိုပဲ ပျော်ပျော်ကြီး
နေတာပေါ့။
စာတတ်တဲ့ပုဂ္ဂိုလ်တွေက စာနဲ့ နှိုင်းတယ်။ စာနဲ့ မနှိုင်းနဲ့ ခန္ဓာနဲ့ နှိုင်း။ ထိုင်နေတုန်း ခန္ဓာထဲကြည့်သဘောတွေ့ လိမ့်မယ်။ စာနဲ့ သွားမဟပ်လိုက်နဲ့ ၊ စာက ပညတ်၊ ခန္ဓာက ပရမတ်။ ပရမတ်သဘောတရားကို မြင်အောင်ကြည့်။
ကိုယ်သိရမှာက ခန္ဓာကိုကြည့် သဘောသိမယ်။
ဘုရားအသိကို အဂ္ဂသာဝက မဟာသာဝက မသိနိုင်ဘူး။ အဂ္ဂသာဝကအသိကို ပကတိသာဝက မသိဘူး။
ပကတိသာဝကအသိကို အနာဂမ်က သိပါမလား။
အနာဂမ်အသိကို သကဒါဂမ်က သိပါမလား။
သကဒါဂမ် အသိကို သောတာပန်က သိပါမလား။
သောတာပန်အသိကို အန္ဓပုထုဇဉ်က သိပါမလား။
အဲ အခုပုဂ္ဂိုလ်တွေက သောတာပန်လည်းမဟုတ် ဘာမှလည်း မဟုတ်ဘဲနဲ့ ပေတံတွေနဲ့ ထောက်လိုက်ကြတာ။
ကိုယ်ကလည်း ဘာမှမသိဘူး။ စာအုပ်ကလေးကြည့်ပြီး
ပေတံနဲ့ ထောက်လို့ ဘယ်ရမလဲ၊ ခန္ဓာကိုကြည့်ပြီး ထောက်။ ခန္ဓာအသိနဲ့ ထောက်လိုက်ရင် သိပ်ကောင်းတယ်။ မကျင့်လည်း မကျင့်ဘဲနဲ့ ပေတံနဲ့ ထောက်လို့ ရမလား။
ဦးပဇင်း ၀စီဗေဒကံထိုက်လို့ အခုထက်ထိ စာကို ပါဠိလို မရွတ်တတ်ဘူး။ ဒါကြောင့်မို့ အခုလာရောက်တဲ့ ဒကာဒကာမတွေ ကိုယ်လည်း မသိဘဲနဲ့ သူများ များ ပေတံနဲ့ မထောက်လိုက်နဲ့ ၊ ၀စီဗေဒကံများ မမျက်လိုက်နဲ့ ၊ စာမတတ်တဲ့ကောင်ပဲ သွားမလုပ်လိုက်နဲ့နောက်များ ကိုယ်စာမတတ်ဘဲဖြစ်လိမ့်ဦးမ ယ်။ ၀စီဗေဒကံ မျက်တိုင်းရှိတယ်။ အဲဒီတော့ မမျက်ကြနဲ့ ။
ဝိပဿနာဟာ အမြတ်ဆုံးတရားပဲ။ ကျင့်တုန်းများ သေသွားနတ်ပြည်သွားတာပဲ။ မကျင့်ဘဲနဲ့ နာရုံပဲနာပြီးများ မနေကြနဲ့ ၊ ကျင့်ကြ ကျင့်ရင် အပါယ်ဘယ်တော့မှ မသွားဘူး။ မကျင့်ဘဲပုဂ္ဂိုလ်ကတော့ နာရုံသက်သက်နဲ့ တို့ လည်း သိထားတာပဲလို့ မလုပ်နဲ့ ၊ သေတော့လူးလှိမ့်သေရမယ်သာ မှတ်။
သိလို့ ပြောတာ။ သေမှာကတော့ ကျိန်းသေတယ်၊
ဒီရုပ်နဲ့ ဒီနာမ်ဖြစ်လာ သေမှာပဲ။ သေပင်သေရငြားသော်လည်း အသိလေးနဲ့ သေရရင် မမြတ်ဘူးလား။ အသိမရှိတဲ့ပုဂ္ဂိုလ် မောဟနဲ့ သေလို့ ရှိရင် လူရော နတ်ရော ဗြဟ္မာရော သီလရှင်ရော ဘုန်းကြီးရော မောဟနဲ့ သေမယ်ဆိုလို့ ရှိရင် ရုပ်လည်းမသိ နာမ်လည်းမသိ ပညတ် ပရမတ်လည်း မသိ၊ သဘောတရားလည်း မသိ မသိတဲ့ပုဂ္ဂိုလ် မှန်သမျှကတော့ လေးဘက်ထောက် လှိမ့်သာချတော့။
လူသေလို့ လူဖြစ်မယ်များ ထင်သလား၊ ဘယ်တော့မှ မဖြစ်ဘူး။ လူသေလို့ လူဖြစ်တာ၊ လူသေလို့ နတ်ဖြစ်တာ၊ လူသေလို့ ဗြဟ္မာဖြစ်တာ၊ လူသေလို့ နိဗ္ဗာန်ဖြစ်တာ၊ ဒါကတစ်မျိုးစီ စိတ်တွေ။ စိတ်တွေ စိတ်တွေ၊ လူသေလို့ အပါယ်ကျတာ စိတ်တွေပဲ။ အဲတော့ လူတော့ လူပဲ ခေါ်ဝေါ်သမုတ်ထားတာ ပညတ်ပဲ။ စိတ်ကရှိသေးတယ် ပြိတ္တာစိတ် တိရစ္ဆာန်စိတ် ငရဲစိတ်၊ လူစိတ် နတ်စိတ် ရှိသေးတယ်၊ ဗြဟ္မာစိတ်ရှိသေးတယ်၊ နိဗ္ဗာန်စိတ် ရှိတယ်။ အဲဒီစိတ်တွေက သူ့ စိတ်နဲ့ သူ ဘုရားက စိတ်ပဲဟောတယ်။
စိတ်ကိုတော့ ဘယ်သူမှမသိဘူး၊ ပညတ်ကြီးကြည့်ပြီးတော့ တောပြော တောင်ပြော မပြောကြနဲ့ ၊ ကျင့်တဲ့သူတွေက အသေခံကျင့်ပြီးတော့ လုပ်ကြတာ၊ မကျင့်တဲ့သူတွေက တောပြောတောင်ပြော ပြောတော့ မစားရဘဲနဲ့ အပြစ်ခံရမယ်။ ဒီသာသနာကြီး မှီတဲ့အချိန်ခါမယ် မဂ်တားဖိုလ်တားတော့ မခံကြနဲ့ ။ ကိုယ်လည်း ဘာမှသိတာမဟုတ်ဘူး၊ ကိုယ်ကသိတယ်လို့ ထင်နေတယ်၊ မသိဘူး၊ သိတယ်ဆိုလို့ ရှိရင် သူများအတင်းမပြောဘူး။
သိရင်ကြောက်တယ် ၊ ကိုယ့်အပြစ်သာပြောတယ်၊
သူများအတင်းမပြောဘူး။
(သဲအင်းဂူဆရာတော်ဘုရားကြီး ၂၆-၃-၁၉၆၉ နေ့ တွင်ဟောကြားတော်မူသော မဂ်လေးပါးတရားတော်မှ)
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
ဦးဇင်းက ဝေဿဘူဘုရားလက်ထက်က ရှင်ဘုရင်ဖြစ်ခဲ့တယ်။ ထီးနန်းအုပ်ချုပ်သူ ဘုရင်။ ပိဋကတ်သုံးပုံပြောင်းပြန် ဘယ်ပြန်ညာပြန်လှန်ခဲ့တယ်။ အတတ်မျိုးစုံလည်း တတ်ခဲ့တယ်။ ဘုရင်ကလည်း အကြီးစား၊ ဦးဇင်းအတိတ်က ကံပြောတာ။ သူများကို ဆဲခဲ့တာ ပြောတာ။ကိုယ့်ထက် တတ်တဲ့သူ မရှိဘူးလို့  ဒီလို မာန်မာနတရားတွေ
လက်မကြီးထောင်ခဲ့တယ်။ အစွယ်ကြီးချိတ်ခဲ့တယ်။
မာန်တွေ မာန်တွေ၊ ငါ့ထက်တတ်တဲ့သူမရှိဘူးလို့ ဒီလို အစွယ်ကြီး ချိတ်ခဲ့တယ်။အဲဒီတော့ ဘုရင်လည်း ဖြစ်နေတော့ ဒကာကြီးရဲ့ ပိဋကတ်သုံးပုံ နှုတ်ငုံ အာဂုံဆောင်နိုင်တဲ့ ရှင်ဘုရင်။ ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်လာတဲ့ ပုဂ္ဂိုလ်ဆိုတော့ သံဃာတော်အရှင်မြတ်များတွေ ကြည့်လိုက်တဲ့ အချိန်ခါကျတော့ ငါ့လောက် စာမတတ်ပါဘူးလို့ ဒီလိုသွားပြီးတော့ ပြစ်မှားတယ်၊ သံဃာတွေကို။
ငါ့လောက် မတတ်ပါဘူးကွာ၊ ငါမေးလိုက်ချင်တယ်၊
အဲဒီလို ဒကာကြီးရေ။ ငါမေးလိုက်ရင် ငါ့အမေး မခံနိုင်ပါဘူး၊ ငါ့လောက် မတတ်ပါဘူး၊ အဲဒီလို သွားပြီးတော့ ၀စီဗေဒကံ မျက်ခြင်းကြောင့်မလို့ ဦးဇင်းက အတိတ်ကာလတုန်းက သံဃာတော်အရှင်မြတ်များ အဲဒီလို ဆဲခဲ့တယ်။
အခုလည်း ဦးပဇင်းကို ဘာတတ်တာလဲကွာဆို အဆဲခံရတာ။ ဦးပဇင်းကံက အတိတ်ကမကောင်းခဲ့လို့  ဦးပဇင်းက ဆဲခဲ့လို့ အခုသူများက ကိုယ့်ဆဲတာ။ ကိုယ်က မကောင်းတာ ဒကာကြီး။ သူများက မကောင်းတာ မဟုတ်ပါဘူး။ ဦးပဇင်းရဲ့ ကံပါ။
ငါ့လောက်မတတ်ပါဘူး၊ ငါမေးလိုက်ရင် အမေးမခံနိုင်ဘူးပါဘူးဆိုတဲ့
အဲဒီဘ၀က ကျသွားပြန်တော့ ဒကာကြီးရေ ငါ့လောက်မတတ်ဘူးဆိုတဲ့ဟာ ငရဲကျသွားတာပဲ။ ငရဲမှာ ခံလိုက်ရတာ မပြောချင်ဘူး ဒကာကြီးရေ။ အဲတော့ သိတော့ ကြောက်တာပေါ့ ဒကာကြီးရာ။
အတိတ်က ခံလာရတဲ့ဟာတွေ မြင်တော့ ကြောက်တယ်။ အတိတ်က ခံလာရတဲ့ဟာ မမြင်တော့ ဘယ်သူမှ မကြောက်ဘူး။ လက်ဖက်ရည်ဆိုင်ထိုင်ရောင်းေ
စာတတ်တဲ့ပုဂ္ဂိုလ်တွေက စာနဲ့ နှိုင်းတယ်။ စာနဲ့ မနှိုင်းနဲ့ ခန္ဓာနဲ့ နှိုင်း။ ထိုင်နေတုန်း ခန္ဓာထဲကြည့်သဘောတွေ့ လိမ့်မယ်။ စာနဲ့ သွားမဟပ်လိုက်နဲ့ ၊ စာက ပညတ်၊ ခန္ဓာက ပရမတ်။ ပရမတ်သဘောတရားကို မြင်အောင်ကြည့်။
ကိုယ်သိရမှာက ခန္ဓာကိုကြည့် သဘောသိမယ်။
ဘုရားအသိကို အဂ္ဂသာဝက မဟာသာဝက မသိနိုင်ဘူး။ အဂ္ဂသာဝကအသိကို ပကတိသာဝက မသိဘူး။
ပကတိသာဝကအသိကို အနာဂမ်က သိပါမလား။
အနာဂမ်အသိကို သကဒါဂမ်က သိပါမလား။
သကဒါဂမ် အသိကို သောတာပန်က သိပါမလား။
သောတာပန်အသိကို အန္ဓပုထုဇဉ်က သိပါမလား။
အဲ အခုပုဂ္ဂိုလ်တွေက သောတာပန်လည်းမဟုတ် ဘာမှလည်း မဟုတ်ဘဲနဲ့ ပေတံတွေနဲ့ ထောက်လိုက်ကြတာ။
ကိုယ်ကလည်း ဘာမှမသိဘူး။ စာအုပ်ကလေးကြည့်ပြီး
ပေတံနဲ့ ထောက်လို့ ဘယ်ရမလဲ၊ ခန္ဓာကိုကြည့်ပြီး ထောက်။ ခန္ဓာအသိနဲ့ ထောက်လိုက်ရင် သိပ်ကောင်းတယ်။ မကျင့်လည်း မကျင့်ဘဲနဲ့ ပေတံနဲ့ ထောက်လို့ ရမလား။
ဦးပဇင်း ၀စီဗေဒကံထိုက်လို့ အခုထက်ထိ စာကို ပါဠိလို မရွတ်တတ်ဘူး။ ဒါကြောင့်မို့ အခုလာရောက်တဲ့ ဒကာဒကာမတွေ ကိုယ်လည်း မသိဘဲနဲ့ သူများ များ ပေတံနဲ့ မထောက်လိုက်နဲ့ ၊ ၀စီဗေဒကံများ မမျက်လိုက်နဲ့ ၊ စာမတတ်တဲ့ကောင်ပဲ သွားမလုပ်လိုက်နဲ့နောက်များ
ဝိပဿနာဟာ အမြတ်ဆုံးတရားပဲ။ ကျင့်တုန်းများ သေသွားနတ်ပြည်သွားတာပဲ။ မကျင့်ဘဲနဲ့ နာရုံပဲနာပြီးများ မနေကြနဲ့ ၊ ကျင့်ကြ ကျင့်ရင် အပါယ်ဘယ်တော့မှ မသွားဘူး။ မကျင့်ဘဲပုဂ္ဂိုလ်ကတော့ နာရုံသက်သက်နဲ့ တို့ လည်း သိထားတာပဲလို့ မလုပ်နဲ့ ၊ သေတော့လူးလှိမ့်သေရမယ်သာ မှတ်။
သိလို့ ပြောတာ။ သေမှာကတော့ ကျိန်းသေတယ်၊
ဒီရုပ်နဲ့ ဒီနာမ်ဖြစ်လာ သေမှာပဲ။ သေပင်သေရငြားသော်လည်း အသိလေးနဲ့ သေရရင် မမြတ်ဘူးလား။ အသိမရှိတဲ့ပုဂ္ဂိုလ် မောဟနဲ့ သေလို့ ရှိရင် လူရော နတ်ရော ဗြဟ္မာရော သီလရှင်ရော ဘုန်းကြီးရော မောဟနဲ့ သေမယ်ဆိုလို့ ရှိရင် ရုပ်လည်းမသိ နာမ်လည်းမသိ ပညတ် ပရမတ်လည်း မသိ၊ သဘောတရားလည်း မသိ မသိတဲ့ပုဂ္ဂိုလ် မှန်သမျှကတော့ လေးဘက်ထောက် လှိမ့်သာချတော့။
လူသေလို့ လူဖြစ်မယ်များ ထင်သလား၊ ဘယ်တော့မှ မဖြစ်ဘူး။ လူသေလို့ လူဖြစ်တာ၊ လူသေလို့ နတ်ဖြစ်တာ၊ လူသေလို့ ဗြဟ္မာဖြစ်တာ၊ လူသေလို့ နိဗ္ဗာန်ဖြစ်တာ၊ ဒါကတစ်မျိုးစီ စိတ်တွေ။ စိတ်တွေ စိတ်တွေ၊ လူသေလို့ အပါယ်ကျတာ စိတ်တွေပဲ။ အဲတော့ လူတော့ လူပဲ ခေါ်ဝေါ်သမုတ်ထားတာ ပညတ်ပဲ။ စိတ်ကရှိသေးတယ် ပြိတ္တာစိတ် တိရစ္ဆာန်စိတ် ငရဲစိတ်၊ လူစိတ် နတ်စိတ် ရှိသေးတယ်၊ ဗြဟ္မာစိတ်ရှိသေးတယ်၊ နိဗ္ဗာန်စိတ် ရှိတယ်။ အဲဒီစိတ်တွေက သူ့ စိတ်နဲ့ သူ ဘုရားက စိတ်ပဲဟောတယ်။
စိတ်ကိုတော့ ဘယ်သူမှမသိဘူး၊ ပညတ်ကြီးကြည့်ပြီးတော့ တောပြော တောင်ပြော မပြောကြနဲ့ ၊ ကျင့်တဲ့သူတွေက အသေခံကျင့်ပြီးတော့ လုပ်ကြတာ၊ မကျင့်တဲ့သူတွေက တောပြောတောင်ပြော ပြောတော့ မစားရဘဲနဲ့ အပြစ်ခံရမယ်။ ဒီသာသနာကြီး မှီတဲ့အချိန်ခါမယ် မဂ်တားဖိုလ်တားတော့ မခံကြနဲ့ ။ ကိုယ်လည်း ဘာမှသိတာမဟုတ်ဘူး၊ ကိုယ်ကသိတယ်လို့ ထင်နေတယ်၊ မသိဘူး၊ သိတယ်ဆိုလို့ ရှိရင် သူများအတင်းမပြောဘူး။
သိရင်ကြောက်တယ် ၊ ကိုယ့်အပြစ်သာပြောတယ်၊
သူများအတင်းမပြောဘူး။
(သဲအင်းဂူဆရာတော်ဘုရားကြီး ၂၆-၃-၁၉၆၉ နေ့ တွင်ဟောကြားတော်မူသော မဂ်လေးပါးတရားတော်မှ)
မေတ္တာဖြင့် ဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
ပျက်စီးခြင်း လေးပါး နှင့် တရားလေးပါး
ထုလ္လကောဋ္ဌိက
နိဂုံးမှ အမျိုးကောင်းသား ရဋ္ဌပါလသည် မြတ်စွာဘုရား အထံ၌ ရှင်အဖြစ်၊
ရဟန်းအဖြစ်ကို ရပြီး ပြင်းစွာအားထုတ်လျက် ရဟန္တာဖြစ်တော်မူသည်။
ထိုရဟန္တာအသျှင် ရဋ္ဌပါလသည် ထုလ္လကောဋ္ဌိက နိဂုံး ကောရဗျမင်း၏ မိဂဓီရဥယျာဉ်တွင်
သီတင်းသုံးတော်မူစဉ် ကောရဗျမင်းသည် ချဉ်းကပ်ဖူးမြော်ပြီး အသျှင်ရဋ္ဌပါလအား---
“အသျှင်ရဋ္ဌပါလ---အိုမှုဟူသော ပျက်စီးခြင်း၊ နာမှုဟူသော မျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ဆွေမျိုးပျက်စီးခြင်း ဟူသော ပျက်စီးခြင်းလေးပါးနှင့် ပြည့်စုံသောသူ အချို့တို့သည်သာ ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ပြီး လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြပါကုန်၏။ ထိုလေးပါးသော ပျက်စီးခြင်းတို့သည် အသျှင်ရဋ္ဌပါလ၌ မရှိကုန်၊ အသျှင်သည် အဘယ်အကျိုးကိုသိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း”ဟု လျှောက်၏။
မင်းကြီး---သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားသည် လေးပါးသောတရားအကျဉ်း တို့ကို ညွှန်ပြတော်မူ၏၊ ငါသည် ယင်းတရားတို့ကို သိ၍ မြင်၍ ကြား၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ အဘယ်လေးပါးတို့နည်း ဟူမူ---
မင်းကြီး---အိုခြင်း သေခြင်းသည် လူအပေါင်းကို ဆောင်သောကြောင့် အမြဲမတည်ဟူ၍ လူအပေါင်းသည် ခိုကိုးရာ မရှိ၊ အားထားရာ မရှိဟူ၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်လွှတ်၍ သွားရ၏-ဟူ၍ လူအပေါင်းတို့သည် အလိုမပြည့်၊ ယုတ်လျော့လျက်သာ ရှိ၏၊ ရောင့်ရဲမှု မရှိ၊ တဏှာ၏ကျွန်တည်း-ဟူ၍ ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ညွှန်ပြ၏”ဟုဆိုပြီး
---“နှစ်ဆယ် အစိတ်အရွယ်က သင်မင်းကြီးသည် ဆင်စီး မြင်းစီး ဓားလှံ လေးအတတ်တို့ တတ်မြောက်ပြီး၍ စစ်မြေပြင်၌ ကျင်လည်နိုင်သော အတ္တဘောစွမ်းအား ရှိခဲ့ဖူးသည် မဟုတ်ပါလော၊ ယခု ထိုစွမ်းအား ရှိသေး၏လော” ဟုမေး၏၊
---“အရှင်ရဋ္ဌပါလ၊ မဖြစ်နိုင်တော့ပါ၊ ယခုအခါ အိုမင်းကြီးမြင့်၍ နောက်ဆုံးအရွယ်ရောက်ပါပြီ၊ ရှစ်ဆယ်အရွယ် ရှိပါပြီ”ဟု လျှောက်၏၊
“မင်းကြီး---မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ အိုခြင်း၊ သေခြင်းသည် လူအပေါင်းကို ဆောင်သောကြောင့် အမြဲမတည်ဟု ဟောတော်မူ၏”
“မင်းကြီးသည် သက်သာရာ မရအောင် နာကျင်သော အနာတစုံတခု ဖြစ်ဖူး၏လော”ဟုမေး၏၊
“ဖြစ်ဖူးပါ၏”ဟု လျှောက်၏၊
“သင်မင်းကြီးသည် အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို အမောင်တို့ ငါခံစားရသည့် ဝေဒနာ ပေါ့ပါးသက်သာအောင် သင်တို့သည် ခွဲယူ၍ ခံကြပါကုန်”ဟု ဆို၍ ရပါလတံ့လော”
“အသျှင်ရဋ္ဌပါလ မရနိုင်ပါ”
“မင်းကြီး---မြတ်စွာဘုရားသည် ဤသို့သဘောရှိသောအကြောင်းကို ရည်ရွယ်၍ လူအပေါင်းသည် ခိုကိုးရာ မရှိ၊ အားထားရာ မရှိ-ဟု ဟောတော်မူ၏၊
“သင်မင်းကြီးသည် ယခုဘဝ၌ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားဘိသကဲ့သို့ တမလွန်လောက၌လည်း ထို့အတူသာလျှင်စံပယ်ခံစားရအံ့ဟု
သင်မင်းကြီး ရနိုင်ပါမည်လော၊ ထိုသို့မဟုတ် တပါးသောသူတို့သည် ဤစည်းစိမ်ကို
သုံးဆောင်၍ သင်မင်းကြီးမှာမူ ကံအားလျော်စွာ သွားရမည် မဟုတ်ပါလော။
“အသျှင်ရဋ္ဌပါလ-ကျွန်ုပ်မှာ ကံအားလျော်စွာသာ သွားရပါမည်”
“မင်းကြီး မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာတို့ကို စွန့်ပစ်ခဲ့၍ တမလွန်လောကသို့ သွားရ၏ဟု ဟောတော်မူ၏။
“မင်းကြီးသည် စည်ပင်ဝပြောသော ကုရုတိုင်းကို စိုးအုပ်၍နေသည် မဟုတ်ပါလော”
“အသျှင် မှန်ပါ၏”
ယုံကြည်သင့်၍ ခိုင်လုံသော စကားရှိသော ယောက်ျားတယောက် တယောက်တို့သည် အရှေ့ အနောက် မြောက် တောင်အရပ်မှ သမုဒ္ဒရာတဖက်ကမ်းမှလာ၍ သင်မင်းကြီးအား ချဉ်းကပ်ပြီး ထိုအရပ်တို့၌ ပြည့်လည်းပြည့်စုံ၍ စည်ပင်ဝပြောကာ ဆင်-မြင်း-ရထား-ခြေသည် သူရဲအပေါင်းများကုန်သော၊ ဥစ္စာ စပါး ရွှေငွေ ပေါများသော သိမ်းယူသင့်သော မိန်းမလည်း ပေါများသော နယ်ပယ်ကြီးများ ရှိပါ၏၊ စစ်သည် ဗိုလ်ပါ ရဲမက်အနည်းငယ်မျှဖြင့် အောင်မြင်နိုင်ပါသည်ဟု ဆိုလျှင် သင်မင်းကြီး အသို့ပြုရာသနည်း”
“အသျှင် ထိုနယ်ပယ်တို့ကိုလည်း ကျွန်ုပ် သိမ်းပိုက်စိုးအုပ်နေကုန်အံ့ ”
“မင်းကြီး---မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ လူအပေါင်းသည် အလိုမပြည့် ယုတ်လျက်သာ ရှိ၏၊ မရောင့်ရဲနိုင်၊ တဏှာ၏ကျွန်တည်း-ဟု ဟောတော်မူ၏”ဟု ဆို၏၊
ထို့ပြင် အသျှင်ရဋ္ဌပါလသည် ဤဂါထာများကို ဟောကြားပြန်၏၊
မင်းကြီး-လောက၌ ဥစ္စာရှိသူတို့ကို ငါမြင်ရသည်မှာ မောဟဖက်၍ ရပြီးဥစ္စာကို မလှူရက်ကြသည့်ပြင် လောဘတက်၍ ဥစ္စာသိမ်းဆည်းမှုကိုသာ ပြုကြကုန်၏၊ ကာမဂုဏ်တို့ကို တိုး၍တိုး၍သာ ပြုကြကုန်၏။
မင်းသည်၎င်း အခြား လူအများသည်၎င်း တပ်မက်မှု မကင်းခြင်းဖြင့်သာ သေခြင်းသို့ ရောက်ကြကုန်၏၊ လောက၌ ကာမဂုဏ်တို့ဖြင့် ရောင့်ရဲမှု မရှိသည်သာတည်း၊
အသက်ရှည်မှုကို ဥစ္စာပေး၍ မရနိုင်၊ စည်းစိမ်းပေးသဖြင့်လည်း အိုခြင်းကို မပယ်ဖျောက်နိုင်ကြကုန်၊ ပညာရှိတို့သည် ဤအသက်ကား နည်းငယ်တိုလှ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏ဟု ဆိုကြကုန်၏၊ လူမိုက်သည်ကား တုန်လှုပ်ချောက်ချားကာ သေရာညောင်စောင်း၌ လျောင်းအိပ်ရ၏၊ ပညာရှိသည်သာ သေခြင်းအတွေ့ဖြင့် တွေ့သော်လည်း မတုန်လှုပ်၊
ထို့ကြောင့် ပညာသည်သာ ဥစ္စာထက် မြတ်၏၊ ပညာဖြင့် ကိစ္စအားလုံး ပြီးဆုံးရာ အရဟတ္တဖိုလ်ကို ရနိုင်၏၊ မိုက်မဲတွေဝေသူတို့သည် (ကိစ္စအားလုံး) မပြီးဆုံးသေးသောကြောင့်သာလျှင် ဘဝကြီးငယ်တို့၌ ယုတ်မာမှု အကုသိုလ်ကို ပြုမိကြကုန်၏။
မင်းကြီး-ကာမဂုဏ်ငါးပါးတို့ သည်
ဆန်းကြယ်ကုန်သည်သာတည်း၊ သာယာဖွယ်၊ မွေ့လျော်ဖွယ် ကဲ့သို့ ဖြစ်ကုန်၏၊
အထူးထူးသော သဘောဖြင့် စိတ်ကို မွှေနှောက်တတ်၏၊ ကာမဂုဏ်တို့၌ အပြစ်ကို
မြင်သောကြောင့် ငါသည် ရဟန်းပြု၏၊
မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန် ရာဇဝဂ် ရဋ္ဌပါလသုတ်
“အသျှင်ရဋ္ဌပါလ---အိုမှုဟူသော ပျက်စီးခြင်း၊ နာမှုဟူသော မျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ဆွေမျိုးပျက်စီးခြင်း ဟူသော ပျက်စီးခြင်းလေးပါးနှင့် ပြည့်စုံသောသူ အချို့တို့သည်သာ ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်ဆိုးသော အဝတ်တို့ကို ဝတ်ပြီး လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ကြပါကုန်၏။ ထိုလေးပါးသော ပျက်စီးခြင်းတို့သည် အသျှင်ရဋ္ဌပါလ၌ မရှိကုန်၊ အသျှင်သည် အဘယ်အကျိုးကိုသိ၍ မြင်၍ ကြား၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ပါသနည်း”ဟု လျှောက်၏။
မင်းကြီး---သိတော်မူ မြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရားသည် လေးပါးသောတရားအကျဉ်း တို့ကို ညွှန်ပြတော်မူ၏၊ ငါသည် ယင်းတရားတို့ကို သိ၍ မြင်၍ ကြား၍ ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့၏၊ အဘယ်လေးပါးတို့နည်း ဟူမူ---
မင်းကြီး---အိုခြင်း သေခြင်းသည် လူအပေါင်းကို ဆောင်သောကြောင့် အမြဲမတည်ဟူ၍ လူအပေါင်းသည် ခိုကိုးရာ မရှိ၊ အားထားရာ မရှိဟူ၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာကို စွန့်လွှတ်၍ သွားရ၏-ဟူ၍ လူအပေါင်းတို့သည် အလိုမပြည့်၊ ယုတ်လျော့လျက်သာ ရှိ၏၊ ရောင့်ရဲမှု မရှိ၊ တဏှာ၏ကျွန်တည်း-ဟူ၍ ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရားသည် ညွှန်ပြ၏”ဟုဆိုပြီး
---“နှစ်ဆယ် အစိတ်အရွယ်က သင်မင်းကြီးသည် ဆင်စီး မြင်းစီး ဓားလှံ လေးအတတ်တို့ တတ်မြောက်ပြီး၍ စစ်မြေပြင်၌ ကျင်လည်နိုင်သော အတ္တဘောစွမ်းအား ရှိခဲ့ဖူးသည် မဟုတ်ပါလော၊ ယခု ထိုစွမ်းအား ရှိသေး၏လော” ဟုမေး၏၊
---“အရှင်ရဋ္ဌပါလ၊ မဖြစ်နိုင်တော့ပါ၊ ယခုအခါ အိုမင်းကြီးမြင့်၍ နောက်ဆုံးအရွယ်ရောက်ပါပြီ၊ ရှစ်ဆယ်အရွယ် ရှိပါပြီ”ဟု လျှောက်၏၊
“မင်းကြီး---မြတ်စွာဘုရားသည
“မင်းကြီးသည် သက်သာရာ မရအောင် နာကျင်သော အနာတစုံတခု ဖြစ်ဖူး၏လော”ဟုမေး၏၊
“ဖြစ်ဖူးပါ၏”ဟု လျှောက်၏၊
“သင်မင်းကြီးသည် အဆွေခင်ပွန်း ဆွေမျိုးသားချင်းတို့ကို အမောင်တို့ ငါခံစားရသည့် ဝေဒနာ ပေါ့ပါးသက်သာအောင် သင်တို့သည် ခွဲယူ၍ ခံကြပါကုန်”ဟု ဆို၍ ရပါလတံ့လော”
“အသျှင်ရဋ္ဌပါလ မရနိုင်ပါ”
“မင်းကြီး---မြတ်စွာဘုရားသည
“သင်မင်းကြီးသည် ယခုဘဝ၌ ငါးပါးသော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲသည်ဖြစ်၍ ပြည့်စုံသည်ဖြစ်၍ စံပယ်ခံစားဘိသကဲ့သို့ တမလွန်လောက၌လည်း ထို့အတူသာလျှင်စံပယ်ခံစားရအ
“အသျှင်ရဋ္ဌပါလ-ကျွန်ုပ်မှာ ကံအားလျော်စွာသာ သွားရပါမည်”
“မင်းကြီး မြတ်စွာဘုရားသည် ဤသည်ကို ရည်ရွယ်၍ လူအပေါင်းသည် ကိုယ်ပိုင်ဥစ္စာ မရှိ၊ အလုံးစုံသော ဥစ္စာတို့ကို စွန့်ပစ်ခဲ့၍ တမလွန်လောကသို့ သွားရ၏ဟု ဟောတော်မူ၏။
“မင်းကြီးသည် စည်ပင်ဝပြောသော ကုရုတိုင်းကို စိုးအုပ်၍နေသည် မဟုတ်ပါလော”
“အသျှင် မှန်ပါ၏”
ယုံကြည်သင့်၍ ခိုင်လုံသော စကားရှိသော ယောက်ျားတယောက် တယောက်တို့သည် အရှေ့ အနောက် မြောက် တောင်အရပ်မှ သမုဒ္ဒရာတဖက်ကမ်းမှလာ၍ သင်မင်းကြီးအား ချဉ်းကပ်ပြီး ထိုအရပ်တို့၌ ပြည့်လည်းပြည့်စုံ၍ စည်ပင်ဝပြောကာ ဆင်-မြင်း-ရထား-ခြေသည် သူရဲအပေါင်းများကုန်သော၊ ဥစ္စာ စပါး ရွှေငွေ ပေါများသော သိမ်းယူသင့်သော မိန်းမလည်း ပေါများသော နယ်ပယ်ကြီးများ ရှိပါ၏၊ စစ်သည် ဗိုလ်ပါ ရဲမက်အနည်းငယ်မျှဖြင့် အောင်မြင်နိုင်ပါသည်ဟု ဆိုလျှင် သင်မင်းကြီး အသို့ပြုရာသနည်း”
“အသျှင် ထိုနယ်ပယ်တို့ကိုလည်း ကျွန်ုပ် သိမ်းပိုက်စိုးအုပ်နေကုန်အံ
“မင်းကြီး---မြတ်စွာဘုရားသည
ထို့ပြင် အသျှင်ရဋ္ဌပါလသည် ဤဂါထာများကို ဟောကြားပြန်၏၊
မင်းကြီး-လောက၌ ဥစ္စာရှိသူတို့ကို ငါမြင်ရသည်မှာ မောဟဖက်၍ ရပြီးဥစ္စာကို မလှူရက်ကြသည့်ပြင် လောဘတက်၍ ဥစ္စာသိမ်းဆည်းမှုကိုသာ ပြုကြကုန်၏၊ ကာမဂုဏ်တို့ကို တိုး၍တိုး၍သာ ပြုကြကုန်၏။
မင်းသည်၎င်း အခြား လူအများသည်၎င်း တပ်မက်မှု မကင်းခြင်းဖြင့်သာ သေခြင်းသို့ ရောက်ကြကုန်၏၊ လောက၌ ကာမဂုဏ်တို့ဖြင့် ရောင့်ရဲမှု မရှိသည်သာတည်း၊
အသက်ရှည်မှုကို ဥစ္စာပေး၍ မရနိုင်၊ စည်းစိမ်းပေးသဖြင့်လည်း အိုခြင်းကို မပယ်ဖျောက်နိုင်ကြကုန်၊ ပညာရှိတို့သည် ဤအသက်ကား နည်းငယ်တိုလှ၏၊ ဖောက်ပြန်တတ်သော သဘောရှိ၏ဟု ဆိုကြကုန်၏၊ လူမိုက်သည်ကား တုန်လှုပ်ချောက်ချားကာ သေရာညောင်စောင်း၌ လျောင်းအိပ်ရ၏၊ ပညာရှိသည်သာ သေခြင်းအတွေ့ဖြင့် တွေ့သော်လည်း မတုန်လှုပ်၊
ထို့ကြောင့် ပညာသည်သာ ဥစ္စာထက် မြတ်၏၊ ပညာဖြင့် ကိစ္စအားလုံး ပြီးဆုံးရာ အရဟတ္တဖိုလ်ကို ရနိုင်၏၊ မိုက်မဲတွေဝေသူတို့သည် (ကိစ္စအားလုံး) မပြီးဆုံးသေးသောကြောင့်သာလှ
မင်းကြီး-ကာမဂုဏ်ငါးပါးတို့
မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန် ရာဇဝဂ် ရဋ္ဌပါလသုတ်
Subscribe to:
Posts (Atom)